ဒီဆောင်းပါးမှာ တော့ တားဆေးထိုးဆေး သောက်ဆေး မသုံးချင်သူ
တဲ့၊သုံးဖို့ အဆင်မပြေတဲ့ လုံမငယ်တို့ အတွက် အဆင်ပြေစေမယ့် နောက်တစ်
နည်းဖြစ်တဲ့ သားအိမ်တွင်း ဟိုမုန်းလ်ပါဝင်ပစ္စည်းထည့်ပြီး သန္ဓေတားတဲ့နည်း
အကြောင်းလေး ပြောပြပါ့မယ် ။
ဟိုမုန်းလ်ပါတဲ့ သားအိမ်တွင်း ထည့်တဲ့ ပစ္စည်းဆိုသည်မှာ ဟိုမုန်းလ်
ဓာတ်ဖြစ်တဲ့ လီဗိုနိုဂျစ်စတရယ်လ် Levonogestrel ပါတဲ့ သေးငယ်သော ကွေးနိုင်
ဆန့်နိုင်သော တီပုံစံ ပလတ်စတစ် ပစ္စည်းကလေးပါ ။ကောင်းမွန်စွာ လေ့ကျင့်ထား
တဲ့ ကျန်းမာရေးလုပ်သားတိုင်း ထည့်ပေးနိုင်တယ် ။ အဓိက ကတော့ မိန်းမကိုယ်
သားအိမ်ထဲကို ပစ္စည်းထည့်ပေးတာပါ ။ပစ္စည်းထည့်ပြီးရင် ကြိုးစလေးတစ်ချောင်း
ကို သားအိမ်ခေါင်းကျော်တယ် ဆိုရုံလေးမှာ တန်းလန်းလေး ချန်ထားရပါတယ်
။တစ်ခါထည့်ထားရင် ၅နှစ်လောက်ထိ ခံပါတယ် ။မရီနာ Marina ဆိုပြီး အသိများပါ
တယ် ။
ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
ဟိုမုန်းလ်ပါတဲ့ သားအိမ်တွင်း ထည့်တဲ့ ပစ္စည်းလေးဟာ သုတ်ပိုး
ကိုရော ၊သားဥကိုပါ သူတို့ ချင်း မပေါင်းစပ်ခင်ကတည်းက ဖျက်ဆီးပေးတယ် ။
ဒါ့အပြင် မတော်လို့ ပေါင်းမိခဲ့ရင်လည်း သန္ဓေတည်ဖို့ သားအိမ်နံရံထဲ လာကပ်တဲ့
အခါ မှာ လည်း တားဆီးပေးတယ် ။ပါဝင်တဲ့ ဟိုမုန်းလ်ဓာတ်ကြောင့်လည်း သားအိမ်
နံရံတွေကို မျိုးအောင် သားဥ လာကပ်လို့ မရအောင် မထူလာအောင် တားထား
ပေးပါတယ် ။
ဘယ်လောက် အာနိသင် ရှိသလဲ ။
သားအိမ်တွင်း ပစ္စည်းထည့်ထားတဲ့ လုံမပျို အယောက်၁၀၀ မှာ
၁ယောက်နီးနီးသာ စသုံးတဲ့ ပထမ တစ်နှစ်မှာ ကိုယ်ဝန်ရနိုင်ခြေရှိတာပါ ။ကျန်တဲ့
၉၉ယောက်သော လုံမတို့သည် ကိုယ်ဝန်မရနိုင်ပါ ။
ဘေးထွက် အာနိသင်များ
-ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ
လာတဲ့ရက်ကြာတာ ၊ရက်စိပ်တာ ၊ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
-ခေါင်းကိုက်တာ
-ခေါင်းမူးတာ
-ရင်သားတင်းရင်းတာ ၊နာတတ်တာ
-ဗိုက်နာတာ အောင့်တာ
-ပျို့ချင် အန်ချင်တာ
-ဝက်ခြံ ရှိသူတွေ သက်သာပေမယ့် ၊မရှိတဲ့သူတွေ ဝက်ခြံထွက်လာနိုင်တယ်
-ကိုယ်အလေးချိန် တိုးလာနိုင်တယ်
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
-ပဋိသန္ဓေကို တားတယ်
-ရာသီလာစဉ် ကိုက်ခဲတာ နည်းစေတယ်
-ပစ္စည်းထုတ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ရဖို့ လွယ်တယ် ။
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ
-မရှိပါ
ပစ္စည်းဘယ်အချိန်ထည့်မလဲ။
-ရာသီ စလာပြီး ၇ရက်အတွင်းထည့်ပါ။
-ရာသီ စလာပြီး ၇ရက်ကျော်မှ ထည့်မည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင်
အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စထည့်ပါ ။ ။ဒါပေမယ့် ကွန်ဒုံး ၇
ရက် သုံးပါ ။
-အကယ်လို့ ရှိ ၊မရှိ မသေချာရင် ရာသီလာတဲ့ရက်ကို စောင့်ပြီးမှထည့်ပါ ။ကွန်ဒုံး သုံးပါ ။
သားအိမ်ထဲ ပစ္စည်းထည့်ခြင်းနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
-ပစ္စည်းထည့်လို့ ရာသီထိန်ခြင်း ၊ရာသီမမှန်တာကိုလည်း ပစ္စည်းကို သားအိမ်
ထဲမှ ထုတ်လိုက်တာနဲ့ ရာသီပြန်ပေါ်နိုင်တယ် ၊ပြန်မှန်နိုင်ပါတယ် ။
-ပစ္စည်းထည့်လို့ လုံမတို့ မြုံသွားခြင်း ၊သားသမီး မရနိုင်တော့ခြင်း မရှိပါ ။
-သားအိမ်ထဲ ထည့်ထားတဲ့ ပစ္စည်းသည် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းများသို့
ရွေ့သွား ၊ရောက်သွားခြင်း မရှိပါ ။
-ကင်ဆာလည်း မဖြစ်စေပါ ။
-မတော်လို့ ကိုယ်ဝန်ရခဲ့ရင်တောင် ကလေးကို မထိခိုက်ပါ ။
-အမျိုးသားနဲ့ အတူနေစဉ် ပိုနာစေတာမျိုး ၊ကသိကအောင့်ဖြစ်စေတာမျိုး မရှိပါ ။
ဆက်ပါဦးမည်………..
Author: ခေတ်သစ် ဇီဝက