fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများဦးနှောက်ဖွံ့ဖြိုးမှုနှင့် DHA

249
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/06/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Essential Fatty Acid ဖြစ်တဲ့ Omega 3 Fatty Acids (အိုမီဂါ-3 ဖက်တီးအက်ဆစ်)တွေအနက် တစ်မျိုးကတော့ ဒီချိတ်အေ DHA (Docosahexaenoic Acid) ဖြစ်ပါတယ်။ DHA ဟာ ကလေးများဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အိုမီဂါ-3 ဖက်တီးအက်ဆစ်ဖြစ်တယ်။ ဦးနှောက်ရှိ အိုမီဂါ-3 ဖက်တီးအက်ဆစ်ရဲ့ ၉၇% နဲ့ အဆီဓာတ် ၂၅% မှာ DHA ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရဲ့ အစားအသောက်မှတဆင့် ရရှိသော DHA ဟာ သန္ဓေသားရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့အပြင် ဦးနှောက်တွင်းရှိ အာရုံကြောဆဲလ်အမြှေးပါးတွေ တည်ဆောက်ရာမှာ အရေးပါပါတယ်။

DHA ကို လူ့ခန္ဓာကိုယ်မှ သဘာဝအတိုင်းမထုတ်နိုင်သဖြင့်

နေ့စဉ်စားသုံးသောအစားအစာနဲ့

ဖြည့်စွက်အားဆေး၊ ဖြည့်စွက်စာ (Supplement) တွေကတစ်ဆင့်သာ

ရရှိနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ အိုမီဂါ-3 ဖက်တီးအက်ဆစ် လုံလောက်ရန်အထူးလိုအပ်ပါတယ်။ ကလေးတွေမှာ DHA မလုံလောက်ပါက ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ သင်ယူနိုင်စွမ်းနဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။  ကလေးတွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအပြင် ကောင်းစွာအိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင် ကျန်းမာမှုကိုလည်း ကောင်းမွန်စေတဲ့ဓာတ်ဖြစ်ပါတယ်။ ကျန်းမာဖွံ့ဖြိုးတဲ့ ဦးနှောက်၊မျက်စိ၊ ကိုယ်ခံအားစနစ်နဲ့ အသက်ရှူလမ်းကြောင်းဖြစ်အောင် DHA က ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့ပြင် ပန်းနာရင်ကြပ်ရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသည်။

ဒါ့ပေမဲ့ DHA ကို လူ့ခန္ဓာကိုယ်မှ သဘာဝအတိုင်းမထုတ်နိုင်သဖြင့် နေ့စဉ်စားသုံးသောအစားအစာနဲ့ ဖြည့်စွက်အားဆေး၊ ဖြည့်စွက်စာ (Supplement) တွေကတစ်ဆင့်သာရရှိနိုင်ပါတယ်။ ဒါကြောင့် မိမိကလေးများ ကျန်းမာပြီး ဉာဏ်ရည်မြင့်မားတဲ့ ကလေးတွေဖြစ်စေရန် နေ့စဉ်စားသုံးတဲ့ အစာအာဟာရတွေမှာ DHA ပါဝင်အောင် မိဘတွေက အမြဲဂရုစိုက်သင့်ပါတယ်။
DHA ကြွယ်ဝသော အစားအစာများ

-ငါးအမျိုးမျိုး၊ ပင်လယ်ငါးတွေဖြစ်တဲ့ ဆော်လမွန်ငါး၊ ဆာဒင်း၊ ဆာဘငါး၊ မက်ကရယ်ငါးများ၊ တူနာငါး၊ ငါးသလောက်၊ ငါးနီတူငါး၊ ငါးမြစ်ချင်း၊ ငါးပါးနီ
-ပင်လယ်စာ ခရု၊ ကမာအမျိုးမျိုး
-ပဲပုပ်စေ့ဆီ၊ ကနိုးလာဆီ Canola Oil) နဲ့ Flax Seed oil ခေါ် အပင်မှထွက်တဲ့အဆီများ
-အစေ့အဆန်တွေဖြစ်တဲ့ သီဟိုလ်စေ့၊ သစ်ကြားသီး၊ နှမ်းစေ့၊ ကြယ်ပဲစေ့၊ ချီယာစေ့ (Chia seeds)
– DHA ပါဝင်တဲ့ ကလေးနို့မှုန့်များ
-ငါးကြီးဆီအမျိုးမျိုးတို့ဖြစ်ပါတယ်။

DHA နေ့စဉ်သောက်သုံးသင့်တဲ့ပမာဏ Reference Daily Intake (RDI) ကို တိတိကျကျသတ်မှတ်ထားခြင်း မရှိပေမဲ့ လူကြီးတွေအတွက် ပျမ်းမျှအားဖြင့် ၂၅၀-၅၀၀ မီလီဂရမ်ကြားနဲ့ တစ်နေ့ ၂၀၀၀ မီလီဂရမ်ထက်မပိုသင့်ကြောင်း အကြံပြုထားပါတယ်။ တစ်နှစ်မှသုံးနှစ်အရွယ် ကလေးတွေအတွက် ပျမ်းမျှလိုအပ်တဲ့ DHA ပမာဏမှာ တစ်နေ့လျှင် ၇၀-၁၀၀ မီလီဂရမ်ကြားလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ကလေးတွေကို ငါးကြီးဆီ DHA ပါဝင်တဲ့ ဖြည့်စွက်အားဆေး ဖြည့်စွက်စာတွေကို တတ်ကျွမ်းနားလည်တဲ့ ကလေးအထူးကုဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်းသာ တိုက်ကျွေးသင့်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အလေးထားတဲ့ မေမေဖေဖေတို့အနေနဲ့ ကလေးတွေအတွက် ရောဂါကာကွယ်တားဆီးပေးပြီး ကိုယ်ခံအားကိုကောင်းမွန်စေတဲ့၊ မှတ်ဉာဏ်အားကောင်းပြီးထက်မြက်ထူးချွန်စေတဲ့ ကောင်းကျိုးအာနိသင်ရှိတဲ့ DHA ပါဝင်တဲ့ အစားအစာ အားဖြည့်ဆေးတွေကို နေ့စဉ်လုံလောက်စွာကျွေးပေးဖို့ လိုအပ်တဲ့အကြောင်း အသိပေးရေးသားလိုက်ရပါတယ်ရှင့်………

Author: Dr. Yee Mon

Previous Post

ရာသီချိန်ခါ အေးလာသည့်အချိန်တွင်အဖြစ်များသည့် ချွဲကပ်ချောင်းဆိုးခြင်း

Next Post

အမာရွတ်ကင်းစင်ပြီး ကြည်လင်လှပတဲ့အသားအရေ ရရှိဖို့ဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
808

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမာရွတ်ကင်းစင်ပြီး ကြည်လင်လှပတဲ့အသားအရေ ရရှိဖို့ဆိုရင်

Omega-3 Fatty Acids ရရှိဖို့ စားသုံးသင့်တဲ့အစားအစာများ

ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းစင်တဲ့အသားအရေပိုင်ဆိုင်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.