အသက်ကြီးလာလေ သူလည်းတူတူကြီးလာလေ
ဆီးကြိတ်ကြီးခြင်းသည် အမျိုးသားများအသက်ကြီးလာသည်နှင့်အမျှ ဖြစ်တတ်သော ပုံမှန်သဘာဝဖြစ်စဉ်အခြေအနေတစ်ခုဖြစ်တယ်။
ဆီးကြိတ်ကြီးခြင်းသည်ဆီးအိမ်မှဆီးစီးဆင်းခြင်းကိုပိတ်ဆို့သော ရောဂါလက္ခဏာများအပြင်
ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ဆိုင်ရာပြဿနာများဖြစ်စေနိုင်တယ်။
ရောဂါလက္ခဏာများ
ဆီးကြိတ်ကြီးသူများတွင်
ရောဂါလက္ခဏာများပြင်းထန်မှု မတူကြသော်လည်းအချိန်ကြာလာသည်နှင့်အမျှရောဂါလက္ခဏာများမှာတဖြည်းဖြည်းပိုမိုဆိုးဝါးလာလေ့ရှိတယ်။
ဖြစ်လေ့ရှိသောလက္ခဏာများမှာ
ဆီးသွားရခက်ခြင်း၊
အရေးပေါ်ဆီးသွားရန်လိုအပ်ခြင်း၊
ဆီးမထိန်းထားနိုင်ခြင်း၊
ညဘက် ဆီးခဏခဏသွားရခြင်း၊
အစခက်ခြင်း၊
ဆီးပေါက်ချိန်ကြာခြင်း၊
ဆီးလုံးသေးခြင်း၊
တအားညှစ်ပေါက်ရခြင်း၊
ဆီးကျန်ခြင်း၊
ဆီးသွားပြီး တစ်စက်စက်ထွက်ကျခြင်း တို့ပဲဖြစ်ပါတယ်။
နောက်ဆက်တွဲပြဿနာများအနေနဲ့
ဆီးလုံးဝမပေါက်နိုင်ခြင်း၊
ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
ဆီးအိမ်ကျောက်၊
ဆီးအိမ်ပျက်စီးခြင်း၊
ကျောက်ကပ်ပျက်စီးခြင်း များအထိပါဖြစ်နိုင်တယ်။
——————————————
ဘယ်သူတွေ ဆီးကြိတ်ကြီးဖို့ဖြစ်နိုင်ခြေပိုများသလဲ။
အသက်ကြီးခြင်း၊ အိုမင်းခြင်း
ရောဂါရာဇဝင်
ဆီးကျိတ်ပြဿနာ ရှိသည့်ဖခင်သို့မဟုတ်အစ်ကိုကဲ့သို့သောသွေးသားဆွေမျိုးများရှိလျှင် သင့်မှာလည်း
ဖြစ်နိုင်ခြေပိုများနိုင်တယ်။
ဆီးချိုရောဂါနှင့်နှလုံးရောဂါ
လေ့လာမှုအရ ဆီးချိုရောဂါအပြင်နှလုံးရောဂါနှင့် beta blocker နှလုံးရောဂါအတွက်ဆေး
အသုံးပြုခြင်းသည် ဆီးကြိတ်ကြီးခြင်းဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်တယ်။
လူနေမှုပုံစံ
အဝလွန်ခြင်းသည်ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကို
မြင့်တက်စေပြီး လေ့ကျင့်ခန်းလုပ်ခြင်းသည်
သင်၏အန္တရာယ်ကိုလျှော့ချနိုင်ပါတယ်။
——————————————
ဘယ်အချိန်မှာဆရာဝန်ပြဖို့လိုသလဲ။
သင်ဆီးသွားရခက်သည့်ရောဂါလက္ခဏာများရဲ့
အကြောင်းအရင်းကို ရှာဖွေ
ဖော်ထုတ်ရန် သို့မဟုတ် ဖယ်ထုတ်ရန်
အလွန်အရေးကြီးပါတယ်။
ဆီးနှင့်ပတ်သက်သော ပြဿနာများရှိပါက
ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပါ။
လိုအပ်လျှင်လည်း ချက်ချင်း ဆေးကုသမှုခံယူသင့်ပါကြောင်း ဒီဆောင်းပါးတွင်ဖော်ပြအပ်ပါတယ်။
Dr. Wallace K