fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အမျိုးသမီးများ၏ အဝတ်အစားနှင့် အလှအပ

150
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး, အလှအပနှင့်ကျန်းမာရေး
1 min read
A A

အမျိုးသမီးတို့၏ ပြေပြစ်သော ခန္ဓာကိုယ်အချိုးအစားသည် မြင်သူတိုင်းအား ဆွဲဆောင်နိုင်ပြီး၊ စွဲမက်ဖွယ်ရာ ဖြစ်ပေသည်။ အရွယ်ရောက်ချိန်တွင် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအနေဖြင့် ရင်သား ဖွံ့ဖြိုးလာဖြင်း၊ တင်ဆုံ ကြီးထွားလာခြင်း၊ ခါးသေးသိမ်လာခြင်းနှင့် ခန္ဓာကိုယ်နေရာ အနှံ့၌ သူ့နေရာနှင့်သူ မျှတစွာ အဆီပျံ့နှံ့နေမှုကြောင့် အမျိုးသမီးတစ်ဦး၏ လှပသော သွင်ပြင်လက္ခဏာများ ဖြစ်ပေါ်လာရသည်။ အမျိုးသမီးတို့အား မိန်းမငယ်လေးဘဝမှ ခန္ဓာကိုယ် အချိုးအစား ကျနအောင် ပြုပြင်ဆောင်ရွက်ပေးလိုက်သည်မှာ အီစထရိုဟော်မုန်းပင် ဖြစ်သည်။

သဘာဝက ပြင်ဆင်ပေးလိုက်သော ခန္ဓာကိုယ်အလှအပကို ပေါ်လွင်အောင် ထပ်မံ မွမ်းမံပေးနိုင်သည့်အရာမှာ ဝတ်စားဆင်ယင်မှုပင် ဖြစ်သည်။ ဝတ်စားဆင်ယင်မှုတွင် မိမိနှင့် လိုက်ဖက်အောင် ရွေးချယ်ဝတ်ဆင်တတ်ကြဖို့ လိုအပ်သည်။ အဝတ်အစား၏ ပုံစံမှစ၍ အရောင်အသွေး ရွေးချယ်မှုအထိ အရေးကြီးပါသည်။ ဝတ်စားဆင်ယင်မှုကြောင့် ပို၍ လှပစေနိုင်သည်။ ပို၍ မိန်းမပီသမှုကို ပြနိုင်သည်။ ဆွဲဆောင်မှုအားလည်း ဖြစ်စေသည်။ ဤတွင် တစ်ခု သတိပြုရသည်မှာ မိမိ၏ ယဉ်ကျေးမှုနှင့် ကိုက်ညီဖို့ပင် ဖြစ်သည်။

ခါးအဝတ်အစား သို့မဟုတ် စကတ်သည် အမျိုးသမီးတို့၏ အလှအပကို ပေါ်လွင်မှုရှိအောင် အဓိက ပံ့ပိုး ကူညီပေးနိုင်သည်။ ခါးအဝတ်အစား သို့မဟုတ် စကတ်မျိုးစုံ ရှိကြောင်း တွေ့ရသည်။ အဝတ်အစားကြောင့် ခါးအား သေးသွယ်လှပစေသည်။ အမျိုးသမီးတို့၏ ကောက်ကြောင်းများကို ပိုမို ပေါ်လွင် ထင်ရှားစေနိုင်သည်။
ခါးအဝတ်အစားနှင့် ပတ်သက်၍ တီထွင်ဖန်တီးမှုများကို ယခင် ကာလများစွာကပင် မြင်တွေ့ရနိုင်သည်။ ၁၉ ရာစုနှစ်တွင် ခါးကို ဆွဲညှစ်ပေးထားပြီး ခါး၏ အလှကို ပိုမို ပေါ်လွင်စေမည့် အဝတ်အစား “Corsets” ဆိုသည်မှာ ပေါ်လာခဲ့သည်။ ၁၉၇၀ ခုနှစ် ဝန်းကျင်ကလည်း “Wraparound Dresses” များကို ထည့်သွင်းကာ ဝတ်ဆင်လာခဲ့ကြသည်။ ခါးကို လှပအောင် ပြင်ဆင်လိုက်ခြင်းဖြင့် ရင်နှင့် တင်တို့၏ အလှအပကို သွယ်ဝိုက်၍ ဖော်ကျူးပေးလိုက်နိုင်ကြသည်။

ဆေးပညာတွင် ခါးတင်အချိုး waist-hip ratio ကို ကျန်းမာရေး အတွက် တိုင်းတာလေ့ရှိသ
ည်။ ခါးတင်အချိုးသည် အမျိုးသားများအတွက် ဝ.၉ အောက် ရှိသင့်ပြီး အမျိုးသမီးများအတွက် ဝ.၈၅ အောက်၌သာ ရှိသင့်သည်။ ခါးတင်အချိုး မြင့်မားလာခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပြီ ဟု အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။

ခါးတင်အချိုး မြင့်တက်လာခြင်းသည် ဝမ်းဗိုက်၌ အဆီများ စုပုံနေပြီဟု သတိပေးလိုက်ခြင်း ဖြစ်သည်။ ဝမ်းဗိုက်၌ အဆီများ စုလာခြင်းသည် ခန္ဓာကိုယ် တခြားနေရာများ၌ အဆီများစုလာခြင်းထက် ပို၍ အန္တရာယ်ရှိကြောင်း တွေ့ရသည်။ နာတာရှည်ရောဂါများ ဖြစ်ကြသော နှလုံးသွေးကြောရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များ ဖြစ်နိုင်ဖို့ အလားအလာများလာသည်။
အမျိုးသမီးများတွင် ခါးတင်အချိုးမှာ ကျန်းမာရေးအတွက်သာမက အလှအပ အတွက်လည်း စံကိန်းတစ်ခု ဖြစ်နိုင်သည်။ ခါးတင်အချိုး မြင့်လာလျှင် ခန္ဓာကိုယ်အချိုးအစား လှပမှု ယိုယွင်းလာသည့် သဘောဖြစ်သည်။ ခါးတင်အချိုး မျှတမှုကို အီစထရိုဂျင် ဟော်မုန်းကပင် စွမ်းဆောင်ပေးသည်ဟု ဆိုသည်။

ခါးတင်အချိုး လှပမှုနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များက စံနမူနာအဖြစ် Marilyn Monroe သို့မဟုတ် Scarlett Johansson ကိုပြသခဲ့သည်။ ခါးတင်အချိုး Waist-hip ratio မှာ ဝ.၇ သာ ရှိသည်။ ခါးတင်အချိုး မျှတ၍ ခန္ဓာကိုယ်အချိုးအဆ လှပမှုသည် အမျိုးသားများ၏ စွဲမက်မှု ဖြစ်စေသည်ဟု ကျွမ်းကျင်ပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့သည်။ အဝတ်အစားကို ခန္ဓာကိုယ်အပြည့် လုံခြုံအောင် ဝတ်ဆင်ထားစေကာမူ ခါးတင်အချိုး မျှတ၍ လှပနေလျှင် သင်၏ခန္ဓာကိုယ် လှပမှုမှာ ပေါ်လွင်နေမည်သာဖြစ်ပြီး မြင်သူတိုင်း စွဲမက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

အမျိုးသားခွန်အားတိုးစေမည့် အစားအစာများ

Next Post

လေဖြတ်ရောဂါကို ကာကွယ်ပါ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေဖြတ်ရောဂါကို ကာကွယ်ပါ။

ရင်သားမှာ အကျိတ်တွေ့တိုင်း ကင်ဆာလို့ထင်နေပါသလား

သူငယ်ပြန်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.