fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

နေ့စဉ် ဗီတာမင် စီ စားသုံးခြင်းက ဘာလို့ ကိုယ်ခံအားစနစ်ကို တိုးတက်စေတာလဲ

98
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/10/2020
in ကျန်းမာစေသော အစားအစာ
3 min read
A A

Ascorbic acid ဟု လူသိများသော ရေတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်တစ်မျိုးဖြစ်သည့် ဗီတာမင် စီ သည် ခန္ဓာကိုယ်၏ ခုခံအား စနစ်ကို ထောက်ပံ့ပေးသည့်နေရာတွင် အဓိက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

သုတေသန လေ့လာတွေ့ရှိချက်များအရ ဗီတာမင် စီ သည် ခန္ဓာကိုယ် တစ်ခုလုံးတွင်ရှိသော တစ်ရှူးများ ကြီးထွားခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းတို့ အတွက် မရှိမဖြစ် အရေးပါလှပါသည်။

အနာကောင်းစွာကျက်ရန်အတွက် အရေးပါသကဲ့သို့ ခန္ဓာကိုယ်ရှိ အရိုးများ၊ သွားများ၊ အရိုးနုများနှင့် အရေပြားများ ကျန်းမာကြံ့ခိုင်ရေးနှင့် ပြုပြင်ပြင်ဆင်ရေးတို့အတွက် အကူအညီ များစွာပေးပါသည်။

 Antioxidant တစ်မျိုးဖြစ်သော ဗီတာမင် စီ သည် ခန္ဓာကိုယ်အတွင်းမှ free Radicals များကို တိုက်ခိုက်ပေးသောကြောင့် အသက်အရွယ်ကြီးရင့်မှုနှင့်အတူ ဖြစ်ပေါ်လာတတ်သည့် ကင်ဆာရောဂါများ၊ နှလုံးရောဂါများ ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

ထို့အပြင် အရိုးအဆစ်ရောင်ရမ်းသော ရောဂါများတွင်လည်း အရိုးနုများ ပျက်စီးဆုံးရှုံးခြင်းကိုလည်း ဗီတာမင် စီ က လျှော့ချ ပေးနိုင်ပါသည်။

အအေးမိ၊ နှာစီးရောဂါများကိုလည်း ဗီတာမင် စီက လျင်မြန်စွာ ပျောက်ကင်းစေရန် အကူအညီပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

သို့သော် ဗီတာမင် စီ ကို ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် နေ့စဉ်စားသုံးသော အစားအစာများထဲမှ ဗီတာမင် စီ ကိုရယူရပေသည်။

နေ့စဉ်စားသုံးသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များတွင် ဗီတာမင် စီ ပါဝင်လေ့ရှိပါသည်။

–        အချဉ် အရသာရှိသော အသီးအနှံများ

–        ခရမ်းချဉ်သီး

–        အာလူး

–        စတော်ဘယ်ရီ

–        ငရုတ်ပွအစိမ်းနှင့် ငရုတ်ပွအနီ

–        ဘရိုကိုလီ

–        ကီဝီသီး အစရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် ဗီတာမင် စီ ပါဝင်လေ့ရှိပါသည်။

ထိုဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို အစိမ်းစား၍သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားသောက်နိုင်ပါသည်။

ဤနေရာတွင် သတိပြုရမည့် အချက်မှာ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များသည် အပူနှင့်ထိတွေ့မိလျှင်သော်လည်းကောင်း၊ ကာလရှည်ကြာစွာ သိမ်းဆည်းထားလျှင်သော်လည်းကောင်း ဗီတာမင် စီ ပမာဏ လျော့ကျသွားတက်ပါသည်။

ထို့ကြောင့် အာဟာရဓာတ်များ ပျက်စီးဆုံးရှုံး လျော့ကျမှု နည်းပါးစေရန်အတွက် တက်နိုင်သလောက် လတ်ဆတ်သော အသီးအနှံများကို ဝယ်ယူလာပြီးသည်နှင့် စားခြင်း၊ ကြာရှည်စွာမချက်ပြုတ်ဘဲ ခဏတစ်ဖြုတ်သာ ချက်ပြုတ်ခြင်း တို့ကို ပြုလုပ်သင့်ပါသည်။

ထို့အပြင် ဗီတာမင် စီ သည် ပဲ၊ ဟင်းနုနွယ်၊ ကွီနို ကဲ့သို့သော ဟင်းသီးဟင်းရွက် အစားအစာများမှ ရရှိသည့် သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စေရန် အကူအညီ ပေးပါသည်။

ထို့ကြောင့် သက်သတ်လွတ်သမားများအတွက် များစွာ အကျိုးရှိစေပါသည်။ ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးရရှိစေရန်အတွက် ဗီတာမင် စီ ကြွယ်ဝ သောအစားအစာများကို သံဓာတ်ကြွယ်ဝသော အစားအစာများနှင့် တွဲဖက်ကာ စားသုံးသင့်ပါကြောင်း အကြံပြုလိုက်ပါသည်။

 

Author : Dr. CK

 

Previous Post

ကလေးငယ်များဖျားနာချိန် ဘယ်လိုဂရုစိုက်ရမလဲ

Next Post

အရေပြားအကြောပြတ်ခြင်းကို ပျောက်ကင်းစေသည့် သဘာဝနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
462
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
209
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
385
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
393
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
448
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
328

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားအကြောပြတ်ခြင်းကို ပျောက်ကင်းစေသည့် သဘာဝနည်းလမ်းများ

ကလေးများသွားကိုက်ခြင်းနှင့် ပတ်သက်၍

စိုးရိမ်မှုလွန်ကဲခြင်းကို လျော့ပါးသက်သာစေတဲ့ သဘာဝနည်းလမ်းများ အပိုင်း(၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.