Covid-19 ရောဂါကာကွယ်ထိန်းချုပ်နေတဲ့ကာလအတွင်းမှာ မိဘတွေအနေနဲ့ Stay at Home အစီအစဉ်အရ အိမ်မှာနေရင်း သားသားမီးမီးတို့ကို အဖော်ပြုပေးနေရတဲ့အချိန်ဖြစ်ပါတယ်။Online class တွေသင်ရင်း၊ ဝါသနာပါတဲ့ activity လေးတွေပေးလုပ်ရင်းနဲ့ တဖက်ကနေ screen time မများအောင်လဲ ဂရုစိုက်ပေးနေရမယ့်အချိန်လဲဖြစ်ပါတယ်။ အသက် ၅နှစ်မှ၁၇ နှစ်အရွယ်ဟာ တစ်နေ့တာအနေနဲ့ နေ့စဉ်တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းများက အကြံပြုကြပါတယ်။
ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတွေကို အိမ်မှာနေရင်း အကျိုးရှိပြီး ကျန်းမာတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်တဲ့သူဖြစ်စေဖို့ ကိုယ်လက်လှုပ်ရှား အားကစားတွေ မဖြစ်မနေဖန်တီးပေးသင့်ပါတယ်။ ဒီလိုဖန်တီးပေးတဲ့အခါမှာ-
1.Get out of room
ကလေးတွေကို အိပ်ခန်းထဲမှာပဲ တနေကုန် TV ကြည့်၊ စာဖတ်တာတွေ မလုပ်စေပဲ အိမ်အတွင်း ဒါမှမဟုတ် အိမ်ခြံဝန်းထဲ လမ်းလျှောက်ခိုင်း ဆော့ကစားခိုင်းတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒီလိုဆော့ကစားခိုင်းတာဟာ ကလေးတွေရဲ့စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့လို့ အမေရိကန် ကလေးကျန်းမာရေးအဖွဲ့အစည်းက ဖော်ပြထားပါတယ်။
2.Age appropriate Exercise
သားသားမီးမီးတို့ ယောက်ျားလေး၊မိန်းကလေး၊ အသက်အရွယ်အလိုက် စိတ်ဝင်စားတဲ့၊ သင့်လျော်တဲ့ လေ့ကျင့်ခန်းအမျိုးအစား၊ အားကစားတွေဟာ ကွာခြားမှုရှိတာဖြစ်တဲ့အတွက် ဖေဖေမေမေတို့အနေနဲ့ သေချာရွေးချယ်ပြီး သင်ပေးပြင်ဆင်ပေးသင့်ပါတယ်။
3.Walk/jog/dance together
လွယ်ကူတဲ့လှုပ်ရှားမှုအနေနဲ့ ဖေဖေမေမေတို့နဲ့အတူ လမ်းလျှောက်ပေးတာ တေးသီချင်းသံ မြူးမြူးကြွကြွလေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်ကခုန်တာတွေလည်း အတူလုပ်လို့ရပါတယ်။
4.Set time
သားသားမီးမီးတို့ကို ကိုယ်လက်လှုပ်ရှားလုပ်ဖို့ သင့်လျော်တဲ့အချိန်တစ်ခုကို သတ်မှတ်ပေးရပါမယ်။ စာသင်ချိန်၊ကစားချိန်ဖယ်ပြီး အချိန်တစ်ခု သတ်မှတ်ပေး၊ သူတို့သဘောကျတဲ့ သီချင်းလေးတွေဖွင့်ပေးပြီး လေ့ကျင့်ခိုင်းလို့ရပါတယ်။ တစ်နေ့တာအတွက် မိနစ်၆၀ခန့် အားကစားလှုပ်ရှားမှုရှိအောင် မနက်သို့ညနေ အချိန်ပိုင်းခြားပြီး အချိန်သတ်မှတ်ပေးသင့်ပါတယ်။
5.Home exercises
နည်းပညာတိုးတက်ထွန်းကားတဲဲ့ အခုလိုခေတ်မှာ သားသားမီးမီးတို့ကို TV, online website, YouTube channel တွေကနေ ကလေးအသက်အရွယ်အလိုက် သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ရှာဖွေပြီးလုပ်ဖို့ ပြင်ဆင်ပေးသင့်ပါတယ်။အချို့ link တွေကိုအောက်မှာဖော်ပြပေးထားပါတယ်
Nike Training Club PE With Joe
6.Relax body and mind
ကိုယ်ခန္ဓာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတစ်ခုအနေနဲ့ လုပ်လို့ရတဲ့ ယောဂ yoga လေ့ကျင့်မှုကိုလည်း TV channel ကရော ၊ Kid Yoga online class အနေနဲ့ Zoom/live သင်ကြားမှု၊ Cosmic Yoga Cosmic Kids Yoga’s YouTube channel The Karma Class စတဲ့ online website များမှလည်း သင်ယူလို့ရနိုင်ပါတယ်။
7.Reward
သားသားမီးမီးတို့ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အမူအကျင့်ကောင်းကို လူကြီးမိဘတွေအနေနဲ့ ချီးကျူးစကားပြောတာ၊ သူတို့သဘောကျတဲ့ ဆုလက်ဆောင်လေးတွေ ပေးတာမျိုး reward ဆုပေးသင့်ပါတယ်။
8.Listen your child
နောက်ဆုံးအရေးကြီးတဲ့ အချက်တစ်ခုကတော့ သားသားမီးမီးတို့အနေနဲ့ တချို့ရက်တွေမှာ ကိုယ်လက်လှုပ်ရှား မလုပ်ချင်တာမျိုးရှိနိုင်တဲ့အတွက် ဖေဖေမေမေတို့အနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကျန်းမာရေး၊ ကြံ့ခိုင်မှုအနေအထား၊ စိတ်ပျော်ရွှင်မှုအခြေအနေကို သေချာဂရုစိုက်ပြီး အတင်းဖိအားပေးလုပ်ခိုင်းတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
အိမ်မှာသားသားမီးမီးရှိတဲ့ မိဘတွေအနေနဲ့ ကလေးတွေအတွက် ကျန်းမာတဲ့နေထိုင်မှု ဘဝပုံစံရအောင် ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်ပြုလုပ်တဲ့ အလေ့အထကောင်းလေးကို ခုလို Stay at home ကာလမှာ အတူတကွပျော်ပျော်ရွှင်ရွှင်လေ့ကျင့်ပေးနိုင်ကြပါစေနော်……