၁၉၀၀ ပြည့်နှစ် ဝန်းကျင်က စပြီး ဘောလုံးအားကစားနည်းနဲ့
လက်ဝှေ့ထိုးအားကစားနည်းကို ကမ္ဘာအနှံ့ လေ့လာ လိုက်စားလာကြပါတယ် ။
ခုခေတ်ဆိုရင်တော့ ဆိုဖွယ်ရာမရှိ ။ပရီးမီးယားလိဂ် ၊လာလီဂါ ၊ဘွန်ဒက်စ်လီဂါ ၊
စီးရီးအေ ၊ဂျေလိဂ် ၊ MNL စသဖြင့် ဘောလုံး လိဂ်ပေါင်းများစွာ လူပေါင်းများစွာ
ပရောဖက်ရှင်နယ်ရော အပျော်တမ်းပါ ဘောလုံးကစားနေကြပါပြီ ။
ထို့အတူလက်ဝှေ့အားကစားနည်းဟာလည်း မြန်မာမှာဆိုရင် ရိုးရာလက်ဝှေ့ ၊ထိုင်းမှာဆိုရင်
မွေထိုင်းလက်ဝှေ့ ၊ကမ္ဘာအနှံ့မှာဆိုရင် ဘောက်ဆင်အားကစားနည်း ၊UFC ၊MMA
စသဖြင့် ကစားနည်းမျိုးစုံအနေနဲ့ လူအများနှစ်ခြိုက်စွာ အားပေးနေကြပါတယ် ။
ဒါကြောင့် ဘောလုံးကို ခေါင်းတိုက်ခြင်းနဲ့ လက်ဝှေ့ထိုးရာတွင်
ခေါင်းကို အထိုးခံရခြင်းဟာ ဘေးဖြစ်စေသလား ဆိုတာ သိဖို့ အရေးကြီးလာပါတယ်
။ဒီနေရာမှာ ဇီဝက အနေနဲ့ နှစ်ပိုင်း ခွဲပြောပါ့မယ် ။တစ်ပိုင်းက လက်ဝှေ့ထိုးသမား
တွေ ဦးခေါင်းကို လက်သီးနဲ့ ကြိမ်ဖန်များစွာ အထိုးခံရက သတိမေ့တတ်တဲ့ ရောဂါ
ဖြစ်တဲ့ Dementia Pugilistica ဒီမန်းရှား ပူဂျီလစ်စတီကာ ဆိုတဲ့ရောဂါကို ခံစားရပါ
တယ် ။လက်သီးနဲ့ ကြိမ်ဖန်များစွာ အထိုးခံလို့ရတဲ့ ဝေဒနာ အစု Punch Drunk
Syndrome ရယ်လို့လည်းခေါ်နိုင်တယ် ။ဆေးပညာအဆိုအရ တော့ နာတာရှည်
ထိခိုက်ဒဏ်ရာဆိုင်ရာ ဦးနှောက်ပျက်စီးတဲ့ရောဂါ Chronic Traumatic Encephal-
Pathy လို့လည်းခေါ်တယ် ။
ဒါဖြင့်ရင် ဘောလုံးအားကစားနည်းမှာ ရော အထက်ပါ ဝေဒနာများ ၊
ခေါင်းထိခိုက်မှုများ ရနိုင်သလားလို့ စိုးရိမ်မိကြမှာပါပဲ ။ဘာကြောင့်လဲဆိုတော့
လမ်းဘေး ၊လမ်းပေါ်၊ ဘောလုံးကွင်းထဲမှာပါ ကျားမ လူငယ်မရွေး အသက်အရွယ်
မရွေး ဆော့ကစားကြတာကိုး ။လေ့လာမှုပေါင်းများစွာ အရတော့ ဘောလုံးကစားရင်
ခေါင်းထိခိုက်မှုဖြစ်သလား ဆိုရင် ဖြစ်တာပေါ့ လို့အဖြေထွက်ပါတယ် ။ဒါပေမယ့်
ခေါင်းထိခိုက်ဒဏ်ရာရမှု အများအပြားသည် အားကစားသမားချင်းထိခိုက်မှုကြောင့်
ပဲ အဖြစ်များပါတယ် ။
တစ်ခါတစ်လေတော့ ဂိုးတိုင်နဲ့ ဆောင့်မိတာမျိုးတွေပေါ့ ။
ဥပမာ ပြောရရင် နာမည်ကြီး ဂိုးသမား ဦးခေါင်းခွံ အက်တာမျိုးဖြစ်ခဲ့တာမျိုးတွေပေါ့ ။
နောက်တစ်ချက်က ဘောလုံးကို ခေါင်းတိုက်ကစားခြင်းက ဦးနှောက်ထိခိုက်ဒဏ်ရာ
ရမှုတို့နဲ့ ဆက်စပ်မှု လုံးဝမရှိပါဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင်
ဘောလုံးတစ်လုံးကို ခေါင်းတိုက်ခြင်းကြောင့် ဦးခေါင်းရဲ့ ရွေ့လျားတဲ့ အရှိန်ဟာ
ဦးနှောက် ဦးခေါင်းဒဏ်ရာ ရလောက်အောင် အရှိန်မပြင်းထန်လို့ပါတဲ့ ။ဒါကြောင့်
ဘောလုံးကို အရူးအမူးစွဲလန်းစွာ ဆော့ကစားသူတွေနဲ့ လက်ဝှေ့ကစားသမားတို့
ဆင်ခြင်နိုင်ဖို့ပါ ။
Author: ခေတ်သစ် ဇီဝက