ကမ္ဘာပေါ်တွင် နှစ်စဉ်ကလေးများစွာသည် အာဟာရချို့တဲ့မှု ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုသို့ အာဟာရချို့တဲ့သည့် ပြဿနာအကြောင်းကို စဉ်းစားကြည့်သည့်အခါ အများစုမှာ အာဟာရဓါတ်များကို စုံလင်ပြည့်ဝအောင် မကျွေးနိုင်သည့် ပြဿနာများကိုသာ ပြေးမြင်တတ်ကြပါသည်။
အာဟာရဓါတ် ပြည့်ဝစုံလင်အောင် မကျွေးမွေးနိုင်သည့် ပြဿနာအပြင် နောက်ထပ် ကြုံတွေ့ရနိုင်သည့် ပြဿနာတစ်ရပ်မှာ အာဟာရဓါတ် စုံလင်အောင် ကျွေးမွေးသော်လည်း ကျွေးမွေးလိုက်သော အာဟာရဓါတ်များကို ပြည့်ဝစွာ မစုပ်ယူနိုင်ခြင်းကြောင့်လည်း ဖြစ်ပါသည်။ ထိုသို့ အာဟာရဓါတ်များကို ပြည့်ဝစွာ မစုပ်ယူနိုင်ခြင်းကြောင့် အာဟာရဓါတ် ချို့တဲ့ခြင်းကို လူအများစုမှာ သတိမပြုမိတတ်ဘဲ မေ့လျော့နေတတ်ပါသည်။
ထိုကြောင့် အာဟာရဓါတ်များကို ပြည့်ဝစွာ စုပ်ယူနိုင်ဖို့သည်လည်း အရေးကြီးသော အပိုင်းတစ်ခု ဖြစ်ပါသည်။ ထိုသို့ အာဟာရဓါတ်များကို ပြည့်ဝစွာ စုပ်ယူနိုင်ဖို့ဆိုလျှင် အူလမ်းကြောင်းအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးလာပါသည်။ ထိုအကျိုးပြု ဘက်တီးရီးယားများကို ရှင်သန်ပွားများစေသည့် Prebiotics များသည်လည်း အရေးပါလာကြပါသည်။
Prebiotics များစွာ ရှိသည့်အနက် LcFOS များသည် အစွမ်းအထက်ဆုံးများထဲမှ တစ်ခုဖြစ်ပါသည်။ ၎င်းတို့သည် အူလမ်းကြောင်းအတွင်းတွင် အစာခြေဖျက်ခြင်း၊ စုပ်ယူခြင်း များကို ကူညီပေးနိုင်သည့်အပြင် ကလေးများတွင် လေထိုးလေအောင့် မဖြစ်စေရန်နှင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်စေရန် ကူညီပေးနိုင်ပါသည်။
ထို့အပြင် ကလေးများ ဝမ်းမချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည့်အတွက် ကလေးများ၏ အစာခြေစနစ်ကို များစွာ အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် LcFOS ပါဝင်သော နို့မှုန့်များသည် ကလေးများကို လေထိုးလေအောင့်ခြင်းနှင့် ဝမ်းချုပ်ခြင်းများကို မဖြစ်ပေါ်စေရန် အကာအကွယ်ပေးနိုင်ပါသည်။
LcFOS များကို ကလေးများနှစ်သက်သည့် ငှက်ပျောသီး၊ အာလူး စသည်တို့တွင် တွေ့ရှိရသကဲ့သို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကညွတ် စသည်တို့တွင်လည်း တွေ့ရှိရပါသည်။ ထို့အပြင် အစေ့အဆံများနှင့် ဂျုံတို့တွင်လည်း ပါဝင်ပါသည်။ ထို့အပြင် ကညွတ်နှင့် ပန်းဂေါ်ဖီစိမ်းများတွင်လည်း များစွာ တွေ့ရှိရပါသည်။
အကယ်၍ ထိုအစားအစာများကို ကလေးများအား လုံလောက်စွာ ကျွေးမွေးရန် မဖြစ်နိုင်ပါက LcFOS ပါဝင်သော ဖော်မြူလာဖြင့် ထုတ်လုပ်ထားသော နို့မှုန့်များကိုလည်း တိုက်ကျွေးနိုင်ပါသည်။
ထို့ကြောင့် ကလေးများ စားသုံးလိုက်သော အာဟာရဓါတ်များကို ပြည့်ဝစွာ ရရှိနိုင်စေရန်အတွက် Prebiotics တစ်မျိုးဖြစ်သည့် LcFOS ကို ပြည့်ဝအောင် ကျွေးမွေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။