fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

DHA က ကလေးများ၏ အမြင်အာရုံကို ဘယ်လိုအကျိုးပြုသလဲ 

42
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/11/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မျက်လုံးကျန်းမာရေးသည် လူ့ခန္ဓာကိုယ်တွင် လွန်စွာမှ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။

ထို့ကြောင့် မျက်လုံးကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် အစားအသောက်များကို စားသောက်ခြင်းနှင့် မျက်လုံးကျန်းမာရေးကို အန္တရာယ်ဖြစ်စေမည့် အပြုအမူများကို ဂရုပြုရှောင်ရှားခြင်းသည် မဖြစ်မနေ လုပ်ဆောင်သင့်သည့် အရာများဖြစ်ပါသည်။

မျက်လုံးကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ်များတွင် Lutein၊ Zeaxanthin ၊ ဗီတာမင် A ၊ ဗီတာမင် C၊ ဗီတာမင် E နှင့် ဇင့်ဓာတ်များ အပါအဝင် Omega-3 Fatty Acids (DHA) သည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

Omega-3 Fatty Acids သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးမြှင့်ပေးခြင်း၊ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေခြင်းနှင့် အခြားသော အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းများနှင့်စနစ်များအတွက် မရှိမဖြစ်လိုအပ်သကဲ့သို့ မျက်လုံးကျန်းမာရေးတွင်လည်း လွန်စွာမှအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

DHA သည် မိခင်၏ ဝမ်းဗိုက်အတွင်းတွင် သန္ဓေသားအဖြစ်နှင့် နေစဉ်ကာလမှစတင်ကာ မွေးဖွားပြီးနောက် ကလေးများကြီးထွားဖွံ့ဖြိုးမှုဖြစ်ပေါ်နေစဉ်ကာလတစ်လျှောက်လုံးတွင် ဦးနှောက်နှင့် မျက်လုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများအတွက် မရှိမဖြစ်လိုအပ်ကြောင်း သက်သေပြုလက်ခံထားကြပါသည်။

American Optometric Association ၏ အဆိုအရ DHA သည် မျက်လုံးတွင် အလင်းနှင့် ပုံရိပ်ဆိုင်ရာ အချက်အလက်များကို လက်ခံသည့်အစိတ်အပိုင်းတစ်ခုဖြစ်သော မြင်လွှာပေါ်တွင် ပမာဏအများဆုံး တည်ရှိနေကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် ဦးနှောက်သို့ မျက်လုံးမှ အာရုံကြောဆိုင်ရာ သတင်းပေးပို့ချက်များ ပေးပို့သည့် အရေးပါသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင်လည်း အကူအညီပေးကြောင်း တွေ့ရှိရပါသည်။

သို့သော် ခန္ဓာကိုယ်မှ DHA ကို ပမာဏလုံလောက်အောင် မထုတ်လုပ်နိုင်ပါ။ ထို့ကြောင့် လုံလောက်သော DHA ပမာဏကို ရရှိရန် အစားအစာများနှင့် ဖြည့်စွက်အာဟာရများကို ကလေးများအား ကျွေးမွေးပေးရန် လိုအပ်ပါသည်။

သုတေသနလေ့လာတွေ့ရှိချက်များအရ အစားအစာများမှ DHA လုံလောက်စွာ မရရှိခဲ့လျှင် ခန္ဓာကိုယ်တွင် အခြားသောဆိုးကျိုးများနှင့် ချို့တဲ့မှုများဖြစ်ပေါ်သည့်အပြင် အမြင်အာရုံပိုင်းဆိုင်ရာတွင်လည်း ချို့တဲ့မှုများ ဖြစ်ပေါ်ခံစားရခြင်းနှင့် မြင်လွှာပျက်စီးခြင်းများ ဖြစ်ပေါ်ခံစားရကြောင်းတွေ့ရှိရပါသည်။

သို့သော် DHA ကြွယ်၀သော အစားအစာအများစုသည် ကလေးများ နှစ်သက်ကာ လိုလိုလားလား စားသောက်လေ့မရှိသည့် အစားအစာများ ဖြစ်နေခြင်းကတော့ ဖေဖေ၊ မေမေတို့အတွက် ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်နေတတ်ပါသည်။

 

DHA ကြွယ်၀သော အစားအစာများ

DHA ကို အောက်ပါအစားအစာများတွင် ကြွယ်၀စွာ တွေ့ရှိရပါသည်။

  • Mackerel ငါး
  • Salmon ငါး
  • Seabass ငါး
  • ကမာ၊ ယောက်သွား
  • Sardines ငါး
  • ပုဇွန်
  • Trout ငါး
  • ပင်လယ်ရေညှိ စသည်တို့တွင် DHA ကို ကြွယ်၀စွာ တွေ့ရှိရပါသည်။

 

ထို့ကြောင့် ကလေးများ၏ အမြင်အာရုံအပါအဝင် ခန္ဓာကိုယ်အတွက် များစွာကောင်းကျိုးပြုသော DHA ကို မချို့တဲ့အောင် အစားအစာများ၊ အခြားဖြည့်စွက်အာဟာရများကို ကျွေးမွေးခြင်းအားဖြင့် ထူးချွန်ထက်မြက်သော ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ကြပါစို့ခင်ဗျာ။

Author: Dr. Kyi

Previous Post

ကလေးများနှစ်ခြိုက်စွာအိပ်စက်ခြင်းနှင့် DHA

Next Post

ကလေးများစိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် DHA

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများစိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် DHA

ဦးနှောက်၏ စွမ်းဆောင်ရည်နှင့် DHA

ဟင်းနုနွယ်ရွက်အကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.