fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ကို အိမ်မှာပဲကုမယ်ဆိုရင်

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/08/2021
in ကိုဗစ်ရောဂါ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ကိုဗစ်တတိယလှိုင်းဖြစ်နေတဲ့ ယခုလိုအချိန်မှာ ဘယ်သူမဆို ဖျားပြီဆိုတာနဲ့ အနံ့ပျောက်ပျောက် မပျောက်ပျောက် ကိုဗစ်လို့ သတ်မှတ်ရမှာပါပဲ။ အခုလို ဆေးရုံဆေးခန်း‌ ပြသပြီး ဆေးကုသမှုခံယူဖို့ ခက်ခဲနေချိန် အိမ်မှာပဲဆေးကုသမှုခံယူရတဲ့အခါမှာ လိုက်နာစရာ ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့ လိုပါလိမ့်မယ်။

အိမ်သားတစ်ဦးဦး ဖျားပြီဆိုတာ သိသိချင်း ပထမဆုံး လုပ်ရမှာက  အခြားသူတွေနဲ့ ခွဲပြီး Home Quarantine ထားပေးရမှာပါ။ လူနာရဲ့ ရောဂါ လက္ခဏာပေါ်မူတည်ပြီး ဆေးကုသမှုခံယူရမှာမို့ လူနာရဲ့ ရောဂါလက္ခဏာတွေကို သတိထားမိဖို့လိုပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကိုယ်ခံအား၊ အသက်အရွယ်နဲ့ ရောဂါအခံအရ ကိုဗစ်ရောဂါလက္ခဏာတွေဟာလည်း တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ အသေးစိတ်ပြောပြရမယ်ဆိုရင် –

သာမန် အနံ့ပျောက်ရုံ လူနာ

ဘာလက္ခဏာမှ မပြပဲ အနံ့ပျောက်ရုံ Positive သမားတွေ အနေနဲ့ အိမ်သားတွေနဲ့ ခွဲနေပြီးရင် မိမိကိုယ်ကို ကိုယ်ခံအားကောင်းအောင် အစားများများဝင်အောင်စားပေးပါ၊ အရည်များများသောက်ပေးပါ။ တခြား ဘာမှလုပ်စရာမလိုပါဘူး။

ဖျားနာ၊ အနံ့ပျောက်လူနာ

လူအများစု ခံစားရတဲ့ ကိုဗစ်လက္ခဏာဟာ ဖျားခြင်း ဖြစ်ပါတယ်။ ဖျားရင်လည်း အဖျားကြီးပြီး ကိုယ်ပူချိန် 102-103°F ထိ ပူတတ်ပါတယ်။ အနံ့ပျောက်တာက များသောအားဖြင့် လက္ခဏာစပြပြီး သုံးလေးရက်မြောက်လောက်မှာ စပျောက်တတ်ကြပါတယ်။

ချောင်းဆိုးတာ၊ လည်ချောင်းနာ၊ နှာစေး စသဖြင့် လက္ခဏာတွေဟာလည်း တစ်ဦးနဲ့တစ်ဦး ခံစားရပုံတွေမတူနိုင်ပါဘူး။ အများစုက အောက်ဆီဂျင်မကျဘဲ အနံ့‌ပျောက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း နဲ့ နှာစေးချောင်းဆိုးခြင်းတွေသာ ခံစားရပြီး သူ့ဘာသူ သက်သာသွားကြပါတယ်။

လက္ခဏာတွေ သက်သာစေဖို့ ပါရာစီတမော၊ ချောင်းဆိုးပျောက်ဆေး စတာတွေ သောက်လို့ရပါတယ်။ အဓိက က ကိုယ်ခံအားကောင်းနေဖို့ပါ။ ပိုးသတ်ဆေး‌တွေကိုတော့ ဖျားတာနဲ့ မသောက်သုံးသင့်ပါဘူး။  သတိထားရမယ့်အချက်တွေအနေနဲ့ –

  • အဖျားဟာ ၅-၇ ရက်ထိ ဖျားပြီး နောက်ရက်တွေမှာ ဆက်ဖျားတာ၊ အစားမဝင်တာ၊ လှုပ်ရှားရင် မောပြီး အလွန်နုံးတာမျိုးရှိရင် သတိထားပေးပါ။ Pulse Oximeter လက်ညှိုးတိုင်းစက်နဲ့ မိမိရဲ့ အောက်ဆီဂျင်ပမာဏကို နှစ်နာရီခြား တစ်ခါလောက် တိုင်းနေပါ။
  • အသက်အရွယ်ကြီးသူ၊ ရောဂါ အခံရှိသူတွေဆို Home Quarantine ထားပြီးတာနဲ့တစ်ပြိုင်နက် လူနာစောင့်နဲ့ အိမ်မှာကုသပေးမယ့်ဆရာဝန် သို့ ဖုန်းဆက် ညွှန်ကြားပေးမယ့် ဆရာဝန် တစ်ဦးဦးနဲ့ ဆက်သွယ်ထားပါ။

အောက်ဆီဂျင်ကျသော လူနာများ

သက်ကြီးပိုင်း၊ ရောဂါအခံရှိသူတွေနဲ့ အချို့သောလူငယ်လူရွယ်တွေမှာ တစ်ပတ်လောက်ဖျားပြီး အဖျားမကျဘဲ အောက်ဆီဂျင်ကျလာတာမျိုးရှိတတ်ပါတယ်။ အောက်ဆီဂျင် ကျတဲ့အကြောင်းတွေထဲမှာ ကိုဗစ်ပိုးကြောင့် အဆုတ်လေအိတ်တွေရောင်ခြင်း၊ နမိုးနီးယားခေါ် အဆုတ်ပွရောဂါ ဖြစ်ခြင်း၊ သွေးကြောပိတ်ခြင်း စတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။

ဖျားပြီး ၅ ရက်မှ ၇ ရက်မြောက်မှာ မသက်သာလာဘဲ အဖျားဆက်ရှိနေပြီး အောက်ဆီဂျင် ပမာဏ ၉၄ % အောက် ရောက်လာတဲ့အခါမှာ ဆရာဝန်နဲ့ ချိတ်ဆက်ပြီး ဆေးကုသမှုခံယူရပါမယ်။ အဲဒီအချိန်မှာ အောက်ဆီဂျင်ပေးပြီး Dexamethasone လို စတီးရွိုက်ဆေးထိုးတာ၊ သွေးကျဲဆေးထိုးတာ၊ ပိုးသတ်ဆေးသောက်တာတွေ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာရမှာပါ။

အောက်ဆီဂျင်ကျတာဟာ လက္ခဏာစပြပြီး ၈ ရက်ကနေ ၁၀ ရက် အတွင်းမှာ ကျတတ်ပါတယ်။ အရေးကြီးတဲ့ အချက်ဟာ Sudden Exertional Hypoxia လို့ ခေါ်တဲ့ လှုပ်ရှားလိုက်တဲ့အခါမှာ အောက်ဆီဂျင်ကျသွားတာကို သတိထားမိဖို့ပါ။ ကိုဗစ်ရဲ့ မာယာများတဲ့ အချက်လို့လည်း ဆိုလို့ရပါတယ်။ အဲဒီလိုမျိုး လှုပ်နေချိန်မှာ အောက်ဆီဂျင်ကျတာကို မသိဘဲ နေကောင်းပြီဆိုပြီး လှုပ်ရှားလိုက်မိရင် ရုတ်တရက် အောက်ဆီဂျင် ပြုတ်ကျပြီး အသက်အန္တရာယ်ရှိပါတယ်။

ဒါကြောင့် –

  • လူနာရဲ့ ဘေးမှာ လူနာစောင့်တစ်ဦး အနည်းဆုံးရှိပါစေ။
  • လူနာကို လုံးဝ မလှုပ်ခိုင်းပါနဲ့၊ အပေါ့အလေးကအစ လူနာ အဆင်ပြေအောင် အနားမှာ ယူထားပေးပါ။
  • ‌တစ်နေ့ အနည်းဆုံး သုံးနာရီ စနစ်တကျမှောက်အိပ်ခိုင်းပါ။ မှောက်အိပ်နေစဉ် ကျောကုန်းကို လှိုဏ်ခေါင်းသံမြည်အောင် ပုတ်ပေးပါ။
  • အမြဲ အကြောင်းပြန်နိုင်မယ့် ဆရာဝန်တစ်ဦးနဲ့ အဆက်သွယ်ရအောင် လုပ်ထားပါ။
  • Breathing Exercises အဆုတ်လေ့ကျင့်ခန်း တစ်နေ့ နှစ်ခါ၊ တစ်ခါလုပ်ရင် အနည်းဆုံး ဆယ်ကြိမ် ပြုလုပ်ခိုင်းပါ။
  • အောက်ဆီဂျင် ရှူနေရချိန်မှာ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာကို အားပေးဖို့ကလည်း အရမ်း အရေးကြီးပါတယ်။ ဒီလို အချိန်မှာ လူနာကို ဝမ်းနည်းစရာသတင်းတွေ၊ စိတ်ညစ်စရာတွေ အတတ်နိုင်ဆုံး မပြောဖို့ လိုပါတယ်။

လူနာကို  အိမ်မှာပဲ Home Quarantine ထားပြီး ကုသတဲ့အခါ လူနာစောင့်ရဲ့ Role ဟာ အရမ်းအရေးကြီးပါတယ်။ ဆေးရုံမှာကုသတာနဲ့ မတူတာမို့ ဆောင်ရန်ရှောင်ရန် လေးတွေကို သတိထားပြီး ကုသပေးစေချင်ပါတယ်။

Author: Dr. Aye Myat

Previous Post

ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကူးစက်ခံရလျှင်

Next Post

အစာစားချင်စိတ်ပျောက်ခြင်း ဘာကြောင့်ဖြစ်တာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
382
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
683

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
686
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
853
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာစားချင်စိတ်ပျောက်ခြင်း ဘာကြောင့်ဖြစ်တာလဲ

ဗက်တီးရီးယားဆိုတိုင်း ဆိုးသလား

ကလေးငယ်များအဖျားကျစေရန် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.