fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသမီးတွင်ဖြစ်သောလိင်မှကူးစက်ရောဂါများ

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/04/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

တစ်လင်တစ်မယားစနစ်နဲ့ တစ်ဦးနဲ့တစ်ဦးသစ္စာရှိရှိ ပေါင်းဖက်ကြခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ တစ်ဦးဦးကဖောက်ပြန်ပြီး အခြားသူနဲ့လိင်ဆက်ဆံမိမယ်။ အဲဒီသူကရောဂါပိုးရှိနေလျှင် အဲဒီရောဂါကမဖောက် ပြန်ဘဲနေနေတဲ့သူကို ကူးစက်သွားတတ်ပါတယ်။ ဖောက်ပြန်တဲ့ကာယကံရှင်ကတော့ ကိုယ့်အကြောင်းကိုယ် သိလက္ခဏာပြလာပြီဆိုတော့ ဆေးကုသမှုကိုခံယူကြတယ်။ တချို့ကတိတ်တဆိတ် ကြင်ဖက်ကိုအသိမခံဘဲ ကုသမှုခံယူသလို၊ တချို့ကတော့ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုပြီးနှစ်ယောက်စလုံး ကုသမှုခံယူကြပါတယ်။ အဲဒီ လိုတစ်ဖက်ကမသိဘဲ ကုသမှုမခံယူဘဲနောက်ကျခါမှ လိင်မှုဆိုင်ရာရောဂါခံစားပြီး ဆေးကုသမှုခံယူဖြစ်သွား တယ်။ ဒီလိုမျိုးပြဿနာတွေက အမျိုးသမီးတွေမှာအများဆုံး ဖြစ်ကြပါတယ်။ အကဲပိုတာက အမျိုးသားတွေမှာ ပါအများဆုံးတွေ့ရတတ်ပါတယ်။

မေး – အမျိုးသမီးလိင်မှုဆိုင်ရာ ရောဂါတွေနဲ့ပတ်သက်ပြီး ဘယ်လိုလက္ခဏာဝေဒနာတွေဖြစ်တတ်ပါသ လဲ။
ဖြေ – မိန်းမကိုယ်မှအရည်ဆင်းခြင်း၊ ဝမ်းဗိုက်အောက်ဖက်နားတွင် နာကျင်ခြင်း၊ လိင်အင်္ဂါပတ်လည် တွင်အနာဖြစ်ခြင်း၊ အဖုကျိတ်ထွက်ခြင်း၊ မိန်းမကိုယ်နှုတ်ခမ်းနာခြင်းနှင့် ယားယံခြင်းစတာတွေဖြစ်ပါတယ်။

မေး – မိန်းမကိုယ်မှ အရည်ဆင်းခြင်းအကြောင်းလေး ရှင်းပြပေးပါ။
ဖြေ – သဘာဝအလျောက်ဆင်းတာက ဟော်မုန်းလွှမ်းမိုးမှုပေါ်မှာမူတည်ပါတယ်။ အရွယ်ရောက်စဉ်၊ ကိုယ်ဝန်ဆောင်စဉ်၊ သန္ဓေတားဆေးသုံးစွဲစဉ်တွင် အဖြူဆင်းတာဖြစ်တတ်ပါတယ်။ ဆင်းတာရုတ်တရက်ဖြစ် မယ်၊ အရောင်ကအရင်နဲ့မတူဘူး၊ အနံ့ထွက်မယ်ဆိုရင် မိန်းမကိုယ်နှုတ်ခမ်းယားယံမှု ဖြစ်မည်ဆိုရင် ရောဂါပိုး ဝင်လို့ဖြစ်နေတာလို့ ယူဆနိုင်ပါတယ်။
အတော်များများက အဖြူဆင်းတာကလိင်မှ ကူးစက်ရောဂါကြောင့်တော့မဟုတ်ပါဘူး။ Candida မှိုရော ဂါ၊ Bacterial Vaginosis ကြောင့်ဖြစ်ရပါတယ်။ လိင်မှကူးစက်ရောဂါဆိုလျှင် ဂနိုရောဂါ၊ Chlamydia ရောဂါ ကြောင့်ဖြစ်တတ်ပါတယ်။ Herpes ရောဂါဆိုလျှင် ဆင်းတာကများတယ်။ ဆီးသွားလျှင် နာကျင်ခြင်းနှင့် မိန်းမ ကိုယ်နှုတ်ခမ်းသားနာကျင်ခြင်းဖြစ်တတ်ပါတယ်။ ကူးစက်ရောဂါကြောင့်မဟုတ်ဘဲ ဖြစ်တတ်တာက တစ်ခါသုံး ပစ္စည်းကျန်ခဲ့တာ၊ ကင်ဆာနှင့်မိန်းမကိုယ်နှင့် မစင်အိမ်အပေါက်ဖြစ်တာတွေပါပဲ။
မိန်းမကိုယ်ထဲကို ဘဲနှုတ်သီးနဲ့ကြည့်ပြီး ဆင်းတဲ့အရောင်ကြည့်ခြင်း၊ ဆေးထိုးပြီးမိုက်ခရိုစကုပ်ဖြင့်ကြည့် ခြင်း၊ PH တိုင်းခြင်းဖြင့်ရောဂါကို ရှာဖွေရပါတယ်။

မေး – ဝမ်းဗိုက်အောင့် နာကျင်ခြင်းအကြောင်းရှင်းပြပေးပါ။
ဖြေ – ဝမ်းဗိုက်အောက်နာကျင်ခြင်းဖြစ်စေတာက ညှပ်ရိုးကွင်းတွင်းကလီစာတွေ ရောင်ရမ်းပြီးရောဂါဖြစ် ခြင်း၊ မျိုးဥပြွန်ရောဂါပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်းတွေဖြစ်ပါတယ်။ နာကျင်မှုကရုတ်တရက်ဖြစ်မယ်။ လိင်ဆက် ဆံတဲ့အခါနာကျင်မယ်၊ မိန်းမကိုယ်မှအဖြူဆင်းမယ်၊ သို့မဟုတ် သွေးဆင်းခြင်း၊ ဖျားခြင်း၊ မလှုပ်ချင်မကိုင်ချင် ဖြစ်မယ်ဆိုရင် ညှပ်ရိုးကွင်းတွင်းရှိကလီစာ ရောင်ရမ်းခြင်းလို့ယူဆနိုင်ပြီး နာကျင်မှုကဘယ်၊ ညာနှစ်ဖက်ဖြစ်ခြင်း၊ မိန်းမကိုယ်တွင်းမှစမ်းသပ်လျှင် မျိုးဥပြွန်ရောင်ခြင်းကြောင့် နာကျင်ခြင်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရှိ၊မရှိ စစ် ဆေးဖို့လိုပါတယ်။ အကြောင်းကား သန္ဓေပြွန်သန္ဓေတည်တာလည်း ဖြစ်တတ်တဲ့အတွက်ဖြစ်တယ်။
ပဋ္ဋိဇီဝပိုးသတ်ဆေး၊ မက်ထရိုဆေးပြားတွေက PID လို့ခေါ်တဲ့ရောဂါတွေကို ကုသရာမှာသုံးတတ်ပါ တယ်။ ကုသမှုနောက်ကျလျှင် ပြည်တည်ခြင်း၊ သန္ဓေပြွန်တွင်အနာရွတ်ဖြစ်ပါက သန္ဓေပြွန်တွင်သန္ဓေတည်ခြင်း၊ သားသမီးမရနိုင်ခြင်းစတာတွေ ဖြစ်တတ်ပါတယ်။

မေး – မိန်းမကိုယ်အနာဖြစ်ခြင်းအကြောင်း သိလိုပါတယ်။
ဖြေ – အဖြစ်များဆုံးက Herpes ရောဂါဖြစ်ပါတယ်။ မွေးလမ်းကြောင်နှုတ်ခမ်းဝမှာ များစွာသောနာကျင် စေတဲ့အနာတွေဖြစ်မယ်။ ပေါင်ကျိတ်ခိုမယ်၊ ဖျားမယ်၊ မလှုပ်ချင်မကိုင်ချင်ဖြစ်မယ်။ အနာကနေထွက်တဲ့အရည် ကိုယူပြီးပိုးမွေးပြီးသကာလ PCR နည်းနဲ့ဗိုင်းရပ်စ်ပိုးရဲ့ DNA ကိုရှာဖွေရပါတယ်။ အချို့အနာတွေက ကင်ဆာ၊ ဆေးမတည့်တာတွေနဲ့ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

မေး – အကျိတ်ခိုတဲ့အကြောင်းက ဘာလဲ။
ဖြေ – များသောအားဖြင့်တော့ မွေးလမ်းကြောင်းဘေးမှာ ကြွက်နို့ပေါက်တာပါပဲ။ တချို့ကအဆီကျိတ်၊ အရေပြားအသီးစတာတွေ ဖြစ်တတ်ပါတယ်။

မေး – မွေးလမ်းကြောင်းနာတာနဲ့ ယားယံတာအကြောင်းရှင်းပြပေးပါ။
ဖြေ – မှိုရောဂါ၊ အရေပြားရောဂါပိုး၊ Herpes ရောဂါနဲ့တခြားရောဂါတွေကြောင့် ဖြစ်ရပါတယ်။

Author: အေးကမ္ဘာဒေါက်တာချစ် (Vol-8 / No-11) Healthcare Journal

Previous Post

ဖုန်း

Next Post

ဆီးချိုရောဂါနှင့်အလွဲများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
772
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုရောဂါနှင့်အလွဲများ

Nurse Hasehi. S. Pori administers a RTS,S malaria vaccine to Shaffir Saidi,, at the Bagamoyo District Hospital in Tanzania on June 28, 2011. Currently in it’s trial phase RTS,S is the world’s most clinically advanced malaria vaccine candidate, a result of a groundbreaking partnership between leading African research institutions, and Northern academic partners.

ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး စမ်းသပ်မှုကို အာဖရိကတွင် ပြုလုပ်

ကလေးများအာဟာရဖွံ့ဖြိုးရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.