fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ကင်ဆာရောဂါကာကွယ်ရေး

114
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi)

ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္းက ထုတ္ျပန္တဲ့ အစီရင္ခံစာအရ ျမန္မာႏိုင္ငံဟာ ကင္ဆာအျဖစ္ဆုံးႏိုင္ငံ ၁၀ ႏိုင္ငံမွာ ပါဝင္ေနတယ္။ သည္တစ္ပတ္       မဂၤလာေမာင္မယ္ က်န္းမာေရးစကားဝိုင္းမွာ ကင္ဆာေရာဂါကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးထားပါတယ္။

ေမာင္ –  ကင္ဆာျဖစ္ေစတဲ့ အဓိက အေၾကာင္းအရာေတြက ဘာေတြျဖစ္မလဲ ဆရာ။
ေဒါက္တာမဂၤလာ –  ကင္ဆာေၾကာက္ရင္ ပလတ္စတစ္နဲ႔ ေဖာ့ဘူး ေရွာင္ဖို႔၊ အခ်ိဳမႈန႔္၊ ၾကက္သားမႈန႔္ မသုံးဖို႔၊ အခ်ဥ္ရည္နဲ႔ အခ်ိဳရည္၊ ဂ်ယ္လီမ်ား မသုံးဖို႔၊    ေဆးလိပ္ေရွာင္ဖို႔၊ ကြမ္းယာေရွာင္ဖို႔၊ မိုက္ခ႐ိုေဝ့ ဓာတ္ေရာင္ျခည္ေရွာင္ဖို႔၊ တ႐ုတ္ႏိုင္ငံထုတ္ ႏို႔မႈန႔္နဲ႔ ယင္းနဲ႔ ျပဳလုပ္တဲ့ မုန႔္မ်ားေရွာင္ဖို႔၊ ေကာ္ဖီမစ္ေရွာင္ဖို႔၊ အရက္ေရွာင္ဖို႔ စသည္ျဖင့္ ပါဝင္ပါတယ္။

မယ္ –  ကင္ဆာေၾကာက္ရင္ ပလတ္စတစ္နဲ႔ ေဖာ့ဘူးေရွာင္ဆိုတာက ဘာကိုဆိုလိုတာလဲ ဆရာ။
ေဒါက္တာမဂၤလာ –  ပလတ္စတစ္မွာပါတဲ့ ပလတ္စတစ္ဆိုက္ကဆိုတဲ့ ဓာတ္နဲ႔ စတိုင္လင္းဆိုတဲ့ ဓာတုပစၥည္းေတြဟာ အပူဓာတ္ (သို႔) ဆီပါတဲ့ အစားအ   ေသာက္တို႔နဲ႔ ေတြ႕ရင္ ဓာတ္ျပဳေပ်ာ္ဝင္ေစတယ္။ ကေလးႏို႔ဗူးေတြ ျပဳလုုပ္တဲ့ ပီဗီစီ ပလတ္စတစ္နဲ႔ပလတ္စတစ္ေရပိုက္ေတြမွာ မိုႏိုမာဆိုတဲ့အလြန္အဆိပ္  ျပင္းၿပီး ေၾကာက္စရာေကာင္းတဲ့ ဓာတ္တစ္မ်ိဳး ပါဝင္တာ ေတြ႕ရပါတယ္။ဒံေပါက္နဲ႔ စားေသာက္ဆိုင္ေတြမွာ အသုံးျပဳတဲ့ ေဖာ့ဘူးေတြဟာ စတိုင္ရင္းဓာတ္ပါတဲ့ 2B  ပလတ္စတစ္ အုပ္စုဝင္ေတြျဖစ္လို႔ ေဖာ့ဘူးေတြ၊ တစ္ခါသုံးပလတ္စတစ္ေတြ မသုံးသင့္ပါဘူး။

ေမာင္ –  အခ်ိဳမႈန႔္နဲ႔ ၾကက္သားမႈန႔္မ်ားအေၾကာင္း ေဆြးေႏြးေပးပါ ဆရာ။
ေဒါက္တာမဂၤလာ – အခ်ိဳမႈန႔္မွာ ပါဝင္တဲ့ ဓာတုပစၥည္းေတြဟာ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ထိခိုက္ေစလို႔ ေလျဖတ္၊ ေလငန္းေရာဂါ၊ ေလးဖက္နာေရာဂါ၊ ႏွလုံးေရာဂါ၊ ေက်ာက္ကပ္ ခ်ိဳ႕ယြင္းပ်က္စီးေစတဲ့ ေရာဂါ၊ အ႐ိုးပြ၊ အ႐ိုးပါး၊ အ႐ိုးႂကြတ္ဆတ္ေရာဂါ၊ ဆီးခ်ိဳေသြးခ်ိဳႏွင့္ ေသြးတိုးေရာဂါတို႔ ျဖစ္ပြားေစလို႔ ေရွာင္ သင့္တယ္။ ၾကက္သားမႈန႔္မွာ အခ်ိဳမႈန႔္နဲ႔ တာရွည္ခံမႈိသတ္ေဆး ပါဝင္လို႔ အခ်ိဳမႈန႔္ထက္ပိုၿပီး ဆိုး႐ြားေစပါတယ္။
မယ္ – အခ်ည္ရည္ႏွင့္ ကင္ဆာေရာဂါအေၾကာင္း ေျပာျပပါ ဆရာ။

ေဒါက္တာမဂၤလာ – ေန႔စဥ္ လူေတြ ၿမိန္ရည္ရွက္ေရ စားေသာက္ေနၾကတဲ့ အခ်ည္ရည္မွာ အႏၲရာယ္ရွိ တားျမစ္ဆိုးေဆး နီနီရဲရဲႏွင့္ ကင္ဆာေရာဂါ ျဖစ္ေစတဲ့ ဓာတုတာရွည္ခံေဆးမ်ား၊ အစာအိမ္အူလမ္းေၾကာင္း ကင္ဆာမ်ား ျဖစ္ေစတဲ့ ဆာဖ်ဴရစ္အက္ဆစ္ျပင္း H2SO4 ေရာစပ္ပါဝင္ေနလို႔ အဆိပ္ရည္ျဖစ္တယ္။ အစာအိမ္အူလမ္းေၾကာင္းႏွင့္ အူမႀကီးကင္ဆာ၊ အသည္းကင္ဆာမ်ား က်ိန္းေသျဖစ္ႏိုင္လို႔ ေရွာင္ရွားသင့္ပါတယ္။

ေမာင္ –  အခ်ိဳရည္ႏွင့္ ဂ်ယ္လီမ်ား အေၾကာင္း ေဆြးေႏြးေပးပါ ဆရာ။
ေဒါက္တာမဂၤလာ – အခ်ိဳရည္ဘူးမွာ တားျမစ္ဆိုးေဆး၊ တာရွည္ခံေဆး၊ သၾကားထက္ အဆ၂၀၀ ပိုမို ခ်ိဳေစတဲ့ ပါဝါသၾကားနဲ႔ ကာဗြန္ဒိုင္ေအာက္ဆိုဒ္၊      ကဖိန္းဓာတ္မ်ား ပါဝင္လို႔ ခံတြင္းကင္ဆာ၊ ေက်ာက္ကပ္ရာဂါ၊ ဆီးခ်ိဳေသြးခ်ိဳႏွင့္ အဝလြန္ေရာဂါ၊ အသည္းကင္ဆာေရာဂါတို႔ ျဖစ္ပြားေစပါတယ္။ ဂ်ယ္လီဘူးမွာ ဂ်ယ္လီေပါင္ဒါဆီ ထရစ္အက္ဆစ္ (Sodium Benzoute) ေခၚ တာရွည္ေဆး ပါဝင္လို႔ ကင္ဆာေရာဂါ ျဖစ္ပြားေစပါတယ္။

မယ္ – ေဆးလိပ္ႏွင့္ ကင္ဆာ အေၾကာင္း ေဆြးေႏြးေပးပါ ဆရာ။
ေဒါက္တာမဂၤလာ – ေဆးလိပ္၊ စီးကရက္ ေသာက္ျခင္းက အစာေရမ်ိဳႁပြန္ကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ အဆုတ္ကင္ဆာ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊   ေသြးေၾကာပိတ္ေရာဂါ၊ ပန္းနာရင္က်ပ္ေရာဂါ ကင္ဆာအမ်ိဳးမ်ိဳး ျဖစ္ပြားေစပါတယ္။ ေဆးလိပ္ေၾကာင့္ ျဖစ္တဲ့ အဆုတ္ကင္ဆာဟာ ကမာၻမွာ အျဖစ္ပြားဆုံး  ျဖစ္ၿပီး အေရွ႕ေတာင္အာရွမွာ ႏွစ္စဥ္ လူတစ္သိန္းေက်ာ္ အဆုတ္ကင္ဆာေၾကာင့္ ေသဆုံးလ်က္ရွိပါတယ္။

ေမာင္ – ကြမ္းယာႏွင့္ အရက္အေၾကာင္း ေဆြးေႏြးေပးပါ ဆရာ။
ေဒါက္တာမဂၤလာ – ကြမ္း႐ြက္ကို ဖ်န္းတဲ့ ပိုးသတ္ေဆးေၾကာင့္ ကင္ဆာျဖစ္တဲ့ အျပင္၊ ထုံးေၾကာင့္ ေက်ာက္ကပ္ႏွင့္ ဆီးအိမ္မွာ ေက်ာက္တည္ျခင္းႏွင့္   ပါးေစာင္ကင္ဆာ ျဖစ္ေစတယ္။ ကြမ္းကို မႈိမတက္ေအာင္ အသုံးျပဳတဲ့ မႈိသတ္ေဆးမွာ ကင္ဆာျဖစ္ေစတဲ့အျပင္ ေဆး႐ြက္ႀကီးမွ နီကိုတင္းကလည္း ကင္ဆာျဖစ္ေစတယ္။ အာခံတြင္းကင္ဆာ၊ ပါးေစာင္ကင္ဆာ၊ လွ်ာကင္ဆာ၊ သြားဖုံးကင္ဆာ၊ အစာေရမ်ိဳႁပြန္ကင္ဆာ၊ လည္ေခ်ာင္းကင္ဆာမ်ား ျဖစ္ပြားေစလို႔ ကြမ္းယာ ေရွာင္ရွားသင့္ပါတယ္။

မယ္ – မိုက္ခ႐ိုေဝ့ဓာတ္ေရာင္ျခည္နဲ႔ ကင္ဆာအေၾကာင္း ေဆြးေႏြးေပးပါ ဆရာ။
ေဒါက္တာမဂၤလာ – မိုဘိုင္းဖုန္းကထြက္တဲ့ မိုက္ခ႐ိုေဝ့ေရာင္ျခည္၊ သံလိုက္စက္ကြင္း ျပင္းအားမ်ားဟာ ဦးေႏွာက္အသားပိုကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ အေရျပားကင္ဆာ၊ ပါကင္ဆြန္ေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ အယ္ဇိုင္းမားေရာဂါတို႔ ျဖစ္ပြားေစလို႔ မိုဘိုင္းဖုန္း တာရွည္သုံးျခင္း ေရွာင္ရမယ္။ ကြန္ပ်ဴတာဂိမ္း၊ အင္တာနက္၊ ေဖ့ဘုတ္ေတြက လူေတြရဲ႕ မွတ္ဉာဏ္၊ အာ႐ုံေၾကာ၊ အျမင္အာ႐ုံတို႔ကို ထိခိုက္ေစပါတယ္။ မိုဘိုင္းဖုန္းမွ ဓာတ္ေရာင္ျခည္ေၾကာင့္ မီးမဖြား     ေသးတဲ့ သေႏၶသားကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။

ေမာင္ – တ႐ုတ္ႏိုင္ငံထုတ္ ႏို႔မႈန႔္ႏွင့္ ယင္းမွ ျပဳလုပ္တဲ့ မုန႔္မ်ားအေၾကာင္း ေဆြးေႏြးေပးပါ ဆရာ။
ေဒါက္တာမဂၤလာ – တ႐ုတ္ႏို႔မႈန႔္ကို ေဖ်ာ္ၿပီး ေခြး၊ ေၾကာင္ တို႔ကို တိုက္ေကြၽးရင္ အေၾကာဆြဲၿပီး ေသဆုံးကုန္ေၾကာင္း ေတြ႕ရတယ္။ မယ္လမင္းေၾကာင့္       ျဖစ္ႏိုင္တယ္။ တ႐ုတ္ႏိုင္ငံထုတ္ မုန႔္ႏွင့္ ယင္းမွျပဳလုပ္တဲ့ မုန႔္ပဲသေရစာမ်ားကို ကေလးမ်ားကို လုံးဝ မတိုက္ေကြၽးသင့္ပါဘူး။

မယ္ – ေကာ္ဖီမစ္ႏွင့္ ကင္ဆာအေၾကာင္း ေဆြးေႏြးေပးပါ ဆရာ။
ေဒါက္တာမဂၤလာ – ကာဖိန္းတာရွည္ခံဓာတုေဆး၊ ေကာ္ဖီနံ႔၊ အုန္းသီးခြံ အမႈန႔္မ်ားနဲ႔ သၾကား၊ အျခားကုန္ၾကမ္းမ်ား ပါဝင္ေနလို႔ ဆီးခ်ိဳ၊ ေသြးတိုး၊ ေက်ာက္ ကပ္ပ်က္စီးျခင္း၊ႏွလုံးေရာဂါ၊ စိတ္က်ေရာဂါ၊ရင္သားကင္ဆာ၊ ဆီးအိမ္ကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ ပန္ကရိယကင္ဆာႏွင့္ အမ်ိဳးသမီးၿမဳံျခင္း၊ ကိုယ္ဝန္ပ်က္  ျခင္း ျဖစ္ေစႏိုင္တယ္။
ေကာ္ဖီမစ္ အခ်ိဳ႕တြင္ ႏို႔ဆီႏွင့္ ႏို႔မႈန႔္အစား အသုံးျပဳတဲ့ ခရင္မွာ မေလးရွားက စားအုန္းဆီကို အဆီထုတ္ၿပီး က်န္တဲ့ႀကိတ္ဖတ္နဲ႔ တ႐ုတ္ႏိုင္ငံမွ ဝယ္ယူၿပီး မႈန႔္ေနေအာင္ ႀကိတ္ၿပီး ခရင္အျဖစ္ ျပန္လည္ ေရာင္းခ်ေၾကာင္း သိရတယ္။ ႏွလုံး၊ ေသြးတိုး၊ ေသြးေၾကာပိတ္၊ ေလျဖတ္ႏွင့္ ကင္ဆာျဖစ္ေစတယ္။

ေမာင္ – အရက္ႏွင့္ ကင္ဆာ အေၾကာင္း ေဆြးေႏြးေပးပါဦး ဆရာ။
ေဒါက္တာမဂၤလာ – ေတာအရက္ေခၚတဲ့ ေဒသႏၲရလုပ္ တန္ဖိုးနည္းအရက္မ်ားမွာ  ဓာတ္ေျမၾသဇာ၊ အင္ဒရင္း၊ ရာဘာ၊ ပလတ္စတစ္၊ မက္သေနာစတဲ့ အဆိပ္သင့္ ဓာတုပစၥည္းမ်ား ပါဝင္လို႔ အသည္းေျခာက္ျခင္း၊ ေရဖ်ဥ္းဆြဲျခင္း၊ အသည္းကင္ဆာႏွင့္ အစာအိမ္ႏွင့္ အစာအိမ္လမ္းေၾကာင္းကင္ဆာအမ်ိဳးမ်ိဳး ျဖစ္ပြားေစလို႔ ေရွာင္ၾကဥ္သင့္ပါတယ္။

Author ; ေဒါက္တာမဂၤလာ vol 8,no 14 Healthcare Journal

(Unicode)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကင်ဆာအဖြစ်ဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ ပါဝင်နေတယ်။ သည်တစ်ပတ်       မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ ကင်ဆာရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။

မောင် –  ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေက ဘာတွေဖြစ်မလဲ ဆရာ။
ဒေါက်တာမင်္ဂလာ –  ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူး ရှောင်ဖို့၊ အချိုမှုန့်၊ ကြက်သားမှုန့် မသုံးဖို့၊ အချဉ်ရည်နဲ့ အချိုရည်၊ ဂျယ်လီများ မသုံးဖို့၊    ဆေးလိပ်ရှောင်ဖို့၊ ကွမ်းယာရှောင်ဖို့၊ မိုက်ခရိုဝေ့ ဓာတ်ရောင်ခြည်ရှောင်ဖို့၊ တရုတ်နိုင်ငံထုတ် နို့မှုန့်နဲ့ ယင်းနဲ့ ပြုလုပ်တဲ့ မုန့်များရှောင်ဖို့၊ ကော်ဖီမစ်ရှောင်ဖို့၊ အရက်ရှောင်ဖို့ စသည်ဖြင့် ပါဝင်ပါတယ်။

မယ် –  ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်ဆိုတာက ဘာကိုဆိုလိုတာလဲ ဆရာ။
ဒေါက်တာမင်္ဂလာ –  ပလတ်စတစ်မှာပါတဲ့ ပလတ်စတစ်ဆိုက်ကဆိုတဲ့ ဓာတ်နဲ့ စတိုင်လင်းဆိုတဲ့ ဓာတုပစ္စည်းတွေဟာ အပူဓာတ် (သို့) ဆီပါတဲ့ အစားအ   သောက်တို့နဲ့ တွေ့ရင် ဓာတ်ပြုပျော်ဝင်စေတယ်။ ကလေးနို့ဗူးတွေ ပြုလုုပ်တဲ့ ပီဗီစီ ပလတ်စတစ်နဲ့ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာဆိုတဲ့အလွန်အဆိပ်  ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုး ပါဝင်တာ တွေ့ရပါတယ်။ဒံပေါက်နဲ့ စားသောက်ဆိုင်တွေမှာ အသုံးပြုတဲ့ ဖော့ဘူးတွေဟာ စတိုင်ရင်းဓာတ်ပါတဲ့ 2B  ပလတ်စတစ် အုပ်စုဝင်တွေဖြစ်လို့ ဖော့ဘူးတွေ၊ တစ်ခါသုံးပလတ်စတစ်တွေ မသုံးသင့်ပါဘူး။

မောင် –  အချိုမှုန့်နဲ့ ကြက်သားမှုန့်များအကြောင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – အချိုမှုန့်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်နှင့် အာရုံကြော ထိခိုက်စေလို့ လေဖြတ်၊ လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ် ချို့ယွင်းပျက်စီးစေတဲ့ ရောဂါ၊ အရိုးပွ၊ အရိုးပါး၊ အရိုးကြွတ်ဆတ်ရောဂါ၊ ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါတို့ ဖြစ်ပွားစေလို့ ရှောင် သင့်တယ်။ ကြက်သားမှုန့်မှာ အချိုမှုန့်နဲ့ တာရှည်ခံမှိုသတ်ဆေး ပါဝင်လို့ အချိုမှုန့်ထက်ပိုပြီး ဆိုးရွားစေပါတယ်။
မယ် – အချည်ရည်နှင့် ကင်ဆာရောဂါအကြောင်း ပြောပြပါ ဆရာ။

ဒေါက်တာမင်္ဂလာ – နေ့စဉ် လူတွေ မြိန်ရည်ရှက်ရေ စားသောက်နေကြတဲ့ အချည်ရည်မှာ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲနှင့် ကင်ဆာရောဂါ ဖြစ်စေတဲ့ ဓာတုတာရှည်ခံဆေးများ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာများ ဖြစ်စေတဲ့ ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ပါဝင်နေလို့ အဆိပ်ရည်ဖြစ်တယ်။ အစာအိမ်အူလမ်းကြောင်းနှင့် အူမကြီးကင်ဆာ၊ အသည်းကင်ဆာများ ကျိန်းသေဖြစ်နိုင်လို့ ရှောင်ရှားသင့်ပါတယ်။

မောင် –  အချိုရည်နှင့် ဂျယ်လီများ အကြောင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – အချိုရည်ဘူးမှာ တားမြစ်ဆိုးဆေး၊ တာရှည်ခံဆေး၊ သကြားထက် အဆ၂၀၀ ပိုမို ချိုစေတဲ့ ပါဝါသကြားနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊      ကဖိန်းဓာတ်များ ပါဝင်လို့ ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရာဂါ၊ ဆီးချိုသွေးချိုနှင့် အဝလွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ ဖြစ်ပွားစေပါတယ်။ ဂျယ်လီဘူးမှာ ဂျယ်လီပေါင်ဒါဆီ ထရစ်အက်ဆစ် (Sodium Benzoute) ခေါ် တာရှည်ဆေး ပါဝင်လို့ ကင်ဆာရောဂါ ဖြစ်ပွားစေပါတယ်။

မယ် – ဆေးလိပ်နှင့် ကင်ဆာ အကြောင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – ဆေးလိပ်၊ စီးကရက် သောက်ခြင်းက အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊   သွေးကြောပိတ်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ ကင်ဆာအမျိုးမျိုး ဖြစ်ပွားစေပါတယ်။ ဆေးလိပ်ကြောင့် ဖြစ်တဲ့ အဆုတ်ကင်ဆာဟာ ကမ္ဘာမှာ အဖြစ်ပွားဆုံး  ဖြစ်ပြီး အရှေ့တောင်အာရှမှာ နှစ်စဉ် လူတစ်သိန်းကျော် အဆုတ်ကင်ဆာကြောင့် သေဆုံးလျက်ရှိပါတယ်။

မောင် – ကွမ်းယာနှင့် အရက်အကြောင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – ကွမ်းရွက်ကို ဖျန်းတဲ့ ပိုးသတ်ဆေးကြောင့် ကင်ဆာဖြစ်တဲ့ အပြင်၊ ထုံးကြောင့် ကျောက်ကပ်နှင့် ဆီးအိမ်မှာ ကျောက်တည်ခြင်းနှင့်   ပါးစောင်ကင်ဆာ ဖြစ်စေတယ်။ ကွမ်းကို မှိုမတက်အောင် အသုံးပြုတဲ့ မှိုသတ်ဆေးမှာ ကင်ဆာဖြစ်စေတဲ့အပြင် ဆေးရွက်ကြီးမှ နီကိုတင်းကလည်း ကင်ဆာဖြစ်စေတယ်။ အာခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ သွားဖုံးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာများ ဖြစ်ပွားစေလို့ ကွမ်းယာ ရှောင်ရှားသင့်ပါတယ်။

မယ် – မိုက်ခရိုဝေ့ဓာတ်ရောင်ခြည်နဲ့ ကင်ဆာအကြောင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – မိုဘိုင်းဖုန်းကထွက်တဲ့ မိုက်ခရိုဝေ့ရောင်ခြည်၊ သံလိုက်စက်ကွင်း ပြင်းအားများဟာ ဦးနှောက်အသားပိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အရေပြားကင်ဆာ၊ ပါကင်ဆွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အယ်ဇိုင်းမားရောဂါတို့ ဖြစ်ပွားစေလို့ မိုဘိုင်းဖုန်း တာရှည်သုံးခြင်း ရှောင်ရမယ်။ ကွန်ပျူတာဂိမ်း၊ အင်တာနက်၊ ဖေ့ဘုတ်တွေက လူတွေရဲ့ မှတ်ဉာဏ်၊ အာရုံကြော၊ အမြင်အာရုံတို့ကို ထိခိုက်စေပါတယ်။ မိုဘိုင်းဖုန်းမှ ဓာတ်ရောင်ခြည်ကြောင့် မီးမဖွား     သေးတဲ့ သန္ဓေသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

မောင် – တရုတ်နိုင်ငံထုတ် နို့မှုန့်နှင့် ယင်းမှ ပြုလုပ်တဲ့ မုန့်များအကြောင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – တရုတ်နို့မှုန့်ကို ဖျော်ပြီး ခွေး၊ ကြောင် တို့ကို တိုက်ကျွေးရင် အကြောဆွဲပြီး သေဆုံးကုန်ကြောင်း တွေ့ရတယ်။ မယ်လမင်းကြောင့်       ဖြစ်နိုင်တယ်။ တရုတ်နိုင်ငံထုတ် မုန့်နှင့် ယင်းမှပြုလုပ်တဲ့ မုန့်ပဲသရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါဘူး။

မယ် – ကော်ဖီမစ်နှင့် ကင်ဆာအကြောင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – ကာဖိန်းတာရှည်ခံဓာတုဆေး၊ ကော်ဖီနံ့၊ အုန်းသီးခွံ အမှုန့်များနဲ့ သကြား၊ အခြားကုန်ကြမ်းများ ပါဝင်နေလို့ ဆီးချို၊ သွေးတိုး၊ ကျောက် ကပ်ပျက်စီးခြင်း၊နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနှင့် အမျိုးသမီးမြုံခြင်း၊ ကိုယ်ဝန်ပျက်  ခြင်း ဖြစ်စေနိုင်တယ်။
ကော်ဖီမစ် အချို့တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုတဲ့ ခရင်မှာ မလေးရှားက စားအုန်းဆီကို အဆီထုတ်ပြီး ကျန်တဲ့ကြိတ်ဖတ်နဲ့ တရုတ်နိုင်ငံမှ ဝယ်ယူပြီး မှုန့်နေအောင် ကြိတ်ပြီး ခရင်အဖြစ် ပြန်လည် ရောင်းချကြောင်း သိရတယ်။ နှလုံး၊ သွေးတိုး၊ သွေးကြောပိတ်၊ လေဖြတ်နှင့် ကင်ဆာဖြစ်စေတယ်။

မောင် – အရက်နှင့် ကင်ဆာ အကြောင်း ဆွေးနွေးပေးပါဦး ဆရာ။
ဒေါက်တာမင်္ဂလာ – တောအရက်ခေါ်တဲ့ ဒေသန္တရလုပ် တန်ဖိုးနည်းအရက်များမှာ  ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရာဘာ၊ ပလတ်စတစ်၊ မက်သနောစတဲ့ အဆိပ်သင့် ဓာတုပစ္စည်းများ ပါဝင်လို့ အသည်းခြောက်ခြင်း၊ ရေဖျဉ်းဆွဲခြင်း၊ အသည်းကင်ဆာနှင့် အစာအိမ်နှင့် အစာအိမ်လမ်းကြောင်းကင်ဆာအမျိုးမျိုး ဖြစ်ပွားစေလို့ ရှောင်ကြဉ်သင့်ပါတယ်။

Author ; ဒေါက်တာမင်္ဂလာ vol 8,no 14 Healthcare Journal

Previous Post

ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ

Next Post

ကိုယ်ဝန်ဆောင်နဲ့ သိမှတ်ဖွယ်ရာ အထွေထွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
901
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
757
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
444

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်နဲ့ သိမှတ်ဖွယ်ရာ အထွေထွေ

လှုပ်ရှားမှု မူမမှန်သော ပါကင်ဆန်ရောဂါ

နှလုံးသားစမ်းရေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.