fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် DHA  ရဲ့ အကျိုးသက်ရောက်မှုများ။

63
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/11/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတို့၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုသည် မွေးဖွားပြီးသည့်အချိန်တွင် လျင်မြန်စွာ တိုးတက်လာလေ့ရှိပါသည်။

လေ့လာတွေ့ရှိချက်များအရ အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက်၏ ဦးနှောက်အရွယ်အစားသည် လူကြီးတစ်ယောက်ဦးနှောက်အရွယ်အစား၏ ၃၀% ခန့် ရှိနေပြီဖြစ်ပါသည်။ အသက် ၃ နှစ်အရွယ်တွင် ၈၀% ခန့်၊ အသက် ၅ နှစ် အရွယ်တွင် ၉၀% ခန့် ရောက်ရှိကြီးထွားလာလေ့ ရှိပါသည်။

ထို့ကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု အများဆုံးအချိန်ဖြစ်သည့် ကလေးများငယ်ရွယ်စဉ်ကာလတွင် အာဟာရဓါတ်ပြည့်၀စေရန် ဂရုပြု ကျွေးမွေးစောင့်ရှောက်ရမည် ဖြစ်ပါသည်။

ဦးနှောက်တွင်ရှိသော Omega-3 Fatty Acids  များ၏ ၉၀% ကျော်အထိ ပါဝင်ဖွဲ့စည်းထားသည့် DHA သည် ကလေးများ၏ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။

DHA သည် အာရုံကြောဆဲလ်များ၏ အမြှေးပါးများပေါ်တွင် အဓိကတည်ရှိပါသည်။ ထို့ကြောင့် DHA ပြည့်စုံလုံလောက်စွာရရှိပါက အာရုံကြောဆဲလ်များတွင် အာရုံကြောဆိုင်ရာ သတင်းပေးပို့ချက်များ ထုတ်လွှတ်ခြင်းနှင့် လက်ခံရယူခြင်း တစ်နည်းအားဖြင့် အာရုံကြောဆဲလ်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုသည် ပိုမိုလွယ်ကူလာပါတော့သည်။

ဆန့်ကျင်ဘက်အားဖြင့် DHA ပမာဏ နည်းပါးခြင်းသည် အာရုံကြောဆဲလ်များ သတင်းပေးပို့ခြင်းများကို နှေးကွေးသွားစေပါသည်။ ထို့အပြင် အာရုံကြောဆဲလ်အသစ်များ ထပ်မံဖြစ်ပေါ်ခြင်းကိုလည်း နည်းပါးသွားစေသည့်အတွက်ကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ချို့တဲ့ခြင်းနှင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားခြင်းတို့ကိုဖြစ်ပေါ်လာစေပါသည်။

လေ့လာတွေ့ရှိချက်များအရ DHA အာဟာရဓါတ်များကောင်းစွာရရှိသော ကလေးတစ်ယောက်သည်

  • စဉ်းစားတွေးခေါ်မှုဆိုင်ရာ
  • မှတ်ဉာဏ်ဆိုင်ရာ
  • ဘာသာစကားသင်ယူမှုဆိုင်ရာ
  • လှုပ်ရှားမှုဆိုင်ရာနှင့်
  • အမူအကျင့်ဆိုင်ရာ အရည်အသွေးများတွင် ကောင်းစွာဖွံ့ဖြိုးတိုးတက်ကြောင်း တွေ့ရှိရပါသည်။

 

ADHD ရောဂါ

ADHD ဟုလူသိများသော Attention Deficit Hyperactivity Disorder သည် ကြာရှည်စွာ အာရုံမစူးစိုက်နိုင်ခြင်း၊ အလွန်အမင်း တက်ကြွကာဂနာမငြိမ်ဖြစ်နေခြင်း၊ ပြောဆိုခိုင်းစေမှုများကို လိုက်နာ မလုပ်ဆောင်နိုင်ခြင်းနှင့် ရည်ရွယ်ချက်မရှိဘဲ စိတ်လိုက်မာန်ပါ လျှပ်တစ်ပြက် ပြုမူတတ်ခြင်း စသည့် လက္ခဏာများဖြစ်ပွားလေ့ရှိသည့် အပြုအမှုဆိုင်ရာ မူမမှန်ခြင်းရောဂါတစ်မျိုးဖြစ်ပါသည်။

ADHD ရောဂါ ခံစားနေရသော ကလေးများ၏ သွေးကို စစ်ဆေးကြည့်သောအခါ DHA (Omega-3 fatty acids) ပမာဏနည်းပါးနေတတ်ကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် DHA (Omega-3 fatty acids) ဖြည့်စွက်အာဟာရများကို တိုက်ကျွေးခြင်းအားဖြင့်လည်း ADHD ရောဂါလက္ခဏာများကို လျော့နည်းစေသည့်အပြင် စတင် ဖြစ်ပေါ်ခံစားရနိုင်သည့်အလားအလာများကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

Omega -3 ဖြည့်စွက်အာဟာရများသည် ADHA ရောဂါကုသရန်နှင့် ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် မကြာသေးမီနှစ်ပိုင်းများကပြုလုပ်သော သုတေသနများအရ လက်ခံထားကြပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

DHA  က ကလေးများရဲ့ နှလုံးကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်သလဲ။

Next Post

ကလေးများ၏ အာရုံကြောစနစ်နှင့် DHA ၏အရေးပါပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
279

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
344

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
884

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
696

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများ၏ အာရုံကြောစနစ်နှင့် DHA ၏အရေးပါပုံ

DHA ချို့တဲ့ခဲ့မယ်ဆိုလျှင်

DHA ကြွယ်ဝသော အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.