fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

DHA က သားသားမီးမီးတို့ အိပ်စက်ခြင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ

226
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/06/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်တွေဟာ သူတို့ရဲ့အချိန် ၇၀ % လောက်ကို အိပ်စက်ခြင်းအတွက် အသုံးပြုကြပါတယ်။
အခုလိုအိပ်စက်ခြင်းက ကလေးငယ်တွေရဲ့ ပုံမှန်ခန္ဓာကိုယ်နဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ဖြစ်စေပါတယ်။
ကိုယ်ခံအားလည်း ကောင်းမွန်စေပြီး ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအတွက် သားသားမီးမီးတို့ ကောင်းမွန်စွာ အိပ်စက်ခြင်းက အရေးကြီးပါတယ်။

ဒါပေမဲ့လည်း ကလေးတွေရဲ့ ၃၀-၄၀% ဟာ နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်း မရှိကြပါဘူး။ ကောင်းစွာ အိပ်မောကျမှုမရှိခြင်း၊ မကြာခဏနိုးခြင်း၊ အိပ်စက်ချိန် မပြည့်ဝခြင်း စတာတွေ ဖြစ်တတ်ပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေဖြင့် အထွေထွေ ကျန်းမာရေး မကောင်းခြင်း၊ အလွယ်တကူ မောပန်းလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

DHA (Docosahexaenoic Acids) က ကလေးငယ်တွေရဲ့ အိပ်စက်ခြင်းမှာ ဘယ်လိုများ ကူညီပေးနိုင်ပါလဲ

နောက်ဆုံး ရှာတွေ့ချက်တွေ အရ DHA ပမာဏက အိပ်ချိန်နဲ့ တိုက်ရိုက် သက်ဆိုင်နေတာကို တွေ့ရှိရပါတယ်။
DHA ပမာဏနည်းနေတဲ့ ကလေးတွေမှာ အိပ်ချိန် နည်းနေတာ တွေ့ရှိရပြီး DHA အလုံအလောက်ရှိနေရင် ကလေးမျာတွေဟာ ပိုမိုကောင်းမွန်စွာအိပ်စက်နိုင်ပါတယ်။ DHA အလုံအလောက်ရှိနေပါက ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ရုံသာမက ညအခါနိုးထခြင်းနည်းကာ နိုးခဲ့ရင်လည်း နိုးနေတဲ့ကာလ တိုးတောင်းမှာဖြစ်ပါတယ်။

ဒါကြောင့် အိပ်စက်တဲ့ အရည်သွေးရော အိပ်ချိန်ပါ တိုးတက်ကောင်းမွန်စေကာ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခုခံအားကောင်းမွန်မှု များကို DHA က ပေးစွမ်းနိုင်ပါတယ်။ သားသားမီးမီးတို့မှာ လုံလောက်တဲ့ DHA ပြည့်ဝစေရန် လိုအပ်ပါတယ်။

DHA ဆိုတာကဘာလဲ

DHA (Docosahexaenoic acids) ဟာ ခန္ဓာကိုယ် ဇီဝကမ္မလုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်တဲ့ Essential Fatty Acid ထဲမှ Omega 3 Polyunsaturated Fatty Acids (PUFAs) အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ Omega 3 PUFAs များဖြစ်ကြတဲ့ DHA (Docosahexaenoic Acids) နဲ့ EPA (Eicosapentaenoic Acids) ဟာ ခန္ဓာကိုယ်အနှံ့ဆဲလ် တွင်းနံရံတွအတွင်းသို့ ပေါင်းစပ်ဖွဲ့စည်းတည်ရှိပြီး DHA ဟာ အထူးသဖြင့် ဦးနှောက်ထဲသို့သွားရောက် ပေါင်းစပ် တည်ရှိပါတယ်။

DHA သည် အိပ်စက်ချိန်ထိမ်းညှိခြင်း လုပ်ငန်းစဉ် ကို Serotonin ထွက်စေခြင်း၊ Prostaglandin ထုတ်လုပ်ပေးခြင်းတို့ဖြင့် အကျိုးပြုပါတယ်။ ကလေးတွေ အိပ်စက်ခြင်းလုပ်ငန်းဆောင်တာတွေ ကောင်းမွန်ရန်အတွက် DHA သည် အဓိကအရေးပါပါသည်။

Omega 3 Fatty Acid ကို ဘယ်လိုရရှိမလဲ

Omega 3 Fatty Acid ကို လူ့ခန္ဓာကိုယ်မှာ သဘာဝအားဖြင့် ထုတ်လုပ်လို့မရရှိနိုင်ပါဘူး။ အစားအသောက်နဲ့ ဖြည့်စွက်အားဆေး (Supplement) မှသာရရှိနိုင်ပါတယ်။ Omega 3 Fatty Acid ဖြစ်တဲ့ DHA နှင့် EPA ကို ငါးတွေကို စားသုံးခြင်းဖြင့် သဘာဝအလျောက် ရရှိနိုင်ပါတယ်။ ငါးကြီးဆီ၊ တူနာငါး၊ ငါးနီတူငါး၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ဆော်လမွန်ငါး၊ ဆာဒင်းငါး၊ မက်ကရယ်ငါး စတဲ့ငါးတွေကို တစ်ပတ်လျှင် အနည်းဆုံး ၂-၃ ကြိမ်စားသုံးခြင်းဖြင့် DHA ကိုလုံလောက်စွာရရှိနိုင်ပါတယ်။ Flax Seed Oil နဲ့ သစ်ကြားသီး တို့မှလည်းရနိုင်ပါတယ်။
ဒီလိုအစားအစာတွေကို အပြည့်အဝ စားသုံးခြင်းမရှိသူတွေအတွက်တော့ ဖြည့်စွက်အားဆေး(Supplement) နဲ့ DHA ပါဝင်တဲ့ ကလေးနို့မှုန့် များမှလည်း ရရှိနိုင်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့ အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ခြင်း၊ အိပ်ချိန်လုံလောက်စွာရရှိခြင်း၊ အိပ်စက်တဲ့ အရည်အသွေးကောင်းမွန်စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်း၊ ဦးနှောက်အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ခြင်း၊ ခုခံအားကောင်းမွန်စေခြင်းစတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းနိုင်တဲ့ Omega 3 DHA ကို အစားအစာတွေမှ နေ့စဉ်လုံလောက်စွာကျွေးခြင်း၊ DHA ပါတဲ့ဖြည့်စွက်အားဆေး (ငါးကြီးဆီ) တွေကို တိုက်ကျွေးပေးခြင်းဖြင့် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိကြောင်း ကျန်းမာရေးအသိပေးလိုက်ပါတယ်။

Author: Dr. Win

Previous Post

DHA ချို့တဲ့လျှင် တွေ့ရသောလက္ခဏာများ

Next Post

ကလေးများကျန်းမာရေးအတွက် DHA က ဘာတွေအကျိုးပြုလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
808

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
980
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
659

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများကျန်းမာရေးအတွက် DHA က ဘာတွေအကျိုးပြုလဲ

ကလေးများကျန်းမာရေးအတွက် DHA က ဘာတွေအကျိုးပြုလဲ (အပိုင်း-၂)

ကလေးတွေရဲ့ အမြင်အာရုံကျန်းမာရေးနဲ့ DHA

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.