fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အစာအိမ်နှင့်အူလမ်းကြောင်းမှ အကျိုးပြုဘက်တီးရီးယားလေးများ

226
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဘက်တီးရီးယားလို့ မြင်တာနဲ့ လူတိုင်းဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့အရာလို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ဘက်တီးရီးယားတွေမှာလဲ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယား ပိုးလေးတွေလဲ ရှိကြပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အများဆုံးရှိနေပြီး အူနံရံတွေမှာ တွယ်ကပ်နေထိုင်ကြပါတယ် ။

လေ့လာတွေ့ရှိချက်အရ ဒီပိုးမွှားတွေရဲ့ ပမာဏဟာ လူ့ကိုယ်ခန္ဓာမှာရှိနေတဲ့ ဆဲလ်အရေအတွက်အားလုံးရဲ့ ဆယ်ဆနီးပါး ရှိနေပါတယ်။ အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယား ပိုးမွှားမျိုးစိတ်ပေါင်း၁၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီပိုးမွှားလေးတွေကို Gut flora လို့လွယ်လွယ်ကူကူခေါ်တွင်ကြပါတယ်။

Gut flora လို့ခေါ်တဲ့ အစာအိမ် အူလမ်းကြောင်းထဲက ပိုးမွှား(human gastrointestinal microbata) ‌တွေရဲ့ အရေးပါပုံ

  • Enterohepatic circulation တွင်ပါဝင်ပုံ

ပြင်ပမှ အစာခြေလမ်းကြောင်းသို့ဝင်လာတဲ့ အဆိပ်တောက်ဖြစ်စေတဲ့ဓာတ်တွေဟာ အသည်းထဲမှာဖျက်ဆီးခံရပါတယ်။ ထို့နောက် ‌သည်းခြေရည်မှတစ်ဆင့် အစာခြေလမ်းကြောင်းကနေ ဝမ်းထဲသို့ စွှန့်ပစ်ပေးပါတယ်။ လိုအပ်တဲ့ဓာတ်တွေကိုတော့  သွေးကြောထဲပြန်လည်ပို့ဆောင်ပေးပါတယ်။ Gut flora‌‌ ‌တွေဟာ ဒီ Enterohepatic circulation မှာ ပါဝင်ခြင်းဖြင့်အထောက်အကူပြုပါတယ်။

  • စားသောက်လိုက်တဲ့အမျှင်ဓာတ်တွေကို Short chain fatty acids အဖြစ်ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
  • Gut flora တွေဟာ ဗီတာမင် K၊ ဗီတာမင် B စသည့် အကျိုးပြုဗီတာမင်ဓာတ်တွေကိုလည်း ထုတ်လုပ်ပေးပါတယ်။
  • ဆိုးကျိုးပေးတဲ့ဘက်တီးရီးယားတွေ အစာခြေလမ်းကြောင်းမှတစ်ဆင့် သွေးကြောထဲမရောက်အောင် gut flora‌ တွေက အူနံရံမှာရှိတဲ့ဆဲလ်တွေကို ခိုင်မာအောင်ပြုလုပ်ပေးထားပါတယ်။
  • အကြောင်းတစ်ခုခုကြောင့် gut flora တွေပျက်စီးသွားရင် လူ့ခန္ဓာကိုယ်မှာဖြစ်ပျက်နေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပျက်သုန်းသွားနိုင်ပါတယ်။‌ အစာအိမ်၊ အူလမ်းကြောင်းရောဂါတွေအပြင်၊ နှလုံး‌‌ ရောဂါ၊အာရုံကြောဆိုင်ရာရောဂါနဲ့ အခြားသောရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။
  • အကယ်၍ ပိုးသတ်ဆေးတွေမလိုအပ်ဘဲ သောက်နေမိမယ်ဆိုရင် ပိုးသတ်ဆေးတွေဟာ ဆိုးကျိုးပေးတဲ့ဘက်တီးရီးယားတွေအပေါ် သက်ရောက်မှုရှိတဲ့အပြင် Gut flora တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။အဲ့သည်အချိန်မှာ Gut flora တွေဟာ အူနံရံကဆဲလ်တွေကို ခိုင်မာအောင် ထိန်းထားနိုင်ခြင်းမရှိတော့တဲ့အတွက် အစာအိမ်အူလမ်းကြောင်းထဲမှဘက်တီးရီးယားပိုးတွေ သွေးကြောထဲကိုစိမ့်ထွက်ပြီး ရောဂါတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ Leaky gut syndrome လို့ခေါ်ပါတယ်။
  • ဒါပေမယ့် ဘက်တီးရီးယားတွေ ပြန်လည်ပွားလာအောင် လုပ်ယူလို့ရပါတယ်။
  • ဘက်တီးရီးယားတွေရဲ့ ပါဝင်ဖွဲ့စည်းပုံဟာ ရေမြေအနေအထား၊ လူမျိုး၊ အသက်ပေါ်မှာမူတည်ပြီး တစ်ဦီးနှင့် တစ်ဦီး ကွဲပြားနိုင်ပါတယ်။

 

Gut Flora တွေ ကို ဘယ်လိုမွေးယူလို့ရလဲ?

  • အမျှင်ဓာတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများအား များများစားသုံးပေးခြင်း၊
  • အချဉ်ဖောက်ထားတဲ့ အစားအစာ(fermented foods) ဥပမာ- ဒိန်ချဉ်၊ ချိစ်၊ ကင်ချီ၊ မုန်လာချဉ် စသည့် အစားအစာများကို စားသုံးပေးခြင်း၊
  • Probiotics ကဲ့သို့ အထောက်အကူပြုဓာတ်စာ များကို သောက်သုံးပေးခြင်းဖြင့် gut flora တွေကိုပြန်လည်မွေးယူလို့ရပါတယ်။  ၎င်း probiotics များသည် အစာလမ်းကြောင်းရှိ ပိုးမွှားလေးများ ပျက်စီးသွားခြင်းကြောင့်ဖြစ်ပွားသော ဝမ်းပျက်ခြင်းတွင် များစွာအထောက်အကူပြုပါသည်။ ထို့အပြင် ပိုးသတ်ဆေးတွေမလိုအပ်ဘဲ မကြာခဏသောက်သုံးခြင်းကို ရှောင်ကြဉ်ရပါသည်။

 

 

အချုပ်ဆိုရလျှင် အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားပိုးမွှားတွေသည် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွင်ပါဝင်ခြင်း၊ ဇီဝကမ္မဖြစ်စဥ်များတွင်ပါဝင်ခြင်း၊ ပြင်ပမှ ရောဂါပိုးများ ခန္ဓာကိုယ်အတွင်းရောက်မလာအောင် ကာကွယ်ပေးခြင်း စသည့် အခန်းကဏ္ဍ များတွင် ပါဝင်ခြင်းဖြင့် လူ့ခန္ဓာကိုယ်ကို အကျိုးပြုကြပါသည်။

Author : Dr. Aye Myat

Previous Post

အစာအိမ်ကို ဒုက္ခပေးတဲ့ရောဂါပိုး  Helicobacter pylori

Next Post

စင်္ကာပူနိုင်ငံတွင် ပြည်တွင်း၌ပူးပေါင်းထုတ်လုပ်သော ကိုဗစ် 19 ကာကွယ်ဆေးကို စေတနာ၀န်ထမ်းများအား စမ်းသပ်ထိုးနှံပေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

2 years ago
1.6k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

2 years ago
162
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
857

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
877
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စင်္ကာပူနိုင်ငံတွင် ပြည်တွင်း၌ပူးပေါင်းထုတ်လုပ်သော ကိုဗစ် 19 ကာကွယ်ဆေးကို စေတနာ၀န်ထမ်းများအား စမ်းသပ်ထိုးနှံပေး

ကလေးတစ်ယောက်ရဲ့ အနာဂတ်(သို့မဟုတ်)DHA

ကိုယ့်အားကိုယ်ကိုးတတ်​သော က​လေးများသာ ဖြစ်​စေချင်ပါတယ်...

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.