fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

360
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/01/2021
in ကျန်းမာစေသော အစားအစာ
1 min read
A A

သံဓါတ်သည် ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ပို့ဆောင်ရန်အတွက် မရှိမဖြစ်အရေးပါသည့် အရာတစ်မျိုးဖြစ်ပါသည်။

သံဓါတ်တွင် heme iron နှင့် non-heme iron ဟူ၍ သံဓါတ်အမျိုးအစား ၂ ခုရှိပါသည်။ heme iron ကို အသား၊ ငါး စသည်တို့တွင် တွေ့ရှိရပြီး non-heme iron ကို အများအားဖြင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးနှင့် အစေ့အဆန်များတွင် တွေ့ရှိရလေ့ရှိပါသည်။

ကိုယ်ဝန်ဆောင်သည့် အချိန်ကာလ၊ ခန္ဓာကိုယ်မှ သွေးဆုံးရှုံးမှု များပြားသည့် အချိန်ကာလ၊ အစားအစာများတွင် သံဓါတ်လုံလောက်စွာ ပါဝင်မှုမရှိသည့် အချိန်ကာလနှင့် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှု နည်းပါးသည့် အချိန်ကာလမျိုးတွင် သံဓါတ်ချို့တဲ့သည့် သွေးအားနည်းရောဂါ ပေါ်ပေါက်လာတတ်ပါသည်။

ထို့ကြောင့် မည်သည့်အစားအစာများက သံဓါတ်စုပ်ယူခြင်းကို ဟန့်တားနေသည်ကို သိရှိပါက ထိုအစားအစာများကို ရှောင်ကြဉ်ခြင်းအားဖြင့် ခန္ဓာကိုယ်၏ သံဓါတ်စုပ်ယူခြင်း လုပ်ငန်းဆောင်တာများကို တိုးတက်စေရန် လုပ်ဆောင်နိုင်ပါသည်။

အောက်ပါအစားအစာများသည် သံဓါတ်စုပ်ယူမှုကို တားဆီးပေးသော အစားအစာများ ဖြစ်ကြပါသည်။

 

ကြက်ဥ၊ ဘဲဥများ

ကြက်ဥ၊ ဘဲဥများတွင် သံဓါတ်မော်လီကျူးများကို အတူတကွ ပေါင်းစည်းသွားစေပြီး ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုအား အဟန့်အတားဖြစ်စေသည့် Phosvitin ဟူသော ပရိုတင်းဓါတ်တစ်မျိုး ပါရှိပါသည်။  ထို့ကြောင့် ကြက်ဥ၊ ဘဲဥများသည် သံဓါတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။

လေ့လာတွေ့ရှိချက်များအရ ကြက်ဥပြုတ်၊ ဘဲဥပြုတ်တစ်လုံးသည်ပင် ခန္ဓာကိုယ်မှသံဓါတ်စုပ်ယူခြင်းကို ၂၈% အထိ လျော့နည်းသွားစေကြောင်းတွေ့ရှိရပါသည်။

ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများ

ကယ်ဆီယမ်သည်လည်း သံဓါတ်စုပ်ယူမှုကို တားဆီးသော အရာတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်သော နွားနို့ကဲ့သို့ အစားအစာမျိုးသည် သံဓါတ်စုပ်ယူခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။

ပုံမှန်အားဖြင့် နွားနို့တစ်ခွက်တွင် ကယ်လ်ဆီယမ် ၃၀၀ မီလီဂရမ်ခန့် ပါဝင်လေ့ရှိပါသည်။  တစ်နေ့လျှင် ကယ်လ်ဆီယမ်ပမာဏ ၅၀ မီလီဂရမ်ထက် လျော့နည်းစွာ စားသုံးခဲ့ပါက သံဓါတ်စုပ်ယူမှုအပေါ်တွင် အကျိုးသက်ရောက်မှုအနည်းငယ်သာ ဖြစ်လေ့ရှိသော်လည်း ၃၀၀ မီလီဂရမ်နှင့် ၆၀၀ မီလီဂရမ် ခန့် စားသုံးခဲ့ပါမူ သံဓါတ်စုပ်ယူမှုအပေါ်တွင် အနှောင့်အယှက်အဟန့်အတား အမြောက်အမြား ဖြစ်လာစေပါတော့သည်။

ကယ်လ်ဆီယမ်ကို ဒိန်ချဉ်၊ ဒိန်ခဲ၊ ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ တိုဖူး၊ ပန်းဂေါ်ဖီစိမ်း စသည်တို့တွင် ပမာဏအများအပြား တွေ့ရှိရပါသည်။


Oxalates ကြွယ်ဝသော အစားအစာများ

Oxalates (Oxalic အက်စစ်) ဒြပ်ပေါင်းသည်လည်း သံဓါတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။

ထို့ကြောင့် Oxalates ကြွယ်ဝသော လက်ဖက်ရည်ကြမ်းကို အမြောက်အမြား သောက်သုံးပါက သံဓါတ်စုပ်ယူမှုအပေါ်တွင် အနှောင့်အယှက် အဟန့်အတားဖြစ်လာစေပါတော့သည်။

Oxalates ကို ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်လာဥ၊ အခွံမာသီး၊ ချောကလက်၊ စတော်ဘယ်ရီသီးနှင့် နံနံပင် စသည်တို့တွင် တွေ့ရှိရပါသည်။

 

Polyphenols ကြွယ်ဝသောအစားအစာများ

Polyphenols သို့မဟုတ် Phenolic ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်တွင်ရှိသော ဆဲလ်များအား  ထိခိုက်မှုမရှိစေရန် ကူညီပေးသည့် ဓါတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပါသည်။

သို့သော် Polyphenols ဓါတ်သည် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုကိုလည်း အတားအဆီးပြုနိုင်ကြောင်း တွေ့ရှိရပါသည်။

Polyphenols ကို ကိုကိုးနှင့် ကော်ဖီတို့တွင် အများအပြားတွေ့ရှိရပါသည်။

ကိုကိုးသည် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူခြင်းကို ၉၀% အထိ တားဆီးနိုင်သကဲ့သို့ ကော်ဖီတစ်ခွက်သည်လည်း သံဓါတ်စုပ်ယူခြင်းကို ၆၀% အထိ အဟန့်အတားဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် Polyphenols ကို ပန်းသီး၊ ပူဒီနာ၊ ဘလက်ခ်ဘယ်ရီသီး၊ ရက်ပ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စသည်တို့တွင် တွေ့ရှိရပါသည်။

ထို့ကြောင့် အထက်ပါအစားအစာများကို သံဓါတ်ကြွယ်ဝသော အစားအစာများ မစားသောက်ခင် သို့မဟုတ် စားသောက်ပြီး ၂ နာရီ ဝန်းကျင်ခန့်အချိန်တွင် မစားသင့်ကြောင်း အထူးသတိပြုသင့်ပါသည်။

 

Phytates ကြွယ်ဝသောအစားအစာများ

Phytates ပမာဏအနည်းငယ်ကပင်လျှင် ခန္ဓာကိုယ်တွင် သံဓါတ်စုပ်ယူမှုကို ၅၀% မှ ၆၀% အထိ တားဆီးနိုင်ကြောင်း တွေ့ရှိရပါသည်။

Phytates ကို almond သီး၊ နှမ်း၊ ပဲအမျိုးမျိုး၊ cereals နှင့် အစေ့အဆန်များတွင် တွေ့ရှိရလေ့ရှိပါသည်။

အထက်တွင် ဖော်ပြခဲ့သော သံဓါတ်စုပ်ယူမှုကို တားဆီးသော အစားအစာများကို ရှောင်ရှားခြင်းအားဖြင့် ခန္ဓာကိုယ်တွင် သံဓါတ်ချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။

Author : Dr. CK

Previous Post

ကလေးများနှင့် အာဟာရချို့တဲ့ခြင်းပြဿနာ

Next Post

သက်သတ်လွတ်စားသောသူများတွင် သံဓာတ်ချို့တဲ့ခြင်းမှ ဘယ်လိုကာကွယ်မလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
384
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
390
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သက်သတ်လွတ်စားသောသူများတွင် သံဓာတ်ချို့တဲ့ခြင်းမှ ဘယ်လိုကာကွယ်မလဲ။

သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

ခန္ဓာကိုယ်တွင် သံဓာတ်လွန်သည့်အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.