fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

9.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/07/2021
in ကိုဗစ်ရောဂါ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ကိုဗစ်ကပ်ရောဂါဟာ မြန်မာနိုင်ငံမှာ တတိယလှိုင်းအဖြစ်ကို ရောက်ရှိလာပါပြီ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ကျော်ဖြတ်လာပြီးတဲ့နောက် လူတော်တော်များများမှာ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိ ရှိသင့်သလောက်လည်း ရှိနေပါပြီ။

ဒါပေမဲ့ အခုအချိန်မှာ သတိပြုရမှာက လက်ရှိကာလဟာ ကူးစက်မြန်မျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့ဖြစ်ပွားနေတဲ့အချိန်ကာလ ဖြစ်ပါတယ်။ COVID-19 မျိုးဗီဇပြောင်းပိုးဖြစ်တဲ့ Delta Variant ဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉၄ နိုင်ငံမှာ ကူးစက်ပျံ့နှံ့လျက်ရှိနေပါတယ်။ ဒါ့ပြင် Alpha နဲ့ Kappa မျိုးကွဲတွေလည်း ကူးစက်ဖြစ်ပွားလျက်ရှိနေပါတယ်။

ကိုဗစ်မျိုးဗီဇပြောင်းလဲသွားတာအပြင် ရောဂါလက္ခဏာတွေကပါ ပထမလှိုင်း၊ ဒုတိယလှိုင်းဖြစ်စဉ်ကနဲ့ မတူတော့တာကြောင့် တတိယလှိုင်း မျိုးဗီဇပြောင်းကိုဗစ်ရဲ့ရောဂါလက္ခဏာတွေကို မသိတဲ့သူမရှိရလေအောင် ဝေမျှလိုက်ပါတယ်။

မျိုးဗီဇပြောင်းကိုဗစ်ရဲ့ ကူးစက်နိုင်စွမ်း

မျိုးဗီဇပြောင်းကိုဗစ် ရဲ့ကူးစက်နိုင်စွမ်းက မူလကိုဗစ်ပိုးထက် ၅၀ % ပိုများပါတယ်။ အရင်က လူတစ်ယောက်ကနေ ၃ ယောက်ကျော်လောက်ထိပဲ ကူးစက်နိုင်ပေမဲ့ အခုအချိန်မှာ တစ်ယောက်ကနေ အယောက် ၂၀ အထိ ကူးစက်နိုင်စွမ်းရှိပါတယ်။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကိုဗစ်ဖြစ်ပြီးလို့ ပျောက်ကင်းထားဖူးရင်၊ ဒါမှမဟုတ် ကာကွယ်ဆေးထိုးထားဖူးရင် အခုအချိန်မှာရော ရောဂါဖြစ်နိုင်သေးလား

အခုကိုဗစ်ပိုးက မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ပြန်ဖြစ်နိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးထားပေမဲ့လည်း ရောဂါကာကွယ်နှုန်းက ၇၀% ကနေ ၉၀% အထိပဲဖြစ်တဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။

မျိုးဗီဇပြောင်း ကိုဗစ်ရဲ့ ရောဂါလက္ခဏာများ

လက်ရှိဖြစ်ပွားနေတဲ့ မျိုးဗီဇပြောင်းကိုဗစ်ပိုးက ဖျားပြီးအနံ့ပျောက်တယ်ဆိုတဲ့ အရင်ကရောဂါလက္ခဏာအပြင် မတူညီတော့တဲ့ တခြားလက္ခဏာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ရောဂါပိုးဝင်ရောက်ပြီး လက္ခဏာြပဖို့ ၁ ရက်နေ ၁၄ ရက်အထိ ကြာတတ်ပါတယ်။ အများစုက ၄ – ၅ ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။

ရောဂါလက္ခဏာစပြတဲ့ ၁ ရက်ကနေ ၃ ရက်အတွင်း အတွေ့ရအများဆုံးလက္ခဏာတွေက

  • ဖျားလာမယ် (သာမန်တုပ်ကွေးဖျားသလို ဖျားတာနဲ့ တူပါတယ်)
  • ချောင်းခြောက်နည်းနည်းဆိုးမယ်
  • ကိုယ်လက်နည်းနည်းကိုက်ခဲမယ်

၄ ရက်ကနေ ၆ ရက်အတွင်း

  • အဖျား 100° F အထိ ဖြစ်လာမယ်
  • ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်
  • အနံ့ပျောက်မယ်
  • လည်ချောင်းနာမယ်
  • မျက်စိနီရဲနေမယ်၊ မျက်စိနာမယ်
  • ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခန်းနေမယ်
  • ကိုယ်လက် ပိုပြီးကိုက်ခဲမယ်
  • အဆစ်အမြစ်တွေ ကိုက်ခဲလာမယ်

၇ ရက်မြောက်ကျော်လာရင်

  • အဖျား 100° F ကျော်လာမယ်
  • အသက်ရှူရခက်လာမယ်
  • ချောင်းအဆက်မပြတ်ဆိုးမယ်၊ သလိပ်အများကြီး ထွက်မယ်
  • ခေါင်းကိုက်မယ်၊ ကိုယ်လက်နဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲမယ် စတာတွေ ခံစားရနိုင်ပါတယ်။

ဖျားနာရက်ရှည်လာလေလေ အောက်စီဂျင်ကျလေလေဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါအခံရှိသူတွေမှာ ပိုပြီးပြင်းထန်တတ်တဲ့အတွက် သတိထားသင့်ပါတယ်။

အခုအချိန်မှာ ဖျားပြီဆိုတာနဲ့ မိသားစုနဲ့ သီးခြားစီနေထိုင်ဖို့ အကြံပြုထားတာတွေ ရှိပါတယ်။ ဖျားတာအပြင် အထက်ကပြောခဲ့တဲ့ လက္ခဏာတွေပါ ခံစားနေရပြီဆိုရင်တော့ COVID-19 ဟုတ်၊ မဟုတ်ကို ဆေးရုံမှာ သွားစစ်ဆေးဖို့ အရေးတကြီး လိုအပ်ပါတယ်။

ဖျားတိုင်း ကိုဗစ်လား

ဖျားတယ်၊ ကိုယ်ပူတယ်ဆိုတိုင်းတော့ ကိုဗစ်ရောဂါလို့ မပြောနိုင်သေးပါ။ သာမန်အအေးမိတုပ်ကွေးရောဂါမှာလည်း ဖျားတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာနဲ့ အနံ့ပျောက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဖျားကြီးတာ၊ ချောင်းခြောက်အဆက်မပြတ်ဆိုးတာ၊ အသက်ရှူမဝဖြစ်လာတာ၊ အဖျားရက်ရှည်တာ စတဲ့ ပြင်းထန်တဲ့လက္ခဏာတွေ ခံစားလာရရင်တော့ ကိုဗစ်ဟုတ်၊ မဟုတ် ချက်ချင်းစစ်ဆေးသင့်ပါတယ်။

ဖျားတဲ့သူအနေနဲ့ ကိုဗစ်အတည်ပြုလူနာနဲ့အထိအတွေ့ရှိဖူးရင် (၁၅ မိနစ်လောက် စကားပြောဆိုထိတွေ့ဖူးရင် ဒါမှမဟုတ် တစ်နေ့မှာ ၅ မိနစ်ခန့် စကားပြောဆိုထိတွေ့ချိန် ၃ ကြိမ်နဲ့အထက် ရှိဖူးရင်)၊ ကိုဗစ်သံသယလူနာနဲ့ ထိတွေ့ဖူးရင်တော့ ကိုဗစ်ဟုတ်၊ မဟုတ် စစ်ဆေးရမှာဖြစ်ပါတယ်။

COVID ကာလ သတိပြုသင့်သည်များ

  • ဖျားတိုင်း COVID ကို အရင်စဉ်းစားမိတာ ကောင်းပေမဲ့ ဖျားနာတိုင်းလည်း COVID မဟုတ်ပါ။ ဖျားတိုင်း အစိုးရိမ်လွန်ပြီး ကြောက်နေစရာမလိုအပ်ပါ။
  • Thermometer နဲ့ အောက်စီဂျင်တိုင်းစက် Pulse oximeter ကို အိမ်တိုင်းဆောင်ထားပါ။ ကိုဗစ်က ဖျားနာရက်ရှည်လေ အောက်စီဂျင်ကျလေဖြစ်တဲ့အတွက် အချိန်မီသိရှိဖို့ လိုအပ်ပါတယ်။
  • အသက်ရှူရမောကျပ်လာပြီး အောက်စီဂျင် ၉၄% ဝန်းကျင်ဖြစ်လာရင် ကိုဗစ်ကို သံသယဝင်ပါ။ အောက်စီဂျင် ၉၂ % အောက်ရောက်လာရင် အောက်စီဂျင်အရေးပေါ်ရှူဖို့ လိုအပ်လာပါပြီ။
  • ဖျားပြီး အနံ့ပျောက်တာအပြင် မျိုးဗီဇပြောင်းကိုဗစ်ရဲ့လက္ခဏာတွေ ခံစားလာရင် မိသားစုနဲ့ အခန်းခွဲနေပါ။ အခန်းကို ပိုးသတ်ပါ။ အသုံးအဆောင်၊ အဝတ်အစား သီးသန့်ထားသုံးပါ။ လေကောင်းလေသန့်ရအောင် ပြတင်းပေါက်ဖွင့်ထားပါ။
  • အာဟာရပြည့်ဝအောင်စားသောက်ပါ။ ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပါ။ ဗီတာမင်စီ၊ ဒါမှမဟုတ် ဗီတာမင်ဓာတ်စုံအားဆေး တစ်နေ့တစ်လုံးသောက်ပေးနိုင်ပါတယ်။
  • ကိုဗစ်မကူးစက်အောင် ကာကွယ်ရေးနည်းလမ်းဖြစ်တဲ့ Mask နှစ်ထပ်တပ်တာ၊ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ မကြာခဏဆေးတာ၊ မလိုအပ်ဘဲ အပြင်မထွက်တာ၊ လူစုလူဝေးရှောင်တာ၊ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာနေတာ စတဲ့နည်းလမ်းတွေကိုလည်း လိုက်နာပါ။

Author: ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

သင့်သွားကျန်းမာရေးအတွက် အလေးထားရှောင်ရမည့်အချက်များ

Next Post

ရုတ်တရက်အသက်ရှုကျပ်လာရင် ဘာတွေလုပ်ဖို့လိုမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
394
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
686

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
688
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
854
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရုတ်တရက်အသက်ရှုကျပ်လာရင် ဘာတွေလုပ်ဖို့လိုမလဲ

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးများ

ပင်ပန်းနေတာလား ၊ ရောဂါရှိနေလို့ နုံးချိနေတာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.