fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နေ့စဉ်ကြုံတွေ့နေရသည့် ခရမ်းလွန်ရောင်ခြည်အကြောင်း သိကောင်းစရာများ

184
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လူသားတို့ဟာ နိစ္စဓူဝသွားလာလှုပ်ရှားနေရတာနဲ့အမျှ နေရောင်ခြည်နှင့်ထိတွေ့နေရပါတယ်။ နေရောင်ခြည်ဆိုတာဘာလဲ။နေရောင်ခြည်ဆိုတာဟာ နေကရရှိတဲ့အလင်းတန်းတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်မှာ အပူ ၊ အလင်းနဲ့ ခရမ်းလွန်ရောင်ခြည်တွေပါဝင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဆိုတဲ့နေရာမှာ တစ်ခုပြောချင်တာက ခရမ်းလွန်ရောင်ခြည် ၃ မျိုးရှိပါတယ်။ ခရမ်းလွန်ရောင်ခြည် A ၊ B နဲ့ C တို့ဖြစ်ပါတယ်။ နေကကမ္ဘာကို ဖြတ်သန်းလာတဲ့အခါမှာ အိုဇုန်းလွှာကိုဖြတ်ရပါတယ်။ ၉၀%သော ခရမ်းလွန်ရောင်ခြည်တွေကို အိုဇုန်းလွှာကနေ စုပ်ယူလိုက်ပါတယ်။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည် A ကိုတော့ အနည်းအကျဉ်းသာ စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည် ထဲမှာ ခရမ်းလွန်ရောင်ခြည် A ကအများဆုံးဖြစ်နေတာပါ။ ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုကို လွှမ်းမိုးနေတဲ့အချက်များစွာရှိပါတယ်။

  • အချိန် – နေမြင့်လေလေ ခရမ်းလွန်ရောင်ခြည် ပါဝင်မှု များလေလေဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုတွေဟာ တစ်နေ့တာ အချိန်အတောအတွင်းမှာတောင် ပြောင်းလဲနေပါတယ်။ နွေလတွေမှာဆိုရင် နေ့လည် ၁၂ နာရီခန့်ဟာ ပါဝင်မှုအများဆုံးဖြစ်ပါတယ်။
  • လတ္တီကျူ – အီကွေတာနဲ့ နီးလေလေ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု ပိုများလေလေဖြစ်ပါတယ်။
  • တိမ်ထူထပ်မှု – တိမ်ကင်းစဉ်နေချိန်မှာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု အမြင့်မားဆုံးဖြစ်နိုင်ပါတယ်။ တိမ်ထူထပ်နေတယ်ဆိုရင်တောင်မှ လေထုမှာ ပြန့်နှံနေတဲ့ ရေမှုန်ရေမွှားလေးတွေကတဆင့် ထိတွေ့မှုတွေဖြစ်နိုင်ပါသေးတယ်။
  • ပင်လယ်ပြင်အမြင့်ပေ—တောင်တန်းဒေသတွေမှာ လေထုဖိအားနည်းတာကြောင့် ခရမ်းလွန်ရောင်ခြည် ကိုကာကွယ်နိုင်ချေ ပိုနည်းပါးပါတယ်။ ပင်လယ်ပြင်အမြင့်ပေ ၁၀၀၀ မီတာခန့်မြင့်တိုင်းမှာ ခရမ်းလွန်ရောင်ခြည် ၁၀% ကနေ ၁၂% ထိပိုများလာပါတယ်။
  • အိုဇုန်း—အိုဇုန်းလွှာဟာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကို ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည် တွေကို စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အိုဇုန်းလွှာဟာ အချိန်နဲ့အမျှ ပျက်စီးနေပါတယ်။

 

အိုဇုန်းလွှာပျက်စီးခြင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုးကျိုးများ

အိုဇုန်းလွှာဟာ ခရမ်းလွန်ရောင်ခြည်တွေကို စုပ်ယူပေးတာကြောင့် အိုဇုန်းလွှာပျက်စီးခြင်းဟာ ခရမ်းလွန်ရောင်ခြည် ကြောင့်ဖြစ်တဲ့ကျန်းမာရေးဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ အိုဇုန်းလွှာပျက်စီးခြင်းဟာ လူသားတွေ ၊ သက်ရှိတိရစ္ဆာန်တွေ ၊ ကုန်းနေရေနေသတ္တဝါတွေရဲ့ ကျန်းမာရေးအပေါ်တင်မကဘဲ အပင်တွေအပေါ်မှာတောင် အကျိုးသက်ရောက်မှုရှိပါတယ်။ အိုဇုန်းလွှာရဲ့ ကာကွယ်နိုင်ချေ ၁၀% လောက်လျော့နည်းရုံနဲ့ နှစ်စဉ်ကမ္ဘာပေါ်မှာ အရေပြားကင်ဆာ ၃ သိန်းခန့်နဲ့ ရေတိမ် ၁.၆ သန်းမှ ၁.၇ သန်းထိ ဖြစ်ပွားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အနည်းငယ်ဟာ ဗီတာမင်ဒီထုတ်လုပ်မှုမှာ လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို အရိုးပျော့ရောဂါ ၊ ဆိုရီရေးစစ်ရောဂါ ၊ နှင်းခူရောဂါနဲ့ အသားဝါရောဂါတွေကို ကုသတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့် ဆရာဝန်ညွန်ကြားမှုအောက်မှာ စောင့်ကြည့်ကုသပေးပြီး ဆိုးကျိုးနဲ့ ချင့်ချိန်မှုတွေပြုလုပ်ရပါတယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ ကြာရှည်စွာထိတွေ့ခြင်းဟာ အရေပြား၊ မျက်စိနဲ့ ကိုယ်ခံအားစနစ်တွေအပေါ်မှာ လတ်တလောနဲ့ နာတာရှည်ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ နေလောင်ခြင်းဟာ လူသိအများဆုံး ခရမ်းလွန်ရောင်ခြည်ကြောင့် လတ်တလောဖြစ်ပွားတဲ့ ဆိုးကျိုးတစ်ခုပါပဲ။ ကြာရှည်စွာ ထိတွေ့ခြင်းဖြင့် အရေပြားနဲ့ သွေးကြောတွေကို ပျက်စီးမှုတွေဖြစ်စေတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း နဲ့ ကင်ဆာဖြစ်လာနိုင်ခြင်းတွေထိ ဖြစ်နိုင်ပါတယ်။ ဒါအပြင် မျက်စိကို နီရဲယောင်ရမ်းစေနိုင်ပါတယ်။ ပြင်းထန်လျှင် ရေတိမ်ဖြစ်ခြင်း ၊ အရေပြားကင်ဆာဖြစ်ခြင်းတွေထိတောင် ဖြစ်နိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်း အရေပြားကင်ဆာ (Non-melanoma skin cancer )ဖြစ်ပွားမှုနှုန်း နှစ်စဉ် ၂ သန်းမှ ၃ သန်းခန့်ရှိပြီး လူသန်းပေါင်း ၁၂ သန်းမှ ၁၅ သန်းခန့်ဟာ ရေတိမ်ရောဂါကြောင့် မျက်စိကွယ်ခြင်းကို ခံစားနေရပါတယ်။ WHO ရဲ့ ခန့်မှန်းချက်များအရ ရေတိမ်ရောဂါဟာ နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့ခြင်းကတဆင့် ဖြစ်ပွားမှုနှုန်း ၂၀% ခန့်ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အတွက် ကူးစက်ရောဂါတွေလည်း ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ လူတော်တော်များများ အသိမှားနေတာတစ်ခုက အသားဖြူတဲ့ လူတွေမှာသာ အရေပြားကင်ဆာရောဂါဖြစ်နိုင်လို့ နေရောင်ကာကွယ်ဖို့လိုတယ်လို့ သိထားကြပါတယ်။ ဒါဟာအယူအဆမှားတစ်ခုပါ။ အသားမဲတဲ့သူမှာလည်း ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။ ဒါအပြင် အရေပြားအရောင်နဲ့ မသက်ဆိုင်ဘဲ မျက်စိနဲ့ ကိုယ်ခံအားစနစ်မှာလည်း ဆိုးကျိုးတွေဖြစ်စေတဲ့အတွက် လူတိုင်း ဖြူဖြူမဲမဲ နေရောင်ခြည်ကို ကာကွယ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မနက် ၁၀ နာရီက ညနေ ၄ နာရီကြားက ခရမ်းလွန်ရောင်ခြည်အများဆုံး ဖြစ်တာကြောင့် အဲ့အချိန်မှာ အပြင်ထွက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ မဖြစ်မနေထွက်ရမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တွေ ၊ ဦးထုပ် ၊ ထီး ၊ အကျီၤလက်ရှည် စတဲ့ အကာအကွယ်တွေ ဝတ်ဆင်သင့်ပါတယ်။ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ SPF ပါဝင်မှုများတာတွေကို လိမ်းသင့်ပါတယ်။ လိုအပ်လျှင် ၂ နာရီခြားတစ်ခါ ပြန်လူးပေးသင့်ပါတယ်။ မျက်နှာ ၊ လည်ပင်းနဲ့ မျက်စိကို ကာကွယ်ပေးနိုင်မယ့် Summer Hat လိုမျိုး ဦးထုပ်အကြီးတွေလည်း ဆောင်းသင့်ပါတယ်။

လူသားတိုင်း ဘေးဥပါတ်ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်များမှ ကင်းဝေးစေရန် ဆုမွန်ကောင်းတောင်းရင်း ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါတယ်။

Previous Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၃) သားအိမ်တွင်း ပစ္စည်းထည့်ခြင်း (ဟိုမုန်းလ်ပါဝင် ပစ္စည်းထည့်ခြင်း)

Next Post

ကြာရှည်အနာ စိုးရိမ်စရာလား


Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြာရှည်အနာ စိုးရိမ်စရာလား


ကလေးများ ဓာတ်မတည့်ခြင်း ပြဿနာ

ကမ္ဘာ့ငှက်ဖျားရောဂါနေ့ (World Malaria Day)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.