fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သားသားမီးမီးတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးခြင်းနှင့် Covid-19

70
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/10/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, ကိုဗစ်ရောဂါ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ရင်သွေးငယ်တွေဟာ မိဘတွေအတွက် ရင်နှစ်သည်းချာဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်လဲဖြစ်ပါတယ်။ ကျန်းမာသောကလေးငယ်များသည် ကျန်းမာသောလူရွယ်များဖြစ်လာနိုင်ချေများသည်ဟု အဆိုအတိုင်း ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးအလေ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေးခြင်းဟာ မိဘတွေအတွက် အရေးကြီးတဲ့လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

 

ကျန်းမာရေးအလေ့အကျင့်တွေထဲမှာ အခြေခံအကျဆုံးအရာကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့် ပြုလုပ်ပေးခြင်းဟာ ကလေးငယ်တွေကို ရောဂါပိုးအမျိုးမျိုး ကူးစက်ခြင်းမှ ကင်းဝေးစေပြီး ကျန်းမာစေရုံသာမက ကိုယ်စိတ်လန်းဆန်းစေပြီး သားသားမီးမီးတို့အတွက် မိမိကိုယ်ကို ယုံကြည်အားကိုးမှုတွေကို မြင့်တတ်စေပါတယ်။ အထူးသဖြင့် ယခုလို ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေသော Covid-19  ရောဂါ မကူးစက်အောင် ကာကွယ်ခြင်းနည်းလမ်းများထဲတွင်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်တစ်ချို့သည်လဲ အရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

ယေဘုယျသိထားရမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်တွေကတော့ –

  1. လက်ဆေးခြင်း

ကလေးတွေဟာ အမြဲစူးစမ်းနေတတ်ပြီး မိဘတွေအနေနဲ့လဲ အမြဲစောင့်ကြည့်မနေနိုင်ပါဘူး။ ဒါ့ကြောင့် လက်ကနေတစ်ဆင့် ရောဂါပိုးတွေ ကပ်တွယ်ဝင်ရောက်တာကို အထိရောက်ဆုံး တားဆီးပေးနိုင်တဲ့ လက်ဆေးခြင်းအလေ့အထကို မိမိကလေးငယ်တွေကို သင်ကြားပေးထားသင့်ပါတယ်။

ဘယ်အချိန်တွေမှာ လက်ဆေးခိုင်းရမလဲ ?

အဓိကအားဖြင့် အစာမစားခင်နဲ့ အစာစားပြီး၊ အိမ်သာတက်ပြီးတိုင်း၊ တိရိစ္ဆာန်လေးတွေ ဖုန်အညစ်အကြေးတွေနဲ့ ဆော့ကစားပြီးတိုင်း၊ နောက်ပြီး အခုလို Covid ကာလအတွင်းမှာဆိုရင် အပြင်မှပြန်လာပြီးတိုင်း၊ Mask မတပ်ခင်နှင့် တပ်ပြီးတိုင်းနဲ့ နေမကောင်းဖြစ်နေတဲ့သူနဲ့ ထိတွေ့မိပြီးတိုင်းမှာ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးခိုင်းပါ။ (သို့) အနည်းဆုံး Alcohol 60% ပါရှိသောလက်သန့်ဆေးရည်ဖြင့် သန့်စင်ခိုင်းပါ။

လက်ဘယ်လိုဆေးရမလဲ?

“ဖဝါး၊ ဖမိုး၊ လက်ဆစ်ချိုး၊ လက်ကြားလက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ” ဆိုတဲ့ ကဗျာလေးအတိုင်း မှန်ကန်စွာ သင်ကြားပေးပါ။ အနဲဆုံး စက္ကန်း ၂၀ ကြာ ဆေးခိုင်းပါ။ ABCD သီချင်းလေးဆိုရင်း (သို့) Happy Birthday သီချင်း ၂ ခါခန့် ဆိုပြီး ဆေးခိုင်းပါ။

 

  1. 2. ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်း

မိမိရင်သွေးဟာ ၅ နှစ်အရွယ် ရောက်ပြီဆိုလျှင် မိမိဖာသာ နည်းလမ်းတကျ သန့်စင်တတ်စေရန် သင်ကြားပေးနိုင်ပါပြီ။ အဓိကကျတဲ့ ဂျိုင်း၊ ပေါင်ခြံ၊ လည်ပင်းမှစပြီး နောက်ကျော၊ ဒူးခေါင်းနဲ့ ခြေထောက်တို့ကိုပါ ဆပ်ပြာဖြင့် စနစ်တကျ တိုက်ချွတ်သန့်စင်တတ်အောင် သင်ကြားပေးပါ။

ရေကို အနည်းဆုံး တစ်နေ့ ၁ ကြိမ်ခန့် (သို့) အထူးသဖြင့် ယခုလို Covid ကာလအတွင်းမှာ အပြင်မှပြန်လာပြီးတိုင်း ရေချိုးသန့်စင်ခိုင်းပါ။

ခေါင်းလျှော်ရာတွင်လည်း မျက်လုံးထဲ ဆပ်ပြာမဝင်အောင် လျှော်တတ်စေရန် သင်ပေးပါ။ ဗောက်ထခြင်း၊ ဆံပင်အဆီပြန်ခြင်းများကာကွယ်ဖို့အတွက် ခေါင်းကို တစ်ပတ် ၂ ကြိမ်ခန့် လျှော်ခိုင်းပေးပါ။

ရေချိုးသန့်စင်ဖို့ မကြောက်ရွံ့အောင် အားပေးပါ။ ရေချိုးခန်း၊ ရေဇလုံများတွင် မိမိရင်သွေး ကြိုက်နှစ်သက်တဲ့ အရုပ်များ ထားပေးခြင်းအားဖြင့် ရေချိုးသန့်စင်ခြင်းကို စိတ်ပါဝင်စားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

 

  1. လက်သည်းခြေသည်းများ သန့်ရှင်းအောင်ထားခြင်း

ကလေးငယ်တွေရဲ့ လက်သည်းကြားတွေဟာ အညစ်အကြေးနှင့် ရောဂါပိုးမွှားများ ကပ်တွယ်ပေါက်ရောက်နိုင်တဲ့ အဓိကနေရာတွေဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကလေးတွင် လက်သည်းကိုက်တတ်တဲ့အကျင့်ရှိပါက နားလည်အောင် ပြောဆိုပြီး တားမြစ်ပါ။ လက်ဆေးတိုင်း၊ ရေချိုးတိုင်း လက်သည်းကြားတွေကို သေချာတိုက်ချွတ်ခိုင်းပါ။ တစ်ပတ်တစ်ခါ လက်သည်းခြေသည်း ညှပ်ပေးပါ။ အထူးသဖြင့် ရေချိုးပြီးချိန်တွင် လက်သည်းခြေသည်းခွံများဟာ ပျော့ပြောင်းနေတတ်တာကြောင့် ညှပ်ရလွယ်ကူတတ်ပါတယ်။

 

  1. သွားတိုက်ခြင်း

သွားပုံမှန်တိုက်ပေးခြင်းဟာ ခံတွင်းအနံ့အသက်ဆိုးခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်းနှင့် နှလုံးရောဂါတချို့ကိုပါ ကာကွယ်ပေးပါတယ်။ သွားတိုက်ပေးခြင်းကို ပထမဆုံး သွားပေါက်တဲ့အချိန်ကစ၍ လုပ်ပေးနိုင်ပြီး ၃ နှစ်အရွယ်ခန့်တွင် သားသားမီးမီးတို့ကိုယ်တိုင် နည်းစနစ်မှန်မှန် တိုက်ချွတ်တတ်စေရန် သင်ကြားပေးနိုင်ပါတယ်။

သွားကို အနည်းဆုံး မနက်အိပ်ရာထပြီး ၁ ကြိမ်၊ ညအိပ်ရာမဝင် ၁ ကြိမ် တိုက်ခိုင်းပါ။ သွားတစ်ခါတိုက်လျှင် ၂ မိနစ်ခန့် အချိန်ယူသင့်ပါတယ်။ အစပိုင်းအချိန်များတွင် ကလေးငယ် နှစ်သက်တဲ့ ၂ မိနစ်စာ သီချင်းများ ဖွင့်ပြီး လေ့ကျင့်ခိုင်းပါ။

 

  1. 5. Toileting

အိမ်သာများသည် အိမ်တွင် ရောဂါပိုးမွှား အများဆုံး စုဆုံနေတတ်တဲ့နေရာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်သာအသုံးပြုပြီးတိုင်း ရေ၊ တစ်ရှုးစက္ကူတို့နှင့် သေချာသန့်စင်တတ်အောင် သင်ကြားပေးပါ။ အိမ်သာသွားပြီးတိုင်းလဲ လက်ကို စင်ကြယ်အောင် ဆေးခိုင်းပါ။

 

ထိုကဲ့သို့ ယေဘုယျ တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်တွေအပြင် ယခုလိုအချိန်မှာ Covid-19 ကူးစက်ခြင်းကို ကာကွယ်ရန် အလေ့အကျင့်တွေကိုပါ မိမိရင်သွေးငယ်အား လေ့ကျင့်သင်ကြားပေးရပါမယ်။ ထိုအလေ့အကျင့်တွေကတော့ –

  1. Maskတပ်ခြင်း

အပြင်သွားတိုင်း Mask တပ်ရန် အလေ့အကျင့် ပြုလုပ်ပေးပါ။ Mask ကို နည်းလမ်းမှန်မှန် တပ်ရန် ချွတ်ရန် သင်ကြားပြသပေးပါ။ မေးတွင်သိုင်းထားခြင်း၊ ခဏခဏ ချွတ်လိုက်တပ်လိုက်လုပ်ခြင်း၊ Mask အပြင်ဖက်မျက်နှာစာအား ထိတွေ့ခြင်းတို့ မပြုလုပ်အောင် တားမြစ်ပါ။

Mask အတပ်မခံဘဲ ခဏခဏ ဆွဲချွတ်သော ကလေးများ၊ ကျန်းမာရေးအရ Mask အသုံးပြုရန် အဆင်မပြေသော ကလေးများအား Face shield အသုံးပြုရန် တိုက်တွန်းသင်ကြားပေးပါ။

 

  1. နှာစေးချောင်းဆိုးတိုင်း မိမိနှာခေါင်းနှင့် ပါးစပ်တို့ကို တစ်ရှုး (သို့) မိမိ၏တံတောင်ဆစ်ဖြင့် အုပ်ပါ။ အသုံးပြုပြီးသော တစ်ရှုးများကိုလဲ စနစ်တကျ စွန့်ပစ်တတ်စေရန် သင်ကြားပေးပါ။

 

  1. မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မလိုအပ်ဘဲ မထိသင့်ကြောင်း ပြောပြပါ။

 

  1. သူစိမ်းများ၊ နေထိုင်မကောင်းဖြစ်နေသူများနှင့် ခပ်ခွာခွာ နေခိုင်းပါ။

 

  1. အိပ်ရေးဝအောင် အိပ်ခိုင်းပါ။ စောစောအိပ်၊ စောစောထခိုင်းခြင်းသာမက နေ့လည်နေ့ခင်း တရေးတမောအိပ်ခြင်းအလေ့အထကိုပါ ပြုလုပ်ပေးပါ။

 

  1. အစာအာဟာရ မျှတအောင် စားခိုင်းပါ။ အပြင်စားစားသည့်အလေ့အကျင့်များကိုလဲ လျှော့ချပေးပါ။

 

မိဘများအတွက် မိမိရင်သွေးများအား ပြုစုပျိုးထောင်ရာတွင် လိုက်နာသင့်သည့် အချက်များ !

မိမိရင်သွေးငယ်များအား အထက်ပါ အလေ့အကျင့်များကို နေ့ချင်းညချင်း သိနားလည်အောင် သင်ကြားပေး၍ မရပါ။ ကလေးငယ်များအား ပြုစုပျိုးထောင်ရာတွင် စိတ်ရှည်သည်းခံမှုက အရေးကြီးပါတယ်။ မိဘများအနေနဲ့ အောက်ပါအချက်တွေကို လိုက်နာပြီး လွယ်ကူစွာ သင်ကြားပေးနိုင်ပါတယ်။

  • အလေ့အကျင့်ကောင်းများနှင့် အလေ့အကျင့်ဆိုးများ ကွာခြားပုံကို ကလေးငယ်များ အရင်ဆုံး မြင်လာအောင် ရှင်းပြပါ။
  • ဘာကြောင့် အလေ့အကျင့်ကောင်းများကို လိုက်နာသင့်ကြောင်း ရှင်းပြပေးပါ။
  • အကယ်၍ မိမိရင်သွေး အလေ့အကျင့်ကောင်းလေးများကို လိုက်နာလျှင် ချီးမွမ်းပေးပါ။
  • သားသားမီးမီးတို့ အသက်အရွယ်အလိုက် လိုက်နာသင်ယူနိုင်သော အလေ့အကျင့်များဖြင့် စတင်ပါ။
  • ကလေးများဟာ ပတ်ဝန်းကျင်ကို စူးစမ်းတတ်ကြပြီး အတုယူတတ်သောကြောင့် မိမိကိုယ်တိုင် အလေ့အကျင့်ကောင်းများကို ပြုလုပ်ပြပါ။
  • မိမိအား မေးခွန်းများ မေးလာလျှင်လည်း စိတ်ရှည်စွာ ဖြေကြားပေးပါ။
  • သင်ကြားပြသရာတွင် game များဆော့ကစားပေးခြင်း၊ အရုပ်ပုံလေးများနဲ့ ရှင်းပြပေးခြင်းတို့ဖြင့် ကလေးငယ်များ စိတ်ပျော်ရွှင်အောင် သင်ပေးပါ။

 

ယခုဆိုရင် သားသားမီးမီးတို့အတွက် အရေးကြီးပြီး အခြေခံကျသော တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် Covid ကာလအတွင်း လိုက်နာရမယ့် အလေ့အကျင့်များအား သိရှိပြီး ကျန်းမာပျော်ရွှင်တဲ့ ရင်သွေးငယ်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် !

Author – Dr. Aye Chan Moe

Previous Post

လေထိုး၊ လေပွခြင်းရဲ့ အန္တရာယ်

Next Post

Covid-19 ကာလအတွင်း သားသားမီးမီးတို့ကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့ဆိုရင်…

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Covid-19 ကာလအတွင်း သားသားမီးမီးတို့ကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့ဆိုရင်...

ဖုန်း၊ တီဗီအကြည့်များခြင်းနှင့် ကလေးတို့၏ကျန်းမာရေး

သဘာ၀အတိုင်း လှပတဲ့ အသားအရေရရှိရန်အတွက်ဆောင်ရန်ရှောင်ရန်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.