fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အသားအရေစိုပြည်စေရန် အရေပြားရေဓာတ်ဖြည့်ပေးနိုင်သောနည်းလမ်းများနှင့် အစားအစာများ။

117
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/12/2020
in ကျန်းမာစေသော အစားအစာ
1 min read
A A

          အရေပြားဆိုင်ရာကျန်းမာရေးပြဿနာများစွာ ရှိသည့်အနက် အရေပြားခြောက်သွေ့ခြင်းသည်လည်း အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပါသည်။

၎င်းပြဿနာကို ထိရောက်စွာ ကုသခြင်းမရှိပါက အရေပြားများအက်ကွဲလာ‌ပြီး အရေပြားရောဂါပိုးဝင်ခြင်း ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် ခြောက်သွေ့သော အရေပြားကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးရန်မှာ အလွန်အရေးကြီးပါသည်။

            အောက်ပါနည်းလမ်းများဖြင့် ခြောက်သွေ့သော အရေပြားများကို ပြန်လည်စိုပြည်စေရန် ရေဓာတ်ပြန်လည်၍ ဖြည့်တင်းပေးနိုင်ပါသည်။

 

( ၁ )       နေကြာဆီ

လေ့လာတွေ့ရှိချက်များအရ နေကြာဆီသည် ခြောက်သွေ့သော အသားအရေကို ရေဓာတ်ပြန်လည်၍ ဖြည့်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

 

( ၂ )        အုန်းဆီ

            အရေပြားကို ရေဓာတ်ပြန်၍ ဖြည့်ပေးနိုင်သောအခြား သဘာ၀အဆီတစ်မျိုးမှာ အုန်းဆီဖြစ်ပါသည်။

အုန်းဆီသည်လည်း အရေပြားမျက်နှာပြင်ရှိ အဆီဓာတ်များကို များပြားလာစေနိုင်သော အာနိသင်ရှိကြောင်း လက်ခံယုံကြည်ထားကြပါသည်။

 

( ၃ )       နွားနို့

သုတေသနလေ့လာတွေ့ရှိချက်များအရ နွားနို့တွင် ပါဝင်သည့် Phospholipid ဟုခေါ်သော အဆီဓာတ်တစ်မျိုးသည် စိုပြည်လှပသော အသားအရေကို ပေးစွမ်းနိုင်ကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် နွားနို့ကို အသားအရေစိုပြည်လှပစေသော အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားကြပါသည်။

 

( ၄ )       ပျားရည်

            ပျားရည်သည် အရေပြားရောဂါများစွာအတွက် သက်သာပျောက်ကင်းစေသော အစားအစာ အဖြစ် လေ့လာတွေ့ရှိချက်များအရ တွေ့ရှိရပါသည်။

၎င်းတွင် အရေပြားရေဓာတ်ဖြည့်ပေးခြင်း၊ အနာကျက်လွယ်ခြင်း နှင့်ရောင်ရမ်းခြင်းကို တိုက်ခိုက် ခြင်းစသော ဂုဏ်သတ္တိများရှိကြောင်းတွေ့ရှိရပါသည်။

 

( ၅ )       ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို ခြောက်သွေ့သော အရေပြားပေါ်တွင်  ညစဉ်လိမ်းပေးခြင်းဖြင့်လည်း စိုပြည်သော အသားအရေကို ပြန်လည်ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

အောက်ပါအစားအစာများကို စားသုံးခြင်းဖြင့်လည်း စို‌ပြည်လှပသော အသားအရေကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

( ၁ )     သံလွင်ဆီ

            သံလွင်ဆီသည် အရေပြားကို ရေဓာတ်ဖြည့်ပေးခြင်းနှင့် အရေပြားရှိ pH မျှခြေရှိစေရန် အထောက်အကူပြုသော အဆီတစ်မျိုးဖြစ်ပါသည်။

 

( ၂ )        ထောပတ်သီး

            ထောပတ်သီးသည် အဆီဓာတ်ပြည့်၀သော သစ်သီးတစ်မျိုးဖြစ်ပြီး ရေဓာတ်ပါဝင်မှု ( ၇၄ ) ရာခိုင်နှုန်းခန့် ပါဝင်သောကြောင့် ခြောက်သွေ့သော အရေပြားကို ရေဓာတ်ကောင်းစွာဖြည့်ပေး နိုင်ကြောင်းတွေ့ရှိရပါသည်။

( ၃ )    ရွှေဖရုံစေ့

            ၎င်းအစားအစာတွင် ပါဝင်သော အာဟာရဓာတ်များသည် အရေပြားဆဲလ်အသစ်များ ပြန်လည်တည်ဆောက်ခြင်းနှင့် အားနည်းနေသော အရေပြားဖွဲ့စည်းမှုများကို ခိုင်ခန့်စေခြင်းတို့တွင် များစွာအထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။

 

( ၄ )       စတော်ဘယ်ရီသီး

အခြား ရေဓာတ်ပြည့်၀သော သစ်သီးများကဲ့သို့ စတော်ဘယ်ရီသီးတွင် ရေဓာတ် ( ၇၅ )ရာခိုင်နှုန်း အထက်ပါဝင်‌သောကြောင့် ယင်းအစားအစာကို အရေပြားခြောက်သွေ့သော သူများစားသုံးသင့်သော အစားအစာအဖြစ် ယုံကြည်လက်ခံထားရှိကြပါသည်။

 

( ၅ )       ဖရဲသီး

            ရေဓာတ်နှင့် အာဟာရဓာတ်များစွာပါဝင်မှုကြောင့် ဖရဲသီးသည်လည်း စိုပြည်ဝင်းပသော အသားအရေကို ပေးစွမ်းနိုင်သော သစ်သီးတစ်မျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

အရေပြားခြောက်သွေ့ခြင်းကို ပို၍ဆိုးရွားစေသော အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

– ခြောက်သွေ့နေသော အရေပြားကို ကုတ်ဖဲ့ခြင်း

– နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွှေးရိတ်ရာတွင် Shaving Gel မလိမ်းဘဲ ရိတ်ခြင်း

– မကြာခဏရေချိုးခြင်း

– အလွန်ပူသော ရေဖြင့် ရေချိုးခြင်း

– အရက်ပါသော Lotion အသုံးပြုခြင်း

– အရေပြားကို ပွတ်တိုက်နိုင်သော အဝတ်အစားများဝတ်ဆင်ခြင်း

– အစွန်းချွတ်ဆေးများနှင့် မကြာခဏထိတွေ့ခြင်း

– အရေပြားအကာအကွယ်မရှိဘဲ အချိန်ကြာမြင့်စွာ လေတိုက်ခံခြင်း  စသည့်အချက်များကို ရှောင်ကြဉ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

Author : Dr. CK

 

 

–

 

 

 

           

 

Previous Post

သွေးလေးဖက်နာ ရောဂါလက္ခဏာနှင့် သတိပြုစရာများ

Next Post

ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါဖြစ်တဲ့ အသည်းနှင့် သံဓာတ်ဆက်စပ်မှု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
390
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါဖြစ်တဲ့ အသည်းနှင့် သံဓာတ်ဆက်စပ်မှု

အဝလွန်ခြင်းနှင့် စိတ်ကျရောဂါ 

သွေးပေါင်ကျဆေးတွေ တကယ်လိုတာဟုတ်ရဲ့လား ..?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.