fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

ဝူဟန်မြို့က တကျော့ပြန် စိန်ခေါ်သံ(သို့မဟုတ်) တရုတ်ပြည်က ကြောက်စရာ ပြင်းထန်အဆုတ်ရောင်တုပ်ကွေး

29
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/01/2020
in ကျန်းမာရေးသတင်းများ
1 min read
A A

ဝူဟန်မြို့က တကျော့ပြန် စိန်ခေါ်သံ(သို့မဟုတ်) တရုတ်ပြည်က ကြောက်စရာ ပြင်းထန်အဆုတ်ရောင်တုပ်ကွေး

ဟိုးအရင် ၂၀၀၂ ၊ ၂၀၀၃ တုန်းက တရုတ်ပြည်မှာ စတင်တွေ့ရှိ ပျံ့နှံ့ခဲ့တဲ့ ကြောက်စရာ SARS (Severe Acute Respiratory Syndrome) ဆားစ်ရောဂါဆိုတာ အားလုံးကြားဖူးကြမှာပါ။

Corona virus အမျိုးအစား ပြင်းထန်တုပ်ကွေးပိုးဖြစ်ပါတယ်။
လူပေါင်း ၈၀၀၀ လောက် ကူးစက်ခဲ့ပြီး သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်း အထိရှိခဲ့ပါတယ်။

Civet Cat ဆိုတဲ့ ကြောင်မျိုးနွယ်တွေကနေတစ်ဆင့် ဖြစ်ပွားတယ်လို့ ယူဆခဲ့ကြပြီး ဒီ Civet Cat တွေကို မရောင်းချဖို့..မစားသုံးဖို့ တရုတ်အစိုးရက ၂၀၀၄ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။

ဒီနှစ်သစ် ၂၀၂၀မှာတော့  ဒီကြောက်စရာ Corona virus ပိုးဟာ အသွင်သစ်တစ်မျိုးနဲ့ ဘယ်တိရစ္ဆာန်ကနေ စတင်ကူးစက်မှန်းမသိနိုင်သေးဘဲ ပြန်ပေါ်ပေါက်လာပါပြီ။

ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ အလယ်မှာ တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ရဲ့ ပင်လယ်စာနဲ့ တခြားတောရိုင်းတိရစ္ဆာန်တွေပါအရှင်ရောင်းချတဲ့ ဈေးကြီးကနေစတင်ခဲ့တယ်လို့ ယူဆထားကြပါတယ်။
ရောဂါဖြစ်ပွားသူတွေမှာ ဒီဈေးက အလုပ်သမားတွေနဲ့ ဈေးနဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်မှုရှိခဲ့သူတွေကို အများစုတွေ့ရှိခဲ့ရတဲ့အတွက် ၂၀၂၀ ဇန်နဝါရီ ၁ရက်နေ့ကစတင်လို့ ဈေးကိုပိတ်ထားခဲ့ပါတယ်။

တိရစ္ဆာန်ကနေ လူကိုပဲ ကူးစက်မှုရှိတယ်လို့ ကနဦးယူဆချက်တွေမှာတွေ့ရပေမဲ့ ဒီနေ့မှာတော့ လူအချင်းချင်းပါ ကူးစက်နိုင်တယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးသတိထားစရာ အခြေအနေတစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ရောဂါပိုးကူးစက်သူ ရာနဲ့ချီလာခဲ့သလို သေဆုံးမှုတွေလည်း ၄ယောက်အထိရှိခဲ့ပြီလို့ နောက်ဆုံးရသတင်းတွေအရ သိရပါတယ်။
ရောဂါပိုးသယ်ဆောင်ထားသူ အနည်းငယ်ကို ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တောင်ကိုးရီးယားနိုင်ငံတွေမှာ စတင်တွေ့ရှိပြီး ထိန်းသိမ်းကာကွယ်မှုတွေ ပြုလုပ်နေကြရပြီဖြစ်ပါတယ်။
စိုးရိမ်မှုတွေပိုစေတဲ့ အချက်ကတော့ မကြာခင်မှာစတင်တော့မဲ့ တရုတ်နှစ်သစ်ကူးမှာ ခရီးသွားလာမှုနှုန်း မြင့်တက်မဲ့ အချိန်ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးကို ပြန့်နှံ့နိုင်ချေ အန္တရာယ်ပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ ??

– လူနာ ၉၀ ရာခိုင်နှုန်းမှာ ကိုယ်ပူချိန်တက်တာ ဖျားတာ တွေ့ရပါတယ်။
– လူနာ ၈၀ ရာခိုင်နှုန်းမှာ နုန်းခွေတာ..ချောင်းခြောက်ဆိုးတာ တွေ့ရပါတယ်။
– လူနာ ၂၀ ရာခိုင်နှုန်းမှာတော့ အသက်ရှူမဝတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။
– လူနာ ၁၅ ရာခိုင်နှုန်းမှာတော့ အသက်ရှူရခက်ခဲတဲ့ respiratory distress လက္ခဏာတွေပြတာ တွေ့ရပါတယ်။

-ရင်ဘတ်ဓာတ်မှန်မှာ အဆုတ်ရောင်တဲ့ လက္ခဏာတွေ ပြတာတွေ့ရပြီး သွေးစစ်ကြည့်တဲ့အခါမှာ သွေးဖြူဥအရေအတွက်ကျဆင်းမှုရှိတာလည်း တွေ့ရပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ ??

လတ်တလောမှာတော့ ကာကွယ်ဆေးတွေ..ကုသတဲ့ဆေးတွေမရှိသေးတဲ့အတွက် ရောဂါပိုးကူးစက်မခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) က ညွှန်ကြားထားတဲ့ အချက်တွေကတော့

  • လက်ကိုမကြာခဏ စနစ်တကျဆေးကြောဖို့
  • ချောင်းဆိုး၊ နှာချေချိန်မှာ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားဖို့
  • ရောဂါလက္ခဏာပြသူတွေနဲ့ နီးနီးကပ်ကပ်မနေဖို့
    စတာတွေပဲ ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရောဂါပိုးအလွယ်တကူမဝင်နိုင်စေဖို့နဲ့ ကူးစက်ခဲ့ရင်တောင် ခံနိုင်ရည်ရှိဖို့အတွက် ကိုယ်ခံအားကောင်းအောင်နေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် 

  • စောစောအိပ်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ
  • အစာအချိန်မှန်စားပါ၊ အာဟာရမျှတအောင်စားပါ
  • ရေဓာတ်ပြည့်ဝအောင်စားသောက်ပါ
  • စိတ်ဖိစီးမှုလျှော့ပါ
  • အသီးအနှံများများစားပါ
  • လူထူထပ်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပါ
  • နာတာရှည်ရောဂါသည်တွေ ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေကို ပိုဂရုစိုက်ပေးပါ….လို့ အထူးမှာချင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

(၂၁.၁.၂၀)

Previous Post

ခါးပတ်ရေယုံ (Herpes Zoster)

Next Post

အအေးမိခြင်း (Common Cold)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သွေးတွင်းသကြားဓာတ်တည်ငြိမ်စေရန် ထိန်းချုပ်ခြင်း

4 years ago
950

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

ဆီးချိုသွေးချိုရောဂါမဖြစ်ဖို့သတိထားရမယ့် ရှေ့ပြေးဆီးချိုရောဂါ

4 years ago
812

ဒဏ်ရာအနာ ပိုးဝင်ပြည်တည်လျှင်

4 years ago
3.9k

ကြွက်သားနာကျင်နေပြီဆိုလျှင်

4 years ago
2.3k

ကလေးငယ်များအဖျားကျစေရန် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

4 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အအေးမိခြင်း (Common Cold)

သင့်ကလေး ဖုန်း၊ တီဗီ စွဲလမ်းမှုကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ

အထိုင်များခြင်းရဲ့နောက်ကွယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.