LcFOS ဆိုသည်မှာ Long chain Fructo-oligosaccharides ဖြစ်ပါသည်။
တစ်နည်းအားဖြင့် အူလမ်းကြောင်းအတွင်းတွင် နေထိုင်သော ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများကို တိုးတက်များပြားလာအောင် လုပ်ဆောင်ပေးသော အရာတစ်ခုပင်ဖြစ်ပါသည်။
ထိုဘက်တီးရီးယားများနှင့် LcFOS များ၏ လုပ်ဆောင်ချက်များကြောင့် အစာခြေစနစ် ပိုမို တိုးတက်ကောင်းမွန်လာကာ ခန္ဓာကိုယ်အတွက် အစာခြေခြင်း၊ ခြေပြီးသော အာဟာရဓါတ်များကို စုပ်ယူခြင်း စသည့် လုပ်ငန်းဆောင်တာများကို များစွာ တိုးတက်ကောင်းမွန်လာစေပါသည်။
ထို့ကြောင့် LcFOS များသည် အစာခြေစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်းအားဖြင့် ကလေးများကို ပိုမို အာဟာရဓါတ်ပြည့်ဝစေရန် ကူညီပေးပါသည်။
ကလေးများတွင် နောက်ထပ် ကြုံတွေ့ရတတ်သည့် ပြဿနာတစ်ခုမှာ လေထိုး၊ လေအောင့်ခြင်းဖြစ်ပါသည်။
တစ်ခါတစ်ရံကလေးများသည် အကြောင်းရင်းမရှိဘဲ အချိန်ကြာမြင့်စွာ ငိုကျွေးနေကြခြင်းမှာ လေထိုးလေအောင့်ခြင်းကြောင့် ဖြစ်ပါသည်။
LcFOS က အဆိုပါ ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ပါသည်။ LcFOS များက အူလမ်းကြောင်းအတွင်းတွင် လေပွခြင်း၊ လေထိုး လေအောင့်ခြင်းများကို မဖြစ်ပေါ်စေရန် များစွာ အကူအညီပေးနိုင်ပါသည်။
လေထိုးလေအောင့်ခြင်းများတွင်သာမက ဝမ်းပျက်၊ ဝမ်းလျှောခြင်းများကိုလည်း LcFOS များက များစွာ အထောက်အကူ ပြုနိုင်ပါသည်။
ထို့ကြောင့် LcFOS ပါဝင်သော ဖြည့်စွက် အာဟာရများကို ကျွေးမွေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများကို ကာကွယ်နိုင်ရုံသာမက သက်သာပျောက်ကင်းစရန်လည်း လုပ်ဆောင်ပေးပါသည်။
ကလေးများတွင် အရေပြားတွင် ဓါတ်မတည့်ခြင်း ပြဿနာများသည်လည်း သတိပြုရမည့် အချက်တစ်ခုဖြစ်ပါသည်။ LcFOS သည် ထိုဓါတ်မတည့်ခြင်း ပြဿနာကို သက်သာပျောက်ကင်းစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။
ထို့ကြောင့် ဓါတ်မတည့်နှင့် သက်ဆိုင်သော ပန်းနာရင်ကြပ်ရောဂါများကိုလည်း LcFOS များက ကာကွယ်သက်သာစေနိုင်ပါသည်။
ထို့အပြင် LcFOS များသည် အူလမ်းကြောင်း၏ နံရံများကို ပိုမိုထူထဲလာစေရန် လုပ်ဆောင်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသော ရောဂါပိုးမွှားများကို သွေးကြောများအတွင်းသို့ မရောက်ရှိစေရန် တစ်နည်းတစ်ဖုံ ကာကွယ်ပေးပါသည်။ ထို့ကြောင့် LcFOS များသည် ခန္ဓာကိုယ်၏ ခုခံအား စနစ်အတွက်လည်း များစွာ အရေးပါကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် အစာလမ်းကြောင်း၏ လုပ်ငန်းဆောင်တာများအတွက်သာမက ခန္ဓာကိုယ်အတွက် များစွာ ကောင်းကျိုးပြုသော LcFOS များကို လုံလောက်စွာ ရရှိစေရန် ဖေဖေမေမေတို့အနေနှင့် လုပ်ဆောင်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။