fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများစိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် DHA

165
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/11/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

စိတ်ပိုင်းဆိုင်ရာ ပြဿနာများသည် ကလေးများမကြာခဏကြုံတွေ့ရလေ့ရှိသော ကျန်းမာရေးဆိုင်ရာ ပြဿနာများထဲမှ တစ်ခုဖြစ်ပါသည်။

စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ကျခြင်း စသည့်စိတ်ပိုင်းဆိုင်ရာပြဿနာများကို စနစ်တကျနည်းလမ်းမှန်စွာဖြင့် ကုသမှုပေးခဲ့ပါက ပျောက်ကင်းနိုင်သကဲ့သို့၊ ကောင်းမွန်သော ကုသမှုများမပေးနိုင်ခဲ့ပါက နောက်ဆက်တွဲပြဿနာအများအပြား ဖြစ်ပေါ်လာနိုင်ပါသည်။

ထိုသို့သော ကလေးများ၏ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်သည့်နည်းလမ်းများစွာရှိပါသည်။

ထိုနည်းလမ်းများထဲတွင် ဖြည့်စွက်အာဟာရများဖြင့် ကုသခြင်းနည်းလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ကလေးများ၏ စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်စေရန် အကူအညီပေးနိုင်သော အာဟာရဓါတ်များနှင့် အစားအစာများစွာရှိပါသည်။ ထိုအထဲတွင် Omega-3 Fatty Acids (DHA) သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

Omega-3 Fatty Acids (DHA) များသည် ကလေးများကို ကြီးထွားဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါသည်။

မကြာသေးမီနှစ်ပိုင်းများကပြုလုပ်သော လေ့လာတွေ့ရှိချက်များအရ Omega-3 Fatty Acids များချို့တဲ့ခြင်းသည် စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန်ကဲသည့်ရောဂါနှင့် ADHD ရောဂါများနှင့် ဆက်စပ်မှုရှိနေကြောင်း တွေ့ရှိရပါသည်။

ကလေးများ စိတ်ပူပန်မှုလွန်ကဲခြင်းပြဿနာကို ပျှမ်းမျှအားဖြင့် ကလေး ၈ ယောက်တွင် ၁ ယောက် ကြုံတွေ့ရလေ့ရှိပါသည်။

ထိုပြဿနာကို ကောင်းမွန်စွာ ကုသမှုမခံယူခဲ့လျှင် ကျောင်းတွင်းဆိုင်ရာလုပ်ဆောင်ချက်များ ကျဆင်းလာခြင်း၊ ပတ်ဝန်းကျင်နှင့် အဆင်မပြေဖြစ်ခြင်းနှင့် စိတ်ကျခြင်းကဲ့သို့သော အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

DHA သည် Serotonin  ပမာဏကို ထိန်းညှိပေးကာ အာရုံကြောဆဲလ်များ၏ကျန်းမာရေးကို ကောင်းမွန်စေခြင်းအားဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုလွန်ကဲသည့် ရောဂါများကို လျှော့ချပေးနိုင်ကြောင်း တွေ့ရပါသည်။

ထို့ပြင် DHA သည် ဦးနှောက်ထဲတွင် အများအပြားစုဝေးတည်ရှိနေပြီး အာရုံကြောဆဲလ်များ၏ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်စေရန် အကူအညီပေးပါသည်။

အကယ်၍ ထို DHA လျော့နည်းခဲ့ပါက ဦးနှောက်နှင့်အာရုံကြောဆဲလ်များကို ဝန်းရံထားသည့် ဓာတုဗေဒပစ္စည်းများ မလုံမလောက်ဖြစ်လာကာ အာရုံကြောဆဲလ်များ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက်အဟန့်အတား ဖြစ်လာစေပါသည်။

ထို့အခါ စာပေ၊ ဘာသာစကားစသည်တို့ကို သင်ယူမှုခက်ခဲလာခြင်းနှင့် သတင်းအချက်အလက် အသစ်များကို ဦးနှောက်အတွင်းတွင် လက်ခံထိန်းသိမ်းမှတ်သားထားနိုင်စွမ်း ကျဆင်းလာခြင်း စသည့်ပြဿနာများကို ကြုံတွေ့လာရနိုင်ပါသည်။

ထိုသို့ အများနည်းတူ တန်းတူရည်တူသင်ကြားမှုမလုပ်နိုင်ခြင်းများက ကလေးများကို စိုးရိမ်ပူပန်ခြင်းများ ပိုမိုများပြားလာစေပါသည်။

ထိုသို့ စိုးရိမ်ပူပန်မှုများ ပိုမိုများပြားလာခြင်းသည် သင်ကြားခြင်း၊ သင်ယူခြင်းဆိုင်ရာ စွမ်းဆောင်ရည်များကို ပိုမို ကျဆင်းလာစေပါသည်။

ဤနည်းအားဖြင့် မကောင်းသည့်သံသရာလည်ပတ်လာကာ တဖြည်းဖြည်းနှင့် စာသင်ကျောင်း၊ စာသင်ကြားခြင်းနှင့် ဆရာ၊ ဆရာမများကို ကြောက်ရွံသည့်စိတ်များ၊ စိုးရိမ်ပူပန်မှုလွန်ကဲသည့်စိတ်များ ကလေးများတွင် ပိုမိုကိန်းအောင်းလာနိုင်ပါသည်။

ထို့ကြောင့် DHA အပါအဝင် ကလေးများ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းများကို တိုးတက်စေမည့် အစာအာဟာရများကို စုံလင်အောင် စီစဉ်ကျွေးမွေးပေးခြင်းအားဖြင့် ထူးချွန်ထက်မြက်သော သားငယ်၊ သမီးငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Author : Dr. မွန်

Previous Post

DHA က ကလေးများ၏ အမြင်အာရုံကို ဘယ်လိုအကျိုးပြုသလဲ 

Next Post

ဦးနှောက်၏ စွမ်းဆောင်ရည်နှင့် DHA

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
260

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
832

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
672

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဦးနှောက်၏ စွမ်းဆောင်ရည်နှင့် DHA

ဟင်းနုနွယ်ရွက်အကြောင်း သိကောင်းစရာ

အနာကျက်ခြင်း အဆင့် (၄) ဆင့်အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.