LcFOS ဆိုတာ Long chain Fructo Oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။
- ကိုယ်ခံအားစနစ်ကို ကူညီပေးခြင်း၊
- အစာခြေဖျက်မှုကို ကူညီပေးခြင်း၊
- ခြေဖျက်ပြီးသော အာဟာရဓါတ်များကို အပြည့်အ၀စုပ်ယူနိုင်စေရန် ကူညီပေးခြင်း၊
- အရိုးကျန်းမာရေးကို ကူညီပေးခြင်း၊
- ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးခြင်း၊
- အစာခြေလမ်းကြောင်းအတွင်းရှိ အရေးကြီးသော ဘက်တီးရီးယားများ၏ မျှခြေကို ထိန်းသိမ်းပေးနိုင်စွမ်းရှိခြင်း စသည့်ကောင်းကျိုးများရှိခြင်းကြောင့် ကျော်ကြားလှပါတယ်။
ထို့အပြင် LcFOS များကို အစာလမ်းကြောင်းနှင့် အူမကြီးဦးပိုင်းရှိ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ ပွားများခြင်းကို လှုံ့ဆော်ပေးသည့် prebiotics များအဖြစ်လည်း သတ်မှတ်ထားကြပါသည်။
ထိုအကျိုးပြု ဘက်တီးရီးယားများသည်
- Essential Fatty Acid ကဲ့သို့သော အာဟာရဓာတ်များကို ထုတ်လုပ်ပေးခြင်း၊
- အူလမ်းကြောင်း၏ အနားသတ်ဆဲလ်များ ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်း၊
- အန္တရာယ်ရှိသော ပိုးမွှားများ အလွန်အမင်း အရေအတွက် မများပြားလာစေရန် အတွက် ကာကွယ်ပေးခြင်း၊
- ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးမြှင့်ပေးခြင်း၊
- ရောင်ရမ်းမှုကိုကာကွယ်ပေးခြင်း၊
- ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း၊
- ဝမ်းလျှောခြင်းကိုကာကွယ်ပေးခြင်းနှင့်
- အခြားအူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကာကွယ်တားဆီးနိုင်စွမ်းရှိခြင်း စသော အရည်အသွေးများရှိပါသည်။
ထို့ကြောင့် ထိုအကျိုးပြု ဘက်တီးရီးယားများသည် အရေးကြီးသကဲ့သို့ ထိုဘက်တီးရီးယားများကို ပွားများစေသော LcFOS များသည်လည်း အရေးကြီးလှပါတယ်။
ထို့အပြင် LcFOS သည် ကလေးများ၏ အရိုးနှင့် သွားများ သန်မာစေရန်အတွက် အရေးကြီးသည့် ကယ်လ်ဆီယမ်ဓါတ် စုပ်ယူမှုပမာဏကိုလည်း တိုးမြင့်စေပါသည်။
ကယ်လ်ဆီယမ်ဓါတ်များကို ကောင်းမွန်စွာစုပ်ယူနိုင်ခြင်းသည် ကလေးများတွင်သာမက အသက် ၄၅ နှစ် နှင့် အထက် အမျိုးသမီးများတွင်လည်း အရေးကြီးပါသည်။ ထိုအသက်အရွယ်အမျိုးသမီးများအဖို့ အရိုး၏ ဒြပ်ထုသိပ်သည်းဆ ပမာဏ လျော့ကျလာခြင်းကြောင့် အရိုးပွခြင်းနှင့် အရိုးကျိုးခြင်း ပြဿနာများဖြစ်လာနိုင်သည့် အရွယ်ဖြစ်ပါသည်။ ထို့ကြောင့် ထိုအချိန်တွင် ကယ်လ်ဆီယမ်လုံလောက်စွာ ရရှိနိုင်မှုသည် အလွန်ပင် အရေးကြီးလှပါသည်။
LcFOS ကို သဘာဝအားဖြင့်
- ကြက်သွန်နီ၊
- ကညွတ်၊
- ဂျုံ၊
- ခရမ်းချဉ်သီး၊
- ကြံ၊
- ပင်လယ်ရေညှိ၊
- Chicory အမြစ်နှင့်
- အခြားဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များတွင်လည်း တွေ့နိုင်ပါသည်။