မြန်မာနိုင်ငံရှိ HIV ကူးစက်ခံရသူများထဲတွင်မှ ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေကြရာ အချို့သည်လည်း အိမ်ထောင်မရှိသေးသူ ကျား၊ မများ၊ အိမ်ထောင်ရှိသူများထဲတွင်လည်း အသက်အရွယ် မျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိနေကြပါသည်။ ထိုအထဲတွင်မှ အချို့အိမ်ထောင်ရှိသူများတွင်လည်း ခင်ပွန်းတွင်မရှိခြင်းများလည်းရှိနေကြပါသည်။ ထပ်မံ၍ အသေးစိတ်ကြည့်ရှုရာတွင် HIV ရှိသော မိဘများ၏ သားသမီးများတွင် အချို့သော သားသမီးများ၌ ကူးစက်မခံရခြင်း၊ အချို့သားသမီးများတွင် ကူးစက်မှုခံနေရသည်များ ရှိနေသကဲ့သို့ အချို့သားသမီးများတွင် တစ်ဦးထက်မက HIV ရှိနေခြင်းများကိုလည်း ဖခင်ရှိပြီး မိခင်မရှိတော့ခြင်း၊ အချို့ကလေးများသည်လည်း မိခင်ရှိပြီး ဖခင်မရှိတော့ခြင်းနှင့် အချို့သောHIV ရှိနေသည့်ကလေးများကို နီးစပ်ရာဆွေမျိုးများက ထိန်းသိမ်းစောင့်ရှောက်ရခြင်းများလည်းရှိပါသည်။ အချို့HIV ရှိကလေးများဆိုလျှင် HIVပိုးရှိသည့်ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် ဂေဟာများတွင် ရှင်သန်ရပ်တည်ကြရလျှက် ရှိနေပါသည်။ HIV ကူးစက်ခံရခြင်း တူညီနေရသော်လည်း ရှင်သန်ရပ်တည်နေရမှု ပုံစံအမျိုးမျိုး ကွဲပြားလှျှက်ရှိနေကြပါသည်။
HIV ရှိနေသူများအတွက် အကျိုးပြုမည့်ဥပဒေများလည်း မြန်မာနိူင်ငံတွင် ရှိမနေသေးသောကြောင့် HIV ကူးစက်ခံနေရသည့်သူများအတွက် နောင်အနာဂတ် အလားအလာကောင်းများ ယနေ့အထိ မှေးမှိန်နေကြရပါသည်။
ထိုသို့ ကူးစက်ခံနေရသည့် မြန်မာနိူ်င်ငံသားများအတွက် လိုအပ်လျှက်ရှိသော အစီအမံများကို ယနေ့အချိန်တွင် ချမှတ်ဆောင်ရွက်သင့်ပြီလည်း ဖြစ်သည်။ အထူးအရေးကြီးသည်မှာ လူ့လောကထဲ ရောက်လာပြီး ဘုမသိ ဘမသိဖြင့် HIV ကူးစက်ခံရသည့် မြေစာပင် ကလေးငယ်များပင် ဖြစ်ပါသည်။ ထိုကလေးများအတွက် အနာဂါတ်ဘဝများကို ရင်လေးနေရပါသည်။ ထိုကလေးများ၏ အနာဂတ်ဘဝများ ကောင်းမွန်စေရန် စာရွက်များပေါ်၌သာ မှတ်တမ်းတင်ထားရှိပြီး လက်တွေ့အကောင်အထည်ဖော်မှုကို မည်သူမှ ဦးတည်ဆောင်ရွက်ပြုပြီး စိတ်ဝင်တစား ဆောင်ရွက်မှုများမရှိကြပါ။ ထိုကဲ့သို့ HIV ကူးစက်ခံနေရသော ကလေးငယ်များသည် ပုံစံအမျိးမျိုးဖြင့် ရှင်သန်ရပ်တည်နေကြရသော်လည်း တူညီနေသောအချက်များ အချိန်ကာလကြာသည်နှင့် အသက်အရွယ်များကြီးလာခြင်း တူညီနေပါသည်။ လူ့ဘဝတွင် အသက်အရွယ်အလိုက် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ရှိနေသဖြင့် ပညာသင်ကြားချိန် အရွယ်လွန်လာလျှင် လုပ်ငန်းခွင်ဝင်ရသည့် အရွယ်သို့တိုင် ရောက်လာနေပြီလည်း ဖြစ်ပါသည်။ သို့သော် လုံလောက်သည့် အစီအမံများ ဥပဒေများ ရှိမနေသေးခြင်းကြောင့် ထိုကလေးတို့၏ အနာဂတ်ဘဝအလင်းရောင်များ မှေးမှိန်နေရခြင်း ဖြစ်ပါသည်။ တစ်ခါလာလည်း ပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေး သုံးစွဲသူများ၏ ဘဝမြှင့်တင်ရေးကိုသာ ဦးစားပေးနေခြင်းကြောင့် ကလေးများ၏ဘဝ နစ်မွန်းရပါတော့သည်။
HIV ရှိနေသော မိဘများတွင် သားသမီးများ၌ HIV မရှိလျှင် အပူမီးတစ်မီး လျော့ကျလျှက်ရှိပါသည်။ မိဘများတွင်လည်း HIV ရှိနေပြီး သားသမီးများတွင်ပါ HIV ရှိနေပါက မိမိအတွက်ပူနေရခြင်းထက် သားသမီးတို့၏ ရှေ့ရေးအတွက် အပူမီးက ပိုမိုပြင်းထန်နေလျှက်ရှိပါသည်။ HIV ရှိနေသော ကလေးများအတွက် အနာဂတ်အစီအမံကောင်းများ ရှိမနေသည့်အတွက် အသက်အရွယ်အရ မိမိတို့သံသရာခရီးသို့ ထွက်သွားကြပါက ကျန်ရစ်ခဲ့မည့် HIV ရှိနေသော သားသမီးတို့အတွက် ရတက်မီးအပူသည် ပိုမိုပြင်းထန်နေပါသည်။ ဤသို့သော သောကအပူမီးသည် မိမိ၏ သားသမီးများတွင် HIV ရှိနေမှသာ ခံစားရပြီး သားသမီးတို့တွင် HIV မရှိပါ။ ထိုသို့ အပူမီးကို ခံစားတတ်နိုင်မည်မဟုတ်ပါ။ သားသမီးတို့တွင် HIV ပိုးရှိနေသော မိဘများ၏ နှလုံးသွေးမှ ခံစားချက်တို့သည် သားသမီးများအပေါ်တွင် စမ်းရေပမာ အစဉ်အမြဲ အေးချမ်းမှုတို့ကို ပေးလိုစိတ်ရှိကြပါသည်။ သားသမီးတွင် HIV ရှိနေပါက ထိုအပူမီးများကို ငြိမ်းအေးစေမည့် စမ်းရေများဖြင့် နောင်သံသရာ ဘဝရောက်သည့်အထိ ပေးဆပ်ချင်လိုစိတ်များ ရှိနေတတ်ပါသည်။ ထိုမိဘတို့သည် မိမိတို့၏ လူ့ဘဝအမှားအတွက် သားသမီးများမြေစာပင်ဘဝရောက်ခံရသည်ကို သံသရာအဆက်ဆက် ပေးဆပ်လိုချင်စိတ်များသည့် သားသမီးတို့အပေါ်ထားသည့် နှလုံးသား စမ်းရေများပင် ဖြစ်ကြသည်။ ထိုကဲ့သို့သော စိတ်ခံစားမှုသည် သားသမီးများတွင် HIV ရှိနေမှ ခံစားရသော အခြေအနေတစ်ရပ်ဖြစ်ပါသည်။
မိမိတို့၏ မိဘများသည် မိမိတို့ကို လူ့ဘဝထဲ ခေါ်ယူခဲ့စဉ်က မည်သည့်ရောဂါအမွေဆိုးမှ မပေးခဲ့သော်လည်း မိမိတို့အလှည့်ရောက်သောအခါတွင် သားသမီးတို့ကို HIV အမွေဆိုးပေးမိခဲ့သဖြင့် မိဘတိုင်း ယူကြုံးမရဖြစ်ကြရပါသည်။ သို့သော် မိမိတို့၏ မိဘများမှ မိမိတို့အပေါ်ထားသည့် မေတ္တာမျိုးထက် မိမိတို့၏ သားသမီးအပေါ်တွင် ထားသည့် မေတ္တာသည် မလျော့တာတော့အမှန်ပင် ဖြစ်ပါသည်။ ထို့ထက်ပိုသော ဂရုဏာမေတ္တာများ အသနားပိုထားကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုကလေးများအတွက် တာဝန်ရှိသူများမှ အနာဂါတ်စီမံချက်ကောင်းများ မရှိသေးသည့် ယခုကာလတွင် ပိုမိုပြီးစိုးရိမ်ကြောင့်ကျမှု ဖြစ်ရပါသည်။ မိဘတိုင်းသည် သားသမီးများ အပေါ်တွင်ထားသည့် မေတ္တာအတူတူပင်ဟု ယေဘုယျထင်မှတ်ရသော်လည်း HIV ကူးစက်ခံရသော သားသမီးတို့ကို ပို၍ပင် အေးမြသောမေတ္တာစမ်းရေ ပက်ဖျန်းလိုသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ မြန်မာနိူင်ငံသို့ HIV ပိုး စတင်ရောက်ရှိစဉ်ကာလများက HIV ပိုး ကူးစက်ခံခဲ့ရသည့် ကလေးများသည် ယခုအချိန်တွင် ပညာသင်ကြားချိန်အရွယ်ကို ရောက်နေကြပြီ။ အချို့ဆိုလျှင် လုပ်ငန်းခွင်ဝင်ရောက်ရန် အရွယ်များပင်ရောက်ရှိနေကြပြီး ဖြစ်သည်။ ဤကဲ့သို့သော အနာဂါတ်မဲ့ ဘဝများဖြင့် ရပ်တည်နေရသော HIV ကူးစက်ခံကလေးများအတွက် အစီအမံကောင်းများ ပြုလုပ်ပေးရန် အချိန်တန်နေပါပြီ။ သို့မှသာ HIV ရှိနေသော မိဘများသည် အချိန်တန်၍ သံသရာခရီးကို ထွက်ခွာသည့်အခါ အပူမီးများ ချုပ်ငြိမ်းနိူင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သည်။
Author : Hlaing ,Healthcare Journal , vol 7,no 50