ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးမှုသည် အစာအာဟာရအပေါ်တွင် များစွာ မှီခိုနေပါသည်။
အာဟာရဓါတ်ပြည့်ဝစွာ ရရှိမှုသည် ကလေးတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းရှိ စနစ်အားလုံးအတွက် မရှိမဖြစ်အရေးပါသောအရာ ဖြစ်ပါသည်။
ထိုသို့ အာဟာရဓါတ်ပြည့်ဝစွာ ရရှိနိုင်ရန်အတွက် အာဟာရဓါတ်ပြည့်ဝစွာ စားသုံးရန်လည်း လိုအပ်သကဲ့သို့ စားသုံးလိုက်သော အာဟာရဓါတ်များကို ပြည့်ဝစွာ စုပ်ယူနိုင်ရန်လည်း လိုအပ်ပါသည်။
ထိုသို့ ပြည့်ဝစွာ စုပ်ယူနိုင်ရန် အားပေးကူညီသော အချက်များစွာ ရှိပါသည်။ ထိုအချက်များစွာထဲမှ တစ်ချက်မှာ Probiotics ဟုခေါ်သည့် အကျိုးပြု မိတ်ဆွေ ဘက်တီးရီးယားများ ဖြစ်ကြပါသည်။
လူတို့၏ အူလမ်းကြောင်းထဲတွင် အကျိုးပြုမိတ်ဆွေ ဘက်တီးရီးယား များစွာရှိပါသည်။
ထိုဘက်တီးရီးယားများသည် အစာခြေဖျက်ခြင်းနှင့် အာဟာရစုပ်ယူခြင်း ဖြစ်စဉ်များကို များစွာ အကူအညီပေးပါသည်။
အူလမ်းကြောင်းထဲတွင် ဘက်တီးရီးယားများ ပျက်စီးလျော့နည်းလာသောအခါ အစာခြေဖျက်ခြင်းနှင့် အာဟာရဓါတ်များကို စုပ်ယူခြင်းဖြစ်စဉ်များကို များစွာ အနှောင့်အယှက် ဖြစ်လာစေပါတော့သည်။
ထိုအကျိုးပြုဘက်တီးရီးယားများကို တိုးတက်များပြားလာအောင် ကူညီလုပ်ဆောင်ပေးသော အစားအစာများကို Prebiotics ဟုခေါ်ပါသည်။
Prebiotics များစွာ ရှိသည့်အနက် တစ်ခုမှာ LcFOS ဟုခေါ်သော Long chain Fructo-oligosaccharides ပင် ဖြစ်ပါသည်။
LcFOS များက ခန္ဓာကိုယ်တွင် အစာခြေဖျက်ခြင်း၊ စုပ်ယူခြင်းများကို အားပေးကူညီပေးနိုင်ပါသည်။
ထိုသို့ ကူညီပေးခြင်းဖြင့် ခန္ဓာကိုယ်ကို အာဟာရဓါတ်များကို ပိုမို ပြည့်ဝစေရန် များစွာ အထောက်အကူပေးနိုင်ပါသည်။
ထို့အပြင် လေထိုးလေအောင့်ခြင်းကို သက်သာစေသည့်အတွက် ကလေးများကို လေနာရောဂါကို ကင်းစေပါသည်။
အစာမကြေမှုနှင့် ဆက်စပ်နေသော ဝမ်းပျက်ဝမ်းလျှောရောဂါများကိုလည်း ကာကွယ် သက်သာစေနိုင်ပါသည်။
အူလမ်းကြောင်းအတွင်းတွင်ရှိသော ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ၏ အရေအတွက်ကို တိုးတက်စေခြင်းအားဖြင့် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများ၏ အရေအတွက်ကိုလည်း လျော့နည်းစေကာ ရောဂါအပေါင်းမှ ကင်းဝေးစေရန် ကူညီပေးနိုင်ပါသည်။
ခန္ဓာကိုယ်ခုခံအားစနစ်၏ ၇၀-၈၀ % ခန့်သည် အူလမ်းကြောင်းအတွင်းတွင် တည်ရှိပါသည်။
ထို့ကြောင့် အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားများကို ကောင်းမွန်စေသော LcFOS များသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုလည်း တိုးတက် ကောင်းမွန်စေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် အာဟာရဓါတ်များကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့အပြင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးသော LcFOS များကို ကလေးများကို ပြည့်ဝအောင် ကျွေးမွေးသင့်လှပါသည်။
Author : Dr. သန့်