fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ခွဲစိတ်ထားသော ဒဏ်ရာအနာများကို ကုသနည်း

3.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/08/2021
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 ခွဲစိတ်ထားသော ဒဏ်ရာအနာများတွင် အများဆုံးတွေ့ရနိုင်သော နောက်ဆက်တွဲဆိုးကျိုးမှာ ဒဏ်ရာအတွင်းသို့ ရောဂါပိုးဝင်ခြင်းဖြစ်ပါသည်။

အောက်ပါအချက်များသည် ခွဲစိတ်ထားသော ဒဏ်ရာအနာများတွင် ရောဂါပိုးဝင်ခြင်းဖြစ်နိုင် ခြေများသော အခြေအနေများ ဖြစ်ပါသည်။

– ဆေးလိပ်သောက်သောသူများ

– အသက်အရွယ်ကြီးသောသူများ

– ဆီးချိုသွေးချိုရောဂါရှိသောသူများ

– ခုခံအားစနစ်ကျဆင်းစေသော အကြောင်းရင်းရှိသောသူများ (ဥပမာ HIV လူနာများ၊ သွေးလေးဘက်နာရောဂါကြောင့် ဆေးကုသမှုခံနေရသောသူများ)

-အ၀လွန်သောသူများ

– အာဟာရချို့တဲ့သောသူများ

– ဓာတ်ရောင်ခြည်ကုသမှုခံယူနေသောသူများ

– အရေးပေါ်ခွဲစိတ်မှုများ

– ဝမ်းဗိုက်ပိုင်းဆိုင်ရာခွဲစိတ်မှုများ

– အချိန် နှစ် နာရီထက်ပို၍ကြာမြင့်သော ခွဲစိတ်မှုများ

– အမျိုးသမီးခွဲစိတ်လူနာများ စသည့်အခြေအနေများတွင် ခွဲစိတ်ဒဏ်ရာအနာများသည် ရောဂါပိုးဝင်နိုင်ခြေများကြောင်း တွေ့ရှိရပါသည်။

 

ခွဲစိတ်ဒဏ်ရာအနာများတွင် ရောဂါပိုးဝင်ရောက်သည့်အခါ ဖြစ်ပေါ်သည့် လက္ခဏာများ

ခွဲစိတ်ဒဏ်ရာအနာများတွင် ရောဂါပိုးဝင်ရောက်သည့်အခါ အောက်ပါလက္ခဏာများကို တွေ့ရှိနိုင်ပါသည်။

– ဒဏ်ရာအနာပတ်ပတ်လည်တွင် နီရဲ၍ နာကျင်လာခြင်း

– အနာကျက်နှေးခြင်း

– အနာမှပြည်ပုပ်များ စိမ့်ထွက်ခြင်း

– အနာမှ မကောင်းသောအနံ့များထွက်ခြင်း

– ကိုယ်ပူခြင်း စသော လက္ခဏာများကို တွေ့ရှိရပါသည်။

 

ခွဲစိတ်ဒဏ်ရာအနာများကို ကုသရန်နည်းလမ်းများ

ခွဲစိတ်ဒဏ်ရာအနာများကို အောက်ပါနည်းလမ်းများအတိုင်း ဂရုစိုက် ကုသနိုင်ပါသည်။

– ခွဲစိတ်အနာများကို နေ့စဉ်ပုံမှန်သန့်စင်၍ ဆေးထည့်ခြင်းကို စနစ်တကျ လုပ်ဆောင်ရန် အလွန်အရေးကြီးပါသည်။

– ထိုသို့အနာဆေးထည့်ခြင်း ၊ သန့်စင်ခြင်းပြုလုပ်ရာတွင် စနစ်တကျ ပိုးသတ်ထားသော အခြေအနေဖြစ်ရန် လိုအပ်ပါသည်။

– အနာ အနားပတ်ပတ်လည်တွင်ရှိသော အရေပြားများကိုလည်း ဆားရည်နှင့် ဆပ်ပြာဖြင့် သန့်ရှင်းရေးပြုလုပ်ပေးရပါမည်။

– ထို့ပြင် ဒဏ်ရာအနာကိုလည်း ဆားရည် သို့မဟုတ် Normal Saline  ဖြင့် ဆေးပေးရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။

– သို့သော်သတိပြုရန် အချက်တစ်ချက်မှာ ခွဲစိတ်ဒဏ်ရာအနာများကို ခွဲစိတ်ပြီး ၄၈ နာရီအတွင်း ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

– ခွဲစိတ်လူနာများအား ခွဲစိတ်မှုခံယူပြီး ၄၈ နာရီအတွင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ရန်အတွက် ညွှန်ကြားရပါမည်။

– ခွဲစိတ်ဒဏ်ရာအနာများ အမြန်ကျက်စေရန် သို့မဟုတ် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် ပဋိဇီ၀ပိုးသတ်ဆေးများကို တိုက်ကျွေးရန် လိုအပ်ပါသည်။

– ဒဏ်ရာအနာများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေရန် အကိုက်အခဲဆေးဝါးများ တိုက်ကျွေးခြင်း သို့မဟုတ် ထိုးနှံခြင်းများပြုလုပ်နိုင်ပါသည်။

ထို့ပြင် အနာအကျက်မြန်စေရန်အတွက် အောက်ပါအချက်များကို လိုက်နာသင့်ကြောင်း အကြံပြုလိုပါသည်။

( ၁ )     ကောင်းစွာအိပ်စက်အနားယူပါ

အိပ်ချိန်နည်းသောသူများထက် အိပ်ချိန်လုံလောက်စွာ အိပ်စက်အနားယူသော သူများသည် ပို၍ မြန်ဆန်စွာ အနာကျက်နိုင်ကြောင်း တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် အအိပ်နည်းသောသူများ တွင် အနာရောင်ရမ်းခြင်းကို အားပေးသော Cytokines ဓာတ်များ ပိုမိုထွက်ရှိသောကြောင့် ဖြစ်ပါသည်။


( ၂ )      ဟင်းသီးဟင်းရွက်များကို ပို၍ စားပေးပါ

ဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းဖြင့်  Vitamin A, Copper, Zinc ဟူသော အာဟာရဓာတ်များကို လုံလောက်စွာရရှိနိုင်သောကြောင့် ခုခံအားစနစ်ကို တိုးတက်စေကာ အနာကျက်ခြင်းအတွက် လိုအပ်သော အာဟာရဓာတ်များကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

 

( ၃ )     လှုပ်ရှားမှုလေ့ကျင့်ခန်းများကို လုပ်ပေးပါ

ပေါ့ပါးသော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးခြင်းဖြင့် ဒဏ်ရာအနာများဆီသို့ စီးဆင်းသော သွေးပမာဏကို ပိုမိုကောင်းမွန်စေသည့်အတွက် အနာကျက်ခြင်းကို မြန်ဆန်စေနိုင်ပါသည်။

 

( ၄ )     ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေနိုင်သည့်အပြင် အနာကျက်ခြင်းဖြစ်စဉ်အားလည်း နှောင့်နှေးစေနိုင်ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ခွဲစိတ်ထားသော လူနာများသည် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်သင့်ပေသည်။

 

( ၅ )     Vitamin C ပေါကြွယ်၀သော အစားအစာများ စားသုံးပေးပါ

Vitamin C သည် အနာကျက်ခြင်းကို ကောင်းစွာအားပေးသော အာဟာရဓာတ်တစ်မျိုး ဖြစ်သောကြောင့် ၎င်းဓာတ်ပါဝင်သော အားဆေးများ နှင့် Vitamin C ပေါကြွယ်၀စွာပါဝင်သော အစားအစာများကို စားသုံးပေးသင့်ပါသည်။

Vitamin C ပေါများစွာ ပါဝင်သော အစားအစာများမှာ

– ချဉ်သောသစ်သီးများ (ဥပမာ သံပရာသီး ၊ သံပယိုသီး )

– အခြားသစ်သီးအမျိုးမျိုး

– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ

– ကန်စွန်းဥ

– ခရမ်းချဉ်သီး

– ငရုတ်ပွ

– ငရုတ်သီးစိမ်း

– နှံစားသီးနှံများစသည့် အစားအစာများဖြစ်ကြပါသည်။

Author : Dr. CK

 

 

 

 

           

Previous Post

သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးစေမယ့်နည်းလမ်းများ

Next Post

အဆစ်အမြစ်နာတိုင်း လေးဖက်နာလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
605

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆစ်အမြစ်နာတိုင်း လေးဖက်နာလား

သတိပြုရမယ့် ရေဓာတ်ခန်းခြောက်ခြင်း

သွေးကြောထဲမှာ သွေးခဲရင် 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.