Fractooligosaccharides ဆိုတဲ့ အာဟာရလေးတစ်မျိုးအကြောင်းကို ပြောပြပါမယ်!
Long chain Fructo-oligosaccharides (Lc FOS) တွေဟာ အပင်ကရတဲ့ သဘာဝသကြားဓာတ်တစ်မျိုးဖြစ်သလို သူတို့ကို fiber အမျိုးအစားအောက်မှာလည်း ထည့်သွင်းထားကြပါတယ်။
LcFOS တွေမှာ မိမိတို့ရဲ့ကလေးတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။
✅ LcFOS တွေက Prebiotic အနေနဲ့ လူသားတွေကို အကျိုးပြုတယ်လို့ အဓိက သိရှိရပါတယ်။ LcFOS တွေကို အူထဲမှာနေထိုင်တဲ့ Lactobacillus, Bifidobacteria အစရှိတဲ့ လူသားအကျိုးပြုပိုးမွှားလေးတွေက အစာအနေနဲ့ စားသုံးပြီး ရှင်သန်တာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အလွန်အထောက်ကူပြုပါတယ်။
ထို့အပြင် bacteriaလေးတွေ LcFOS တွေကို စားသုံးချေဖျက်လိုက်ပြီး Short-chain Fatty Acid (SCFA) တွေကို ပြန်လည်ထုတ်လုပ်ပါတယ်။ အဲ့ဒီ SCFA တွေက အူနံရံတွေကို ထူလာစေခြင်းဖြင့် အန္တရာယ်ရှိတဲ့ ပိုးမွှားတွေ သွေးထဲ ရောက်တာကို ကာကွယ်ပေးတဲ့အတွက် အူလမ်းကြောင်းရဲ့ ခုခံအားစနစ်ကိုလဲ တက်စေပါတယ်။
✅ LcFOS တွေကို ထည့်သွင်းထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကို သောက်သုံးတဲ့ ကလေးတွေမှာဆိုရင် အခြား LcFOS မပါတဲ့ နို့မှုန့်ကို သောက်သုံးတဲ့ ကလေးတွေလို နို့မှုန့်သောက်ပြီး ဝမ်းခဏခဏသွားခြင်းနဲ့ ဝမ်းပျက်ခြင်းတို့ကို မခံစားရစေပါဟု သုတေသီတွေက အဆိုရှိထားပါတယ်။
✅ Calcium စုပ်ယူမှုအားကို ကောင်းစေတဲ့အတွက် ကလေးတွေရဲ့ ကြီးထွားနှုန်းမှာ အထောက်အကူပြုခြင်းနဲ့ အရိုးအဆစ်၊ သွားတို့ကို ကျန်းမာခိုင်ခံ့စေပါတယ်။
✅ fiber အနွယ်ဝင်ဖြစ်တဲ့အတွက် ဝမ်းချုပ်တာ သက်သာစေပြီး ကလေးတွေရဲ့ အစာချေဖျက်နိုင်စွမ်းကိုလဲ ကောင်းစေပါတယ်။
✅ ငယ်ရွယ်တဲ့ ကလေးတွေမှာ LcFOS တွေကို စားသုံးပေးရင် ဓာတ်မတည့်တဲ့ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကြပ်၊ အစာဓာတ်မတည့်ခြင်းနဲ့ အရေပြားအလာ့ဂျစ်ရောဂါတွေကို ကာကွယ်ပေးပါတယ်။
✅ အထက်ပါကောင်းကျိုးတွေအပြင် သဘာဝတရားကပေးတဲ့ ကလေးတွေအတွက် အကောင်းဆုံး အာဟာရစံနမူနာဖြစ်တဲ့ မိခင်နို့မှာလဲ ဒီအာဟာရဓာတ်တွေ အများကြီး ပါဝင်နေပြီး LcFos ရဲ့ ဘေးအန္တရာယ်မဖြစ်စေတဲ့ သဘာဝအချိုဓာတ်ကြောင့် အခုဆိုရင် ကလေးနို့မှုန့်ဖော်မြူလာတွေမှာ Fosတွေကို ထည့်သွင်းထုတ်လုပ်လာကြပြီဖြစ်ပါတယ်။
မိခင်နို့နဲ့ LcFOS ထည့်သွင်းထားတဲ့ နိုမှုန့်တွေအပြင် LcFOS ကို ဘယ်အစားအစာတွေက ရနိုင်သေးလဲ ?
🔸 အများစုကတာ့ ငှက်ပျောသီး၊ အာလူး၊ ပဲပိုးသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကညွတ်၊ ရှားစောင်းလက်ပတ်ကြီး၊ ချီကိုရီအမြစ်နဲ့ ယာကွန်ဥတွေဘဲ ဖြစ်ပါတယ်။
🔸 အပင်တွေအပြင် အစေ့အဆံတွေနဲ့ ဂျုံ၊ ဘာလီတို့မှာလဲ ပါဝင်ပါတယ်။
ကဲ အခုဆို LcFOS ဆိုတဲ့ အာဟာရဓာတ်လေးအကြောင်းလဲ သိပြီဖြစ်သလို ကိုယ်ရဲ့သားသားမီးမီးတွေ သောက်သုံးနေတဲ့ နို့မှုန့်တွေမှာလဲ LcFOS ပါ/မပါ စစ်ဆေးပြီး ဝယ်ယူတိုက်ကျွေးနိုင်ပြီဖြစ်ပါတယ်!