ကလေးများ၏ အစာခြေစနစ်သည် လုပ်ငန်းဆောင်တာများကို ကောင်းစွာ လုပ်ဆောင်နိုင်ရန် ကြိုးစားနေသော စနစ်တစ်ခုဖြစ်ပါသည်။
ထိုအစာခြေစနစ် ကောင်းစွာ လုပ်ဆောင်နိုင်ရန် အထောက်အကူပေးသော အရာများစွာ ရှိပါသည်။ ထိုအရာများထဲမှ တစ်ခုသည် LcFOS ဖြစ်ပါသည်။
LcFOS ဆိုသည်မှာ Long chain Fructo-oligosaccharides ဖြစ်ပြီး Prebiotics တစ်မျိုးဖြစ်ပါသည်။
Prebiotics ဆိုသည်မှာ အူလမ်းကြောင်းအတွင်းတွင် နေထိုင်သော အကျိုးပြုမိတ်ဆွေ ဘက်တီးရီးယားများကို ပွားများစေသော အစာအာဟာရများကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။
ထိုအကျိုးပြုဘက်တီးရီးယားများ၏ လုပ်ဆောင်ချက်များကြောင့် အစာခြေခြင်း၊ အစာ အာဟာရဓါတ်များကို စုပ်ယူခြင်း အပါအဝင် အစာခြေစနစ်၏ လုပ်ငန်းဆောင်တာများ များစွာ တိုးတက်လာကြပါသည်။
ထိုသို့ အစာခြေဖျက်ခြင်းနှင့် အာဟာရဓါတ်များ စုပ်ယူခြင်းကို တိုးတက် ကောင်းမွန်လာစေသည့်အတွက် ခန္ဓာကိုယ်တွင် အာဟာရဓါတ်များကို ပြည့်ဝစွာ ရရှိစေကာ အာဟာရချို့တဲ့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ထို့အပြင် LcFOS များသည် Fiber အနွယ်ဝင်များ ဖြစ်သည့်အတွက် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
အထူးသဖြင့် နို့မှုန့်ကို သောက်သုံးကြသော ကလေးများတွင် ဝမ်းချုပ်ခြင်းသည် မကြာခဏ ကြုံတွေ့ရသော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။
သို့သော် LcFOS ပါဝင်သော နို့မှုန့်များကို ရွေးချယ်သောက်သုံးခဲ့ပါက ထိုဝမ်းချုပ်သော ပြဿနာကို ကောင်းစွာ ဖြေရှင်းနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ကလေးများကို နို့မှုန့်တိုက်ကျွေးတော့မည်ဆိုလျှင် ဖေဖေ၊ မေမေတို့ အနေဖြင့် LcFOS ပါဝင်သော ဖော်မြူလာဖြင့် ထုတ်လုပ်ထားသော နို့မှုန့်များကို အထူးရွေးချယ် တိုက်ကျွေးသင့်ပါသည်။
ထို့အပြင် LcFOS များသည် ကလေးများ ဝမ်းပျက်၊ ဝမ်းလျှောခြင်း မဖြစ်စေရန်လည်း ကာကွယ်ပေးနိုင်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကလေးများတွင် အဖြစ်များလေ့ရှိပြီး အခန့်မသင့်လျှင် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။
ထို့အပြင် ကလေးများတွင် အဖြစ်များသည့် လေထိုးလေအောင့် ပြဿနာကိုလည်း LcFOS က ဖြေရှင်းပေးနိုင်ပါသည်။
ထို့ကြောင့် အစာခြေစနစ်အတွက် ဘက်ပေါင်းစုံက ကောင်းကျိုးများစွာပေးသော LcFOS ကို သားသားမီးမီးများအား လုံလောက်အောင် ကျွေးမွေးခြင်းဖြင့် ကလေးများ၏ ကျန်းမာရေးကို မြှင့်တင်ပေးသင့်လှပါသည်။