fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

အစာကျွေးရခက်တဲ့ကလေးကို ဘယ်လိုစွဲဆောင်ကြမလဲ

171
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတွေကို အစာကျွေးတာ မိဘတွေအတွက် အရေးကြီးတဲ့ နေ့စဉ်အလုပ်တစ်ခုလို့ပြောရင် ဒီအစာကို ငြင်းဖို့ ဂျီကျဖို့ က ကလေးတွေရဲ့ သမိုင်းပေးတာဝန်လို့ပြောလို့ရပါတယ်။

အစာကျွေးရခက်တာမှာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ထမင်း၊ဟင်း ကျွေးရခက်ပြီး မုန့်ပဲသွားရည်စာကိုပဲစားချင်နေတဲ့ ကလေးမျိုးရှိသလို ဘာကျွေးကျွေး မုန့်ကအစ ကောင်းကောင်းမစားချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘာကျွေးကျွေးမစားတဲ့ကလေးတွေမှာတော့ စဉ်းစားစရာက ခုမှဖြစ်တာလား၊ ငယ်ငယ်တည်းက ဒီလိုအလေ့အကျင့်ဖြစ်နေတာလား သိရပါမယ်။ပုံမှန်ကောင်းကောင်းစားနေရင်းက ရုတ်တရက်အစာကျွေးရခက်လာတဲ့ကလေးတွေမှာတော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ခံတွင်းပျက်လာတာ ဟုတ်မဟုတ် မပေါ့လျော့မိဖို့လိုပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ၊ သန်ကောင်ပြဿနာ၊ တီဘီစတဲ့ ရောဂါတစ်ခုခုရှိနေတဲ့ အခါမျိုးမှာ ကလေးတွေ ခံတွင်းပျက်ပြီး အစာကျွေးရခက်လာတတ်ပါတယ်။


ဒီတော့ တခြားရောဂါလက္ခဏာတွေရှိမရှိ၊ ကလေး ကိုယ်အလေးချိန်ကျသွားမသွား သတိထားကြည့်ပြီး လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။

– ဒီတော့ အရေးကြီးဆုံးအချက်ကတော့ မိမိကလေးရဲ့ အစာစားပုံ သဘောသဘာဝကို နားလည်နေဖို့လိုပါတယ်။
ကလေးဘာကြိုက်တယ် ဘာမကြိုက်ဘူးဆိုတာ နားလည်ဖို့လိုပါတယ်။ကလေးတစ်ယောက်ကို အစာစားဖို့ ဇွတ်ဖိအားပေးခြင်းက ကလေးကို ပိုစိတ်ဖိစီးစေပါတယ်။

– နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ မိဘတွေ အနေနဲ့ အစာအာဟာရအုပ်စုတွေအကြောင်းနားလည်နေဖို့လိုပါတယ်။

ဘယ်အစားအသောက်က ဘယ်လိုအာဟာရဓာတ်တွေရှိတယ်ဆိုတာနားလည်ထားတဲ့ မိဘတွေအနေနဲ့ ထမင်းမစားချင်တဲ့ကလေးတစ်ယောက်ကို အလှည့်အပြောင်းဖြစ်အောင် ဂျုံနဲ့ပြုလုပ်ထားတဲ့ ခေါက်ဆွဲ လိုအစားအသောက်မျိုးတွေက ကစီဓာတ်မချို့တဲ့စေဖို့ အကူအညီပေးပါလိမ့်မယ်။

အသားမစားချင်လို့ ငြင်းနေတဲ့ကလေးတစ်ယောက်ကို အသားဓာတ်မချို့တဲ့အောင် ပဲအမျိုးမျိုး၊ နို့ နဲ့နို့ထွက်ပစ္စည်းလို အစားအသောက်တချို့နဲ့ အစားထိုးပေးလိုက်ခြင်းအားဖြင့် ကလေးနဲ့ မိဘကြား တင်းမာမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

– ကလေးတွေကို နားလည်ဖို့လိုတဲ့နောက်တစ်ချက်က လူတစ်ယောက်နဲ့တစ်ယောက်မတူကြသလိုပဲ ကလေးဆိုတာလည်း လူကြီးအသေးစားလေးတွေဖြစ်တဲ့အတွက် သူတို့အကြိုက်နဲ့ သူတို့မကြိုက်တဲ့အချက်တွေကို နားလည်ပြီး ဇွတ်မလုပ်မိဖို့ လူကြီးအာဏာကို အသုံးမချမိဖို့လိုပါတယ်။
လူကြီးမိဘတွေကို ကြောက်လို့ စားလိုက်ရခြင်းထက် သူတို့ကိုယ်တိုင် နှစ်ခြိုက်ပျော်ရွှင်စာစားခြင်းဖြစ်ဖို့လိုပါတယ်။

ကလေးတွေ ပိုစားချင်အောင် ဘယ်လိုဆွဲဆောင်မလဲ

  • ရှင်းပြပါ။
    ငယ်စဉ်ကတည်းက အစားအသောက်တစ်ခုစီရဲ့ နာမည်ကိုသင်ပေးရင်း တစ်ခုစီရဲ့ အာနိသင်နဲ့ ဘာကြောင့်စားရတယ်ဆိုတာ ရှင်းပြပေးပါ။ ဥပမာ – ခရမ်းချဉ်သီးမစားချင်တဲ့ကလေးကို Vitamin C ကြွယ်ဝတယ်..ဒါစားရင်နေမကောင်းမဖြစ်ဘူး၊ အသားအရည်လေးလှလာမယ်ပြောပေးတာမျိုး၊ နို့မသောက်ချင်တဲ့ကလေးကို နို့သောက်ရင် အရပ်ပိုရှည်လာမယ်၊ ပိုဆော့နိုင်မယ်၊ ဉာဏ်ပိုကောင်းလာမယ်ဆိုတာမျိုး ပြောပေးပါ။
    ဒီအတွက် မိဘတွေကိုယ်တိုင်လည်း ပိုကျန်းမာရေးဗဟုသုတရှိအောင် လေ့လာပေးပါ။
  • ချိုချိုသာသာပဲပြောပါ။
    ဖေဖေမေမေက သား/သမီး ဒါစားလိုက်ရင် အရမ်းပျော်သွားမှာ၊ ခုလည်းချစ်တယ် ဒါစားလိုက်ရင် ပိုချစ်လာမှာဆိုတာမျိုး ချစ်ခြင်းမေတ္တာနဲ့ဆက်နွယ်တဲ့ ထမင်းဝိုင်းလေးဖြစ်အောင် ဖန်တီးပါ။
  • မိသားစုဝိုင်းဖွဲ့စားသောက်ပါ။
    တခြားလူတွေစားတာကို မြင်ရင်း ကလေးတွေမှာ ပိုအစာစားချင်စိတ်ဖြစ်လာစေပါတယ်။
  • အပြောင်းအလဲလေးတွေဖန်တီးပေးပါ။
    ထမင်းကို ရိုးရိုးကျွေးမဲ့အစား အရုပ်ပုံလေးတွေဖန်တီးပြီးကျွေးတာမျိုး၊ ကလေးကြိုက် ချစ်စရာပန်းကန်လေးတွေ ခွက်ကလေးတွေ ပြောင်းထည့်ပြီး ကျွေးတာမျိုးကလည်း အစာကျွေးရခက်နေတဲ့ ကလေးတွေအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။
  • ကိုယ်တိုင်စားပါစေ။
    ခွံ့ကျွေးခြင်းကလည်း ကလေးတစ်ယောက်ကို အစားအသောက်ပေါ် ငြီးငွေ့လာစေတဲ့ အချက်တစ်ချက်ထဲမှာ ပါပါတယ်။
    ဇွန်းဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ၊ တူကိုင်နည်း သင်ပေးပြီးဖြစ်စေ ကလေးတွေကို ကိုယ်တိုင်စားသောက်စေခြင်းကလည်း ပိုကြိုးစားချင်စိတ်ဖြစ်စေသလို အစားအသောက်ပေါ် ပိုအာရုံစိုက်လာစေပါတယ်။ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

 

Previous Post

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ ???

Next Post

ဘက်စုံထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်စေချင်ရင် ဒီလိုလေ့ကျင့်ပေးပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘက်စုံထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်စေချင်ရင် ဒီလိုလေ့ကျင့်ပေးပါ

ဂရုစိုက်ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုသင်ပေးကြမလဲ

ကလေးရဲ့ အပြုအမူဆိုးတွေကြောင့် မျက်စောင်းထိုးခံရတဲ့ မိဘတွေမဖြစ်စေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.