မိဘတွေအနေနဲ့ ရင်နှစ်သည်းချာ ကလေးတွေကို ကျန်းမာပျော်ရွှင်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းစေချင်ကြတာ မိဘတိုင်းရဲ့ဆန္ဒပဲ ဖြစ်ပါတယ်။ ယခုလို ကူးစက်ရောဂါပျံ့ပွှားတဲ့ကာလမှာ ကလေးတွေကို ရောဂါပိုးမွှားအန္တရာယ်က ကာကွယ်ပေးနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ ကိုယ်ခံစွမ်းအားကောင်းတဲ့ အစာအာဟာရတွေ ပုံမှန်ကျွေးဖို့ပဲ ဖြစ်ပါတယ်။
ကလေးအာဟာရပညာရှင်များကတော့ ကလေးရဲ့ကိုယ်ခံစွမ်းအားတက်ဖို့ မွေးစကနေအသက် ၂ နှစ်ထိ မိခင်နို့တိုက်ကျွေးပေးဖို့၊ ၆လမှစ သင့်လျော်သောဖြည့်စွက်စာနှင့် ၂ နှစ်အရွယ်မှစ အသားနှင့်ငါး၊ ပဲအမျိုးမျိုး၊ အသီးအရွက်ကြွယ်ဝတဲ့ အစားအသောက်အုပ်စု စုံလင်စွာကျွေးဖို့၊ ရေများများသောက်ခိုင်းဖို့နဲ့ အသင့်စားအစာတွေ၊ ဆိုဒီယမ်များတဲ့ processed အစာတွေ ရှောင်ဖို့အကြံပြုထားပါတယ်။
ကလေးတွေကို ပရိုတင်းအသားဓါတ် (protein) လုံလောက်စွာကျွေးမှ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာပါ။ ဗီတာမင်စီပါဝင်တဲ့ (citrus fruits) တွေဖြစ်တဲ့ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ခရမ်းချဥ်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီသီး၊ ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်တဲ့ ငါးကြီးဆီ၊ oat အုတ်ဂျုံ အစေ့အဆန်များ၊ ကြက်ဥအနှစ်၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ၊ အဆီများသောငါး၊ တူနာငါး၊ ငါးသေတ္တာငါး၊ ဝက်သား၊ ကြက်သား၊ vitamin A ကြွယ်ဝတဲ့ အစိမ်းရောင်အဝါရောင်ရှိတဲ့ အရွက်၊ အသီးတွေ လုံလောက်အောင် ကျွေးရပါမယ်။
ဇင့်၊ ဆီလီနီယမ်၊ ဖော်လစ်အက်ဆစ် (Zinc,Selenium,Folic acid) ပါဝင်သော အသား၊ အစေ့အဆန် ၊ ချောကလက်၊ ကြက်သား၊ အမဲသား၊ ဝက်သား၊ ကညွတ်၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးကို နေ့စဉ်အစားအစာမှာ ထည့်ကျွေးရပါမယ်။ အပေါ်မှာပြောထားတဲ့ အစားအစာတွေမှာပါဝင်တဲ့ vitamins နဲ့ minerals တွေဟာ ကိုယ်ခံစွမ်းအားကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အစားအစာတွေအနက် ထိပ်ဆုံး၁၀မျိုးကတော့
၁. Alomond အယ်လမွန်စေ့နှင့် almond နို့၊နေကြာစေ့အစေ့အဆန်များ
၂. ဘယ်ရီသီး
၃. ဒိန်ချဉ်
၄. ဆော်လမွန်ငါး
၅. ကြက်ဥ၊ ကြက်စွပ်ပြုတ်
၆. ဘရိုကိုလီ ပန်းပွင့်စိမ်း၊မှို
၇. ဟင်းနုနွယ်
၈. ကန်စွန်းဥ
၉. ကြက်သွန်ဖြူ၊ဂျင်း
၁၀. အုတ်ဂျုံနှင့်ပြုလုပ်ထားသော ပေါင်မုန့်ကဲ့သို့ အစားအစာများ ဖြစ်ပါတယ်။
အခုလိုရောဂါပိုးအတွက် စိုးရိမ်နေရာတဲ့အချိန်မှာ မိဘတွေအနေနဲ့ ကလေးတွေကို အိမ်မှာပဲနေစေပြီး အိပ်ချိန်လုံလောက်အောင် ဂရုပြုပေး၊ ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်စေပြီး၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေကို လုံလောက်စွာကျွေးပြီး ကျန်းမာအောင်စောင့်ရှောက်နိုင်ကြပါစေနော်……..