fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

Stay at Home ကာလမှာ ဖုန်း၊ တီဗွီ၊ ကွန်ပျုတာများအကြည့်များလာခြင်းနှင့် ကလေးတို့၏ ကျန်းမာရေး

နည်းပညာတိုးတက်လာတဲ့ ယနေ့ခေတ်မှာ လိုအပ်တဲ့အချက်အလက် ရှာဖွေရေး၊ လုပ်ငန်းဝန်ဆောင်မှု၊ ဖျော်ဖြေရေးကဏ္ဍတွေ ဖွံ့ဖြိုးလာပါတယ်။တဖက်မှာလည်း ပြင်ပလက်တွေ့လောကနဲ့ တဖြေးဖြေးကင်းကွာလာတဲ့ လူတွေပိုများလာကြပါတယ်။ကလေးတွေအတွက် အဖော်ပြုပေးတဲ့နေရာမှာလည်း အရာဝတ္ထုပစ္စည်း အကူအညီတွေကို မိဘတွေက ပိုအသုံးပြုလာကြပါတယ်။ ဒီလိုပစ္စည်းတွေဖြစ်တဲ့ ရုပ်မြင်သံကြား TV၊ ကွန်ပြူတာ၊ Gameစက်၊ ဖုန်း၊ iPad/tablet စတာတွေ သုံးတဲ့အချိန်ကို screen-time လို့ခေါ်ပါတယ်။

ယခုလို stay at home ကာလမှာ အိမ်မှာနေရတဲ့အခါ ကလေးတွေအနေနဲ့ ဖုန်း၊ တီဗွီ၊ ကွန်ပျုတာသုံးတဲ့ Screen time အချိန်များလာပါတယ်။ ဒီလို screen time များခြင်းဟာ ကလေးတွေရဲ့ ကိုယ်ခန္ဓာကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်မှုများစွာ ရှိတာကို တွေ့ရပါတယ်။

အသက်၂နှစ်အောက် ကလေးတွေအတွက် ဖန်သားပြင်ပေါ်က သက်မဲ့ရုပ်ပုံကားချပ်တွေထက် လှုပ်ရှားသက်ဝင်နေတဲ့ ပြင်ပအရာဝတ္ထုပစ္စည်းတွေဟာ ဦးနှောက်ရဲ့သင်ယူမှုကို ပိုပြီးကောင်းမွန်စေပါတယ်။ အသက် ၁နှစ်ခွဲအောက် ကလေးတွေကို video chat မှလွဲပြီး တခြားscreen-time မလုပ်ပေးသင့်ကြောင်း အမေရိကန် ကလေးကျန်းမာရေးအဖွဲ့အစည်းမှ ပြောကြားထားပါတယ်။ အသက်၂နှစ်မှ၄နှစ်ကြား ကလေးတွေကို တနေ့ ၁ နာရီနှင့် အသက် ၁၂ ထိကိုတနေ့ ၁ နာရီမှ ၂ နာရီသာ screen time ပေးသင့်ပါတယ်။ ဆယ်ကျော်သက်များကိုတော့ တစ်နေ့ ၂ နာရီခန့်သာ သတ်မှတ်ပေးသင့်ပါတယ်။

လူကြီးမိဘတွေအနေနဲ့ မိမိတို့ကလေးတွေကို ကောင်းမွန်စိတ်ချရတဲ့ screen time အသုံးပြုချိန် မသတ်မှတ်ပေးနိုင်ရင် အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။

  1. ကိုယ်လက်လှုပ်ရှားအားကစားမှုအားနည်းပြီး အရိုးနဲ့ ကြွက်သားမှု ဖွံ့ဖြိုးမှု နည်းကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုမရှိခြင်း၊အဝလွန်ခြင်းစတဲ့ပြဿနာများပိုကြုံတွေ့ရနိုင်ပါတယ်။

 

2.အစားစားချိန် မမှန်ခြင်း၊ အသင့်စားအစားအစာများ ပိုမိုစားသုံးနိုင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးနှင့် အစာအိမ်ရောဂါ ရနိုင်ခြင်းပိုရှိပါတယ်။

 

3.ဖန်သားပြင်ကြည့်ရှုခြင်း (screen time) ဟာ မျက်လုံးကို အပြာရောင်အလင်းတန်း တိုက်ရိုက်ထိတွေ့မှုကြောင့် မျက်တောင်ခတ်နည်းခြင်း၊ မျက်လုံးခြောက်သွေ့ခြင်း၊ မျက်လုံးညောင်းညာပင်ပန်းခြင်းတို့မှစကာ အနီးမှုန်ခြင်း၊ အဝေးရှိ အရာဝတ္ထုများကို အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ အမြင်မှုန်ဝါးခြင်းနှင့် မျက်ကြည်လွှာထိခိုက်ခြင်းအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့screentime အတွက် (20-20-20rule ) မိနစ်၂၀ခန့် TV/ကွန်ပျူတာ/ဖုန်းအသုံးပြုပြီးတိုင်း ပေ၂၀အကွာအဝေးခန့်မှ အစိမ်းရောင် အရာဝတ္ထုတစ်ခုခုကို စက္ကန့်၂၀ခန့်ကြည့်ပေးပြီး မျက်လုံးကိုအနားပေးတဲ့ သတိပေးချက်လေး လုပ်ထားပေးသင့်ပါတယ်။

 

  1. ညဖက်တွင်ကွန်ပျူတာ၊ဖုန်းအသုံးပြုမှုကြောင့် screen မှထွက်တဲ့အလင်းရောင်သည်ခန္ဓာကိုယ်ရဲ့ဇီဝနာရီလုပ်ဆောင်ချက်ကိုပြောင်းလဲစေတဲ့အတွက်ပုံမှန်အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပြီးအိပ်မပျော်ခြင်းစတဲ့ကျန်းမာရေးထိခိုက်မှုတွေရနိုင်ပါတယ်။

 

  1. စိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့မိသားစုသူငယ်ချင်းများနှင့်အချိန်ပေးခြင်းနည်းလာသည့်အတွက်အထီးကျန်ခြင်း၊ဝမ်းနည်းဒေါသထွက်လွယ်ခြင်း၊စိတ်ဖိစီးပူပန်မှုများခြင်း၊ကြောက်လန့်လွယ်ခြင်း၊ပင်ပန်းမှုများအလွယ်တကူခံစားရခြင်းများဖြစ်ပေါ်နိုင်ကာ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

 

 

  1. ကလေးတွေရဲ့ဦးနှောက်ဖွံဖြိုးမှုအပေါ်မှာ screen time များခြင်းဟာမကောင်းတဲ့သက်ရောက်မှုများစွာရှိပါယတယ်။အာရုံကြောဆဲလ်များကိုထိခိုက်စေခြင်းကြောင့်ဘာသာစကားသင်ယူနိုင်မှု၊တွေးခေါ်နိုင်မှု၊မှတ်ဉာဏ်စွမ်းရည်စသည့်စစ်ဆေးမှုများတွင်ထိခိုက်မှုများရှိနိုင်ပြီး ပညာရေးထိခိုက်ခြင်းအထိဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ ဖေဖေမေမေတို့အနေနဲ့

Stay at Home ကာလမှာ ဖုန်း၊ တီဗွီ၊ ကွန်ပျုတာများ အကြည့်များလာတာနဲ့အမျှ သားသားမီးမီးတို့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေရရှိနိုင်တာကြောင့် healthy and safe screen time ကို သတ်မှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါတယ်နော်…….

 

Author : Dr.Mon

 

 

ဆက်စပ် ဆောင်းပါးများ