fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများ ဓမ္မတာလာစဉ် ဘာကြောင့်နာကျင်ကိုက်ခဲရတာလဲ

1.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/06/2021
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲခြင်း ဝေဒနာသည် အမျိုးသမီးအများစု လစဉ်ကြုံတွေ့ရတတ်သည့် ရောဂါပြဿနာတစ်ရပ်အဖြစ် တွေ့ရှိရပါသည်။ ၎င်းရောဂါဝေဒနာဖြစ်ပွားရခြင်း၏ အကြောင်းရင်းသည် ရာသီဓမ္မတာလာစဉ်တွင် သားအိမ်ရှိ ကြွက်သားများကျုံ့ညှစ်ခြင်းကြောင့်ဖြစ်ကြောင်း လေ့လာချက်များအရ သိရှိရပါသည်။

အောက်ပါ အမျိုးသမီးမီးယပ်ရောဂါအချို့ကြောင့်လည်း ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ခံစားရနိုင်ကြောင်း တွေ့ရှိရပါသည်။

( ၁ ) Endometriosis
သားအိမ်၏ အနားသားကို ဝန်းရံထားသည့် တစ်ရှူးများ သားအိမ်၏ ပြင်ပတွင်တည်ရှိနေသော ရောဂါအခြေအနေကို  Endometriosis ဟုသတ်မှတ်ပါသည်။ အထက်ပါရောဂါရှိသောသူများတွင် ရာသီဓမ္မတာလာစဉ် ၎င်းတစ်ရှူးအပိုင်းအစများမှ သွေးယိုခြင်း၊ သားအိမ်ရောင်ရမ်းခြင်း ၊ နာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရလေ့ရှိပါသည်။

( ၂ ) Adenomyosis
Adenomyosis သည် သားအိမ်တွင် အသားလုံးများဖြစ်သည့် အမျိုးသမီး မီးယပ်ရောဂါ အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ၎င်းရောဂါခံစားနေရသူများတွင် သားအိမ်အရွယ်အစားသည် ပုံမှန်ထက် ပိုမို၍ ကြီးမားနေခြင်းကြောင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းကို ခံစားရလေ့ရှိပါသည်။

( ၃ ) Pelvic Inflammatory Disease ( PID )
သားအိမ်တွင် ရောဂါဖြစ်ပွားစေသော ဗက်တီးရီးယားပိုးများသည် အခြားသော မျိုးပွားအင်္ဂါရပ်များဆီသို့ ပျံ့နှံ့သွားသည့် ရောဂါအခြေအနေတစ်ရပ်ကို Pelvic Inflammatory Disease ( PID ) ဟုခေါ်ပါသည်။
၎င်းသည်လည်း ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်တွင် ပါဝင်ပါသည်။

( ၄ ) Cervical stenosis
ထို့ပြင် Cervical stenosis ( သားအိမ်ခေါင်းကျဉ်းမြောင်းနေခြင်း ) အခြေအနေသည်လည်း ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများမှ တစ်ချက်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဓမ္မတာကြောင့် နာကျင်ကိုက်ခဲလျှင် ခံစားရသော ရောဂါလက္ခဏာများ
– ဝမ်းဗိုက်တွင် နာကျင်ကိုက်ခဲခြင်း
– ဝမ်းဗိုက်တွင် တင်းကျပ်သည့် ဝေဒနာကို ခံစားရခြင်း
– တင်ပါး၊ ခါးနှင့် ပေါင်အတွင်းဘက်တွင် နာကျင်ခြင်းဝေဒနာကို ခံစားရခြင်း စသည့်ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါသည်။

ရောဂါကုသခြင်းနည်းလမ်းများ
– ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာကို သက်သာစေရန် Ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးဝါးများကို သောက်သုံးနိုင်ပါသည်။
၎င်းဆေးဝါးတွင် Prostaglandins ဟူသော နာကျင်ခြင်းဝေဒနာကို အားပေးသည့် ဒြပ်ပေါင်းများထုတ်လွှတ်ခြင်း အား လျော့နည်းစေနိုင်သည့် အာနိသင်ရှိကြောင်းတွေ့ရှိရပါသည်။
ထို့အတူ အခြားသော အကိုက်အခဲပျောက်ဆေးဝါးများကိုလည်း နာကျင်ကိုက်ခဲခြင်းအား သက်သာစေရန် အသုံးပြုနိုင်ပါသည်။
– ခါးအနောက်ဘက်နှင့် ဝမ်းဗိုက်နေရာတွင် ရေနွေးအိတ် သို့မဟုတ် ရေနွေးပုလင်းကပ်ခြင်းကို ပြုလုပ်ပေးပါ။
– ဓမ္မတာလာစဉ်တွင် ပုံမှန်အချိန်များထက် ပို၍အနားယူပါ။
– ကဖင်းဓာတ်ပါသည့် အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
– ဆေးလိပ်နှင့် အရက်သောက်ခြင်းမှ ရှောင်‌ကြဉ်ပါ။
– ခါးနောက်ဘက်နှင့် ဝမ်းဗိုက်နေရာတို့ကို ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။
– ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ပေးပါ။
– ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း
– အပ်စိုက်ကုထုံးဖြင့် ကုသခြင်း
– အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့်လည်း ရောဂါဝေဒနာကို သက်သာစေနိုင်မည် ဖြစ်ပါသည်။

ထို့ပြင် အောက်ပါသဘာ၀နည်းလမ်းများဖြင့်လည်း ဓမ္မတာနာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။
– လာဗင်ဒါအဆီ ၊ နှင်းဆီ အဆီ ၊ အုန်းဆီ စသည့် အဆီတစ်မျိုးမျိုးဖြင့် ဝမ်းဗိုက်၏ ချက်ပတ်လည်ကို
နှိပ်နယ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်းနည်းလမ်းဖြင့်လည်း နာကျင်ခြင်းဝေဒနာကို သက်သာစေပါသည်။
– ရေနွေးထည့်ထားသည့်ရေချိုးကန်တွင် ၁၅ မိနစ်ခန့် ရေစိမ်နေခြင်းဖြင့် တင်ပါးရှိ ကြွက်သားများအား
ပြေလျော့စေနိုင်သည့် နည်းလမ်းဖြင့်လည်း နာကျင်ကိုက်ခဲခြင်းဝေဒနာ လျော့ပါးသက်သာနိုင်မည် ဖြစ်ပါသည်။
– ကယ်လ်စီယမ် ၊ ဗီတာမင် B6 ၊ B1၊ ဗီတာမင် E၊ ဗီတာမင် D ၊ဗီတာမင် B12 ၊ မဂ္ဂနီဆီယမ် ၊ ဇင့် ၊ ငါးကြီးဆီ
စသည့် အာဟာရဖြည့်စွက်စာအားဆေးများကို သောက်သုံးခြင်းဖြင့်လည်း ရောဂါဝေဒနာကို သက်သာစေနိုင်ပါသည်။
– ရာသီဓမ္မတာလာစဥ် တစ်နေ့လျှင် အနည်းဆုံး ရေ ၈ ဖန်ခွက်ခန့် သောက်ခြင်းဖြင့်လည်း
နာကျင်ကိုက်ခဲမှု လျော့ပါးသွားမည် ဖြစ်ပါသည်။

အထက်ပါ ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို လိုက်နာခြင်းဖြင့် အမျိုးသမီးများလစဉ် ဓမ္မတာလာစဉ်ကြုံတွေ့ရသော ရောဂါဝေဒနာသက်သာစေမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

Author: Dr. မိုး ဆေး ( ၁ )

Previous Post

ကြွက်သားနာကျင်မှုကိုကျော်ဖြတ်ပြီး အောင်မြင်စွာ Gym ကစားနိုင်ဖို့ဆိုလျှင်

Next Post

ဘာကြောင့် သွေးအားကောင်းဖို့လိုအပ်သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘာကြောင့် သွေးအားကောင်းဖို့လိုအပ်သလဲ

ဝက်ခြံအနာရွတ်တွေ သက်သာစေဖို့

ဝက်ခြံထွက်ပြီး ဘာကြောင့်အမာရွတ်ကျန်ခဲ့သလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.