fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

နို့တိုက်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ

519
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/08/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မွေးဖွားပြီးခါစ ရင်သွေးငယ်တွေဟာ မွေးစမှစပြီး အသက်ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ မှီခိုကြရပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ အာဟာရပြည့်နေမှသာ မိမိကလေးငယ်ကို မိခင်နို့ရည်မှတစ်ဆင့် အာဟာရပြည့်ဝစွာပေးနိုင်မှာပါ။ သည်လို အာဟာရပြည့်ဝနေဖို့ဆိုရင် ဘယ်လိုဓာတ်တွေက အာဟာရဖြစ်စေနိုင်သလဲဆိုတာသေချာသိပြီး နေထိုင်စားသောက်မှသာ မိမိရင်သွေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် စိတ်ချရမှာပါ။

နို့တိုက်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ

• Calcium
Calcium ဟာ အရိုးအဆစ်နဲ့သွားတွေ ခိုင်မာဖို့အတွက် တည်ဆောက်ရာမှာလိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် မိခင်ရော ကလေးအတွက်ပါ လိုအပ်ပါတယ်။ နို့တိုက်မိခင်တစ်ဦးအတွက် တစ်နေ့ကို Calcium 1000mg လိုအပ်ပါတယ်။ ပင်လယ်စာ၊ ငါးအသေးများ၊ နွားနို့ စတာတွေမှာ Calcium ကြွယ်ဝပါတယ်။

• Folic acid
နို့တိုက်မိခင်ရော ကလေးငယ်ပါ သွေးအားကောင်းစေဖို့အတွက် လိုအပ်ပါတယ်။ မြေပဲနဲ့ ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေမှာ Folic Acid ပါဝင်ပါတယ်။ တစ်နေ့တာလိုအပ်တဲ့ Folic Acid ပမာဏဟာ 600 mcg ဖြစ်ပါတယ်။

• Iodine
ကလေးရဲ့ဦးနှောက်နဲ့အာရုံကြောစနစ်ဖွံ့ဖြိုးမှုအတွက် Iodine ဟာအရေးပါပါတယ်။ နို့တိုက်မိခင်ရော ကလေးငယ်ပါ အိုင်အိုဒင်း ပမာဏ လုံလောက်စွာရရှိနေအောင် အိုင်အိုဒင်းပါဝင်တဲ့ ဆားနဲ့ချက်ပြုတ်ထားတဲ့ဟင်းတွေ၊ ငါးအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းတွေကို စားသုံးသင့်ပါတယ်။

• Iron
သံဓာတ်ဟာ သွေးနီဥတွေကနေတစ်ဆင့် အောက်ဆီဂျင်ကို လိုအပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းနဲ့ သွေးကြောတွေဆီ ပို့ဆောင်ရာမှာ အရေးပါပါတယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်မိခင်တွေဟာ သံဓာတ်ကို နှစ်ကိုယ်စာ အသုံးချရတဲ့အတွက် ပုံမှန်လူနဲ့စာရင် သွေးအားနည်းနေတတ်တာကြောင့် သံဓာတ်ကိုပိုမိုလိုအပ်ပါတယ်။ အသားငါး၊ အစိမ်းရောင် အသီးအရွက်၊ ပဲအမျိုးမျိုး စတာတွေမှာ သံဓာတ်ကြွယ်ဝပါတယ်။

ကလေးငယ်ရဲ့ အမြင်အာရုံ၊ အရေပြားနဲ့ အရိုး တည်ဆောက်ပုံတွေအတွက် Vitamin A ဟာ အရေးပါပါတယ်။ Vitamin A မလုံလောက်ရင် ကြက်မျက်သင့်ရောဂါ၊ အရေပြားကြာဆူးဖြစ်ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း စတာတွေ ကလေးမှာ ဖြစ်တတ်ပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ကန်စွန်းဥ၊ မုန်လာဥ၊ ရွှေဖရုံသီး စတာတွေမှာ Vitamin A ကြွယ်ဝပါတယ်။ တစ်နေ့ကို Vitamin A 770mcg လိုအပ်ပါတယ်။

• Vitamin D
Calcium ကို ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ဖို့အတွက် Vitamin Dဟာ အဓိကကျပါတယ်။ ကလေးငယ်ရဲ့ သွားနဲ့ အရိုးဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အပြင် အမြင်အာရုံကောင်းမွန်‌စေမှုအတွက်ပါ လိုအပ်ပါတယ်။နေရောင်ခြည်ကနေ ရရှိနိုင်သလို နို့နှင့်နို့ထွက်ပစ္စည်းတွေကနေလည်း ရရှိနိုင်ပါတယ်။

• DHA( Docosahexaenoic Acid)
ကလေးတစ်ယောက်ရဲ့ မွေးစကနေစပြီး အသက်နှစ်နှစ်အရွယ်အထိ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုဟာ မိခင်နို့ရည်ဆီကနေရတဲ့ DHA ပေါ် အဓိက မူတည်ပါတယ်။ နို့တိုက်မိခင်တစ်ဦးဟာ အနည်းဆုံး တစ်နေ့ကို DHA 200mg လိုအပ်ပါတယ်။ DHA ဟာ Omega3 ငါးကြီးဆီ၊ ဆယ်မွန်၊ တူနာ၊ ဆာဒင်းငါး စတဲ့ ငါးအမျိုးမျိုး၊ သစ်ကြားသီးကဲ့သို့ အစေ့အဆံများ၊ ရေညှိ၊ ကြက်ဥ စတာတွေမှာ ပါဝင်ပါတယ်။

• Prebiotic Fiber
အမျှင်ဓာတ် လို့အလွယ်ခေါ်ကြတဲ့ Prebiotic Fiber ဓာတ်ဟာ ဝမ်းဗိုက်ထဲက အကျိုးပြုဗက်တီးရီးယားများကို တိုးပွားလာနိုင်စေတာကြောင့် အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့ပြင် ကိုယ်ခံစွမ်းအားကိုပါ ကောင်းမွန်စေပါတယ်။ အချဉ်ဖောက်ထားတဲ့အစားအစာ ဥပမာ- ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

• Vitamin B12
မိခင်နို့ရည်မှတစ်ဆင့်ရရှိတဲ့ Vitamin B12 ဟာ မွေးကင်းစ ကလေးငယ်ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုနဲ့ သွေးအားကောင်းစေမှုအတွက် အရေးပါပါတယ်။ ဒါကြောင့် နို့တိုက်နေစဉ် Vitamin B12 ကြွယ်ဝအောင် အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကြက်ဥတို့ကို စုံလင်အောင် စားသုံးပေးသင့်ပါတယ်။

Author: Dr. Aye Myat

Previous Post

ရင်ပူခြင်းသက်သာစေဖို့ဆိုရင်

Next Post

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
995
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း

ကိုယ်ဝန်ဆောင်မတ်မတ်တို့ အစာစားချင်စိတ်နည်းနေလျှင်

ကိုယ်ဝန်ဆောင်တွေ အ၀လွန်လျှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.