fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် အစားအစာများ

247
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

အစားအစာမ်ားသည္ လူတို႔၏ ခႏၶာကိုယ္က်န္းမာေရးႏွင့္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအေပၚ လႊမ္းမိုးမႈရွိသည္။ လိင္ပိုင္းဆိုင္ရာ က်န္းမာေရးမွာလည္း အစားအစာႏွင့္ ဆက္ႏြယ္ပတ္သက္မႈရွိေၾကာင္း ေတြ႕ရသည္။ တခ်ိဳ႕အစားအစာမ်ားသည္ လိင္ပိုင္းဆိုင္ရာက်န္းမာေရးကို အေထာက္အကူျဖစ္ေစၿပီး တခ်ိဳ႕မွာ အေႏွာင့္အယွက္ အဟန႔္အတား ျဖစ္ေစႏိူင္သည္။

အခြံမာသီးႏွင့္ အေစ့မ်ား
အခြံမာသီးႏွင့္ အေစ့မ်ားတြင္ ကစီဓာတ္အျပင္ အမွ်င္ဓာတ္မ်ား ႂကြယ္ဝစြာ ပါဝင္သည္။ ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစႏိူင္သည္။ လိင္ပိုင္းဆိုင္ရာ က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစသည္။ လိင္ပိုင္းဆိုင္ရာ အားနည္းသူမ်ား အခြံမာသီးမ်ားႏွင့္ အေစ့မ်ားကို ပိုမိုစားသုံးသင့္သည္။

ပဲပုပ္
ပဲပုပ္ႏွင့္ ပဲပုပ္မွထုတ္လုပ္ေသာ အစားအစာမ်ားသည္ အေထြေထြ က်န္းမာေရးကို အားေပးကူညီႏိူင္ပါေၾကာင္း အားလုံးသိထားတာၾကၿပီး ျဖစ္သည္။ လိင္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္လည္း        ပဲပုပ္ႏွင့္ ပဲပုပ္မွ ထုတ္လုပ္ေသာ အစားအစာမ်ား စားသုံးသင့္သည္ဟု ဆိုပါသည္။ ပဲပုပ္ေစ့တြင္ အဆီဓာတ္နည္းၿပီး ပ႐ိုတင္း၊ အမွွ်င္ဓာတ္၊ သံဓာတ္၊ ဗီတာမင္မ်ားႏွင့္ သတၱဳဓာတ္မ်ား ႂကြယ္ဝစြာ ပါဝင္သည္။ အမ်ိဳးသမီးေဟာ္မုန္း အီစထ႐ိုဂ်င္ကဲ့သို႔ အာနိသင္ရွိေသာ Phytoestrogens မ်ားပါသျဖင့္ မီးယပ္ေသြးဆုံးေဝဒနာမ်ားကို သက္သာေစႏိူင္ၿပီး လိင္ဆက္ဆံမႈအတြက္ အေထာက္အကူ ျဖစ္ေစႏိုင္သည္။

င႐ုပ္ေကာင္း
င႐ုပ္ေကာင္းသည္ ဦးေႏွာက္အာ႐ုံေၾကာဆိုင္ရာ အဖြဲ႕အစည္းကို လႈံေဆာ္ေပးႏိူင္သည္။ လိင္ပိုင္းဆိုင္ရာအေပၚ ေစ့ေဆာ္မႈ ေပးႏိူင္သည္။ ဆႏၵအားနည္းသူမ်ားအတြက္ သင့္ေတာ္သည္။

ခ်င္း
ခ်င္းမွာ ဟင္းခ်က္ရာတြင္ ထည့္သြင္းအသုံးျပဳေသာ မီးဖိုေခ်ာင္ပစၥည္း တစ္မ်ိဳးျဖစ္သည္။ ခ်င္းသည္ ေဆးဖက္ဝင္ အပင္တစ္မ်ိဳးျဖစ္သည္။ ခ်င္းသည္ လိင္ပိုင္းဆိုင္ရာအေပၚ လႈံ႕ေဆာ္မႈေပးႏိူင္ၿပီး အေထြ  ေထြက်န္းမာေရးကိုလည္း ျမႇင့္တင္ေပးႏိူင္သည္။ လိင္အဂၤါမ်ားသို႔ ေသြးဝင္စီးဆင္းမႈ ေကာင္းေစသျဖင့္ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကို ေကာင္းမြန္ေစႏိူင္သည္။

ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴမွာလည္း ခ်င္းကဲ့သို႔ မီးဖိုေခ်ာင္ပစၥည္းတစ္မ်ိဳးပင္ ျဖစ္သည္။ ေသြးလႊတ္ေၾကာမ်ားအတြင္း အဆီပိတ္ဆို႔မႈကို ကာကြယ္ေပးသည္။ႏွလုံးႏွင့္ ေသြးလြတ္ေၾကာမ်ား၏ က်န္းမာေရးကိုပိုမိုေကာင္းမြန္ေစသည္။ လိင္အဂၤါသို႔ ေသြးဝင္စီးဆင္းမႈကို အားေပးႏိူင္သျဖင့္ လိင္ဆႏၵျဖစ္ေပၚမႈ ဆႏၵျပည့္ဝၿပီးေျမာက္မႈႏွင့္ ေက်နပ္မႈတို႔ကို ရရွိေစႏိူင္သည္။

ေလးညႇင္းပြင့္
ေလးညႇင္းပြင့္ကို ျမန္မာတိုင္းရင္းေဆးမ်ား ေဖာ္စပ္ရာတြင္ အသုံးျပဳေလ့ရွိသည္။ ကြမ္းႏွစ္ၿခိဳက္သူမ်ား ကြမ္းစားရာတြင္ ေလးညႇင္းပြင့္ကို ထည့္ေလ့ရွိသည္။ ေသြးေၾကာမ်ားကို က်ယ္ေစၿပီး ေသြးလွည့္   ပတ္စီးဆင္းမႈကို ေကာင္းမြန္ေစသည္။ လိင္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ အေထာက္အကူ ျဖစ္ေစႏိူင္သည္။

ငွက္ေပ်ာသီး
ငွက္ေပ်ာသီးတြင္ ပါဝင္ေသာ ဓာတုပစၥည္းတစ္မ်ိဳးမွာ ဦးေႏွာက္၏ လုပ္ငန္းကို ေကာင္းမြန္ေစၿပီး၊ စိတ္ပိုင္းဆိုင္ရာ ၾကည္လင္လန္းဆန္းမႈကို ျဖစ္ေစႏိူင္သည္ဟု ဆိုပါသည္။ မိမိကိုယ္မိမိ ယုံၾကည္မႈအားေကာင္းေစႏိူင္သည္ဟုလည္း လက္ခံထားၾကသည္။ ငွက္ေပ်ာသီး စားသုံးျခင္းသည္ လိင္ဆက္ဆံမႈအေပၚ အက်ိဳးရလဒ္ေကာင္းမ်ား ျဖစ္ထြန္းေစႏိူင္သည္။

မုန္လာဥနီ
မုန္လာဥနီႏွင့္ ပတ္သက္၍ ေလ့လာခဲ့ၾကေသာ သုေတသနပညာရွင္တခ်ိဳ႕က မုန္လာဥနီသည္ လိင္ဆႏၵေလ်ာ့နည္းမႈကို ျပန္လည္ေကာင္းမြန္ေစႏိူင္သည္ဟု ဆိုပါသည္။ လိင္ဆႏၵကို ပိုမို အားေကာင္း  ေစႏိူင္သည္။

ပုစြန္ဆိတ္
ပုစြန္ဆိတ္တြင္ အိုင္အိုဒင္းဓာတ္ ႂကြယ္ဝစြာပါသျဖင့္ သိုင္း႐ြိဳဒ္ေဟာ္မုန္းတည္ေဆာက္မႈကို အားေပးႏိူင္သည္။ ခႏၶာကိုယ္စြမ္းအင္ရရွိမႈ အားေကာင္းေစႏိူင္သည္။ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကို  လည္း ျမင့္မားေစႏိူင္ေၾကာင္း ေတြ႕ရသည္။

ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးကို “ ခ်စ္စရာပန္းသီး ” ဟု တင္စားေခၚဆိုၾကသည္။ လိင္ဆႏၵျဖစ္ေပၚမႈကို အားကူေပးႏိူင္သည္။ ဆႏၵအားနည္းသူမ်ား ခရမ္းခ်ဥ္သီး စားသုံးသင့္သည္။ လိင္ဆႏၵျဖစ္ေပၚမႈႏွင့္ ေဆာင္စြမ္းမႈတို႔ကို ခရမ္းခ်ဥ္သီး စားသုံးျခင္းျဖင့္ တိုးတက္ေကာင္းမြန္လာေစႏိူင္သည္။

ကၫြတ္
ကၫြတ္စားသုံးျခင္းသည္ ခႏၶာကိုယ္၌ ေဟာ္မုန္း တည္ေဆာက္ထုတ္လုပ္မႈ အားေကာင္းေစၿပီး စြမ္းအင္ရရွိမႈလည္း ျမင့္မားေစႏိုင္သည္။ ကၫြတ္တြင္ ပိုတက္စီယမ္၊ ေဖာ့စဖရပ္ကယ္စီယမ္ႏွင့္ ဗီတာမင္ “ အီး ” တို႔ ႂကြယ္ဝစြာ ပါဝင္သည္။ လိင္ပိုင္းဆိုင္ရာ အားနည္းသူမ်ား ကၫြတ္ စားသုံးသင့္သည္။ ကၫြတ္သည္ လူအမ်ားႏွစ္သက္ေသာ အစားအစာတစ္မ်ိဳးျဖစ္ၿပီး စားသုံးသူအား ဆြဲေဆာင္အား ရွိသည္ဟု ဆိုသည္။

ပန္းသီး
ပန္းသီးကို က်န္းမာေရးအတြက္ အထူးေကာင္းမြန္ေသာ အစားအစာတစ္ခုအျဖစ္ ေရွးအစဥ္အဆက္ လက္ခံထားခဲ့ၾကၿပီး ျဖစ္သည္။ ပန္းသီးတစ္လုံး ေန႔စဥ္စားသုံးပါက ဆရာဝန္ကို ေဘးဖယ္ထားႏိူင္သည္ဟုပင္ အဆိုရွိသည္။ ပန္းသီးသည္ အေထြေထြက်န္းမာေရးကိုသာမက လိင္ဆက္ဆံမႈအတြက္လည္း အားျဖစ္ေစေသာ အစားအစာျဖစ္သည္။

သံလြင္ပင္
သံလြင္ပင္ႏွင့္ ပတ္သက္၍ ေလ့လာသူမ်ားက အမ်ိဳးသမီးမ်ားတြင္ လိင္ပိုင္းဆိုင္ရာ က်န္းမာေရးကို အထူးေကာင္းမြန္ေစသည္ဟု ဆိုသည္။

ေခ်ာကလက္
ေခ်ာကလက္တြင္ ကဖင္းဓာတ္ ႂကြယ္ဝစြာ ပါဝင္သည္။ အျမင္အာ႐ုံစြမ္းအားကို ထက္ျမက္ေကာင္းမြန္ေစသည္။ လိင္ဆႏၵအားကိုလည္း ေကာင္းမြန္ေစႏိူင္သည္။
အစားအစာမ်ား စားသုံးရာတြင္ ေသြး၌ ကိုလက္စထေရာဓာတ္မ်ားျခင္းေၾကာင့္ ေသႊးလြတ္ေၾကာမ်ားတြင္ အဆီခဲပိတ္ဆို႔မႈ ျဖစ္ႏိူင္သည္။ လိင္အဂၤါမ်ားသို႔ ေသြးဝင္စီးဆင္းမႈ ညံ့ဖ်င္းေစႏိူင္သည္။ အမ်ိဳးသားမ်ားတြင္ ပန္းေသ၊ ပန္းညႇိဳး၊ ပန္းၾကာရွည္မလန္းျခင္းကို ျဖစ္ေစသည္။ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားအားလုံးတြင္ လိင္ဆႏၵျဖစ္ေပၚမႈ ဆႏၵျပည့္ဝမႈတို႔အတြက္ အဟန႔္အတားျဖစ္ေစသည္။ ထို႔ေၾကာင့္  လိင္ဆႏၵအားနည္းသူမ်ား၊ ဥမ်ား၏ အႏွစ္မ်ား၊ မလိုင္၊ ေထာပတ္၊ အသားနီမ်ား၊ စားအုန္းဆီႏွင့္ အုန္းသီးအဆံတို႔ စားသုံးျခင္းမွ ေရွာင္ၾကဥ္ရပါမည္။ အစားအစာတြင္ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္မ်ား လုံေလာက္စြာ ပါရွိသင့္သည္။

Author: ေဒါက္တာေအးေက်ာ္(ဇီဝကမၼေဗဒ)

(Unicode)

အစားအစာများသည် လူတို့၏ ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုရှိသည်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာလည်း အစားအစာနှင့် ဆက်နွယ်ပတ်သက်မှုရှိကြောင်း တွေ့ရသည်။ တချို့အစားအစာများသည် လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး တချို့မှာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိူင်သည်။

အခွံမာသီးနှင့် အစေ့များ
အခွံမာသီးနှင့် အစေ့များတွင် ကစီဓာတ်အပြင် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိူင်သည်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည်။ လိင်ပိုင်းဆိုင်ရာ အားနည်းသူများ အခွံမာသီးများနှင့် အစေ့များကို ပိုမိုစားသုံးသင့်သည်။

ပဲပုပ်
ပဲပုပ်နှင့် ပဲပုပ်မှထုတ်လုပ်သော အစားအစာများသည် အထွေထွေ ကျန်းမာရေးကို အားပေးကူညီနိူင်ပါကြောင်း အားလုံးသိထားတာကြပြီး ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း        ပဲပုပ်နှင့် ပဲပုပ်မှ ထုတ်လုပ်သော အစားအစာများ စားသုံးသင့်သည်ဟု ဆိုပါသည်။ ပဲပုပ်စေ့တွင် အဆီဓာတ်နည်းပြီး ပရိုတင်း၊ အမှျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်။ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်ကဲ့သို့ အာနိသင်ရှိသော Phytoestrogens များပါသဖြင့် မီးယပ်သွေးဆုံးဝေဒနာများကို သက်သာစေနိူင်ပြီး လိင်ဆက်ဆံမှုအတွက် အထောက်အကူ ဖြစ်စေနိုင်သည်။

ငရုပ်ကောင်း
ငရုပ်ကောင်းသည် ဦးနှောက်အာရုံကြောဆိုင်ရာ အဖွဲ့အစည်းကို လှုံဆော်ပေးနိူင်သည်။ လိင်ပိုင်းဆိုင်ရာအပေါ် စေ့ဆော်မှု ပေးနိူင်သည်။ ဆန္ဒအားနည်းသူများအတွက် သင့်တော်သည်။

ချင်း
ချင်းမှာ ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုသော မီးဖိုချောင်ပစ္စည်း တစ်မျိုးဖြစ်သည်။ ချင်းသည် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ချင်းသည် လိင်ပိုင်းဆိုင်ရာအပေါ် လှုံ့ဆော်မှုပေးနိူင်ပြီး အထွေ  ထွေကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိူင်သည်။ လိင်အင်္ဂါများသို့ သွေးဝင်စီးဆင်းမှု ကောင်းစေသဖြင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိူင်သည်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာလည်း ချင်းကဲ့သို့ မီးဖိုချောင်ပစ္စည်းတစ်မျိုးပင် ဖြစ်သည်။ သွေးလွှတ်ကြောများအတွင်း အဆီပိတ်ဆို့မှုကို ကာကွယ်ပေးသည်။နှလုံးနှင့် သွေးလွတ်ကြောများ၏ ကျန်းမာရေးကိုပိုမိုကောင်းမွန်စေသည်။ လိင်အင်္ဂါသို့ သွေးဝင်စီးဆင်းမှုကို အားပေးနိူင်သဖြင့် လိင်ဆန္ဒဖြစ်ပေါ်မှု ဆန္ဒပြည့်ဝပြီးမြောက်မှုနှင့် ကျေနပ်မှုတို့ကို ရရှိစေနိူင်သည်။

လေးညှင်းပွင့်
လေးညှင်းပွင့်ကို မြန်မာတိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသည်။ ကွမ်းနှစ်ခြိုက်သူများ ကွမ်းစားရာတွင် လေးညှင်းပွင့်ကို ထည့်လေ့ရှိသည်။ သွေးကြောများကို ကျယ်စေပြီး သွေးလှည့်   ပတ်စီးဆင်းမှုကို ကောင်းမွန်စေသည်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိူင်သည်။

ငှက်ပျောသီး
ငှက်ပျောသီးတွင် ပါဝင်သော ဓာတုပစ္စည်းတစ်မျိုးမှာ ဦးနှောက်၏ လုပ်ငန်းကို ကောင်းမွန်စေပြီး၊ စိတ်ပိုင်းဆိုင်ရာ ကြည်လင်လန်းဆန်းမှုကို ဖြစ်စေနိူင်သည်ဟု ဆိုပါသည်။ မိမိကိုယ်မိမိ ယုံကြည်မှုအားကောင်းစေနိူင်သည်ဟုလည်း လက်ခံထားကြသည်။ ငှက်ပျောသီး စားသုံးခြင်းသည် လိင်ဆက်ဆံမှုအပေါ် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေနိူင်သည်။

မုန်လာဥနီ
မုန်လာဥနီနှင့် ပတ်သက်၍ လေ့လာခဲ့ကြသော သုတေသနပညာရှင်တချို့က မုန်လာဥနီသည် လိင်ဆန္ဒလျော့နည်းမှုကို ပြန်လည်ကောင်းမွန်စေနိူင်သည်ဟု ဆိုပါသည်။ လိင်ဆန္ဒကို ပိုမို အားကောင်း  စေနိူင်သည်။

ပုစွန်ဆိတ်
ပုစွန်ဆိတ်တွင် အိုင်အိုဒင်းဓာတ် ကြွယ်ဝစွာပါသဖြင့် သိုင်းရွိုဒ်ဟော်မုန်းတည်ဆောက်မှုကို အားပေးနိူင်သည်။ ခန္ဓာကိုယ်စွမ်းအင်ရရှိမှု အားကောင်းစေနိူင်သည်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို  လည်း မြင့်မားစေနိူင်ကြောင်း တွေ့ရသည်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို “ ချစ်စရာပန်းသီး ” ဟု တင်စားခေါ်ဆိုကြသည်။ လိင်ဆန္ဒဖြစ်ပေါ်မှုကို အားကူပေးနိူင်သည်။ ဆန္ဒအားနည်းသူများ ခရမ်းချဉ်သီး စားသုံးသင့်သည်။ လိင်ဆန္ဒဖြစ်ပေါ်မှုနှင့် ဆောင်စွမ်းမှုတို့ကို ခရမ်းချဉ်သီး စားသုံးခြင်းဖြင့် တိုးတက်ကောင်းမွန်လာစေနိူင်သည်။

ကညွတ်
ကညွတ်စားသုံးခြင်းသည် ခန္ဓာကိုယ်၌ ဟော်မုန်း တည်ဆောက်ထုတ်လုပ်မှု အားကောင်းစေပြီး စွမ်းအင်ရရှိမှုလည်း မြင့်မားစေနိုင်သည်။ ကညွတ်တွင် ပိုတက်စီယမ်၊ ဖော့စဖရပ်ကယ်စီယမ်နှင့် ဗီတာမင် “ အီး ” တို့ ကြွယ်ဝစွာ ပါဝင်သည်။ လိင်ပိုင်းဆိုင်ရာ အားနည်းသူများ ကညွတ် စားသုံးသင့်သည်။ ကညွတ်သည် လူအများနှစ်သက်သော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးသူအား ဆွဲဆောင်အား ရှိသည်ဟု ဆိုသည်။

ပန်းသီး
ပန်းသီးကို ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာတစ်ခုအဖြစ် ရှေးအစဉ်အဆက် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ ပန်းသီးတစ်လုံး နေ့စဉ်စားသုံးပါက ဆရာဝန်ကို ဘေးဖယ်ထားနိူင်သည်ဟုပင် အဆိုရှိသည်။ ပန်းသီးသည် အထွေထွေကျန်းမာရေးကိုသာမက လိင်ဆက်ဆံမှုအတွက်လည်း အားဖြစ်စေသော အစားအစာဖြစ်သည်။

သံလွင်ပင်
သံလွင်ပင်နှင့် ပတ်သက်၍ လေ့လာသူများက အမျိုးသမီးများတွင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးကောင်းမွန်စေသည်ဟု ဆိုသည်။

ချောကလက်
ချောကလက်တွင် ကဖင်းဓာတ် ကြွယ်ဝစွာ ပါဝင်သည်။ အမြင်အာရုံစွမ်းအားကို ထက်မြက်ကောင်းမွန်စေသည်။ လိင်ဆန္ဒအားကိုလည်း ကောင်းမွန်စေနိူင်သည်။
အစားအစာများ စားသုံးရာတွင် သွေး၌ ကိုလက်စထရောဓာတ်များခြင်းကြောင့် သွှေးလွတ်ကြောများတွင် အဆီခဲပိတ်ဆို့မှု ဖြစ်နိူင်သည်။ လိင်အင်္ဂါများသို့ သွေးဝင်စီးဆင်းမှု ညံ့ဖျင်းစေနိူင်သည်။ အမျိုးသားများတွင် ပန်းသေ၊ ပန်းညှိုး၊ ပန်းကြာရှည်မလန်းခြင်းကို ဖြစ်စေသည်။ အမျိုးသမီးနှင့် အမျိုးသားအားလုံးတွင် လိင်ဆန္ဒဖြစ်ပေါ်မှု ဆန္ဒပြည့်ဝမှုတို့အတွက် အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့်  လိင်ဆန္ဒအားနည်းသူများ၊ ဥများ၏ အနှစ်များ၊ မလိုင်၊ ထောပတ်၊ အသားနီများ၊ စားအုန်းဆီနှင့် အုန်းသီးအဆံတို့ စားသုံးခြင်းမှ ရှောင်ကြဉ်ရပါမည်။ အစားအစာတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ လုံလောက်စွာ ပါရှိသင့်သည်။

Author: ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

Previous Post

အာဟာရချို့တဲ့ရောဂါ ငါးမျိုး

Next Post

မည်းမည်းနဲ့ ခေါင်းပေါ်က သန်းတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မည်းမည်းနဲ့ ခေါင်းပေါ်က သန်းတွေ

အဆီထုတ်ခြင်း Liposuction ကိုသိစေချင်

ဖလိုရိုက်၏ ကျန်းမာရေးကောင်းကျိုးနဲ့ ဆိုးပြစ်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.