fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လေဖြတ်ရောဂါကို ကာကွယ်ပါ။

167
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi )

ေလျဖတ္ေရာဂါသည္ ကြၽန္ေတာ္တို႔ႏိူင္ငံအပါအဝင္ ကမာၻ႔ႏိူင္ငံမ်ားတြင္ အျဖစ္ပိုမ်ားလာပါသည္။ တစ္ကမာၻလုံးအတိုင္းအတာအားျဖင့္ ေျခာက္ဦးတြင္ တစ္ဦးႏႈန္းျဖစ္ပြားေနပါသည္။ ေလျဖတ္ျခင္းေၾကာင့္ စီးပြားေရး၊ လူမႈေရး၊ ႏိူင္ငံေရးႏွင့္ ပညာေရးႏွင့္ အျခားလူ႔ဘဝေနထိုင္မႈဆိုင္ရာ ကိစၥအဝဝကို အေႏွာင့္အယွက္ျဖစ္ေစပါသည္။ ထို႔ေၾကာင့္ ေလျဖတ္ေရာဂါ မျဖစ္စဥ္ကတည္းက ႀကိဳတင္ကာကြယ္ျခင္းမ်ားကို ေဆာင္႐ြက္ရပါမည္။
ေလျဖတ္ေရာဂါျဖစ္တတ္ေသာအ႐ြယ္
ေလျဖတ္ေရာဂါသည္ အသက္ ၆၀ႏွစ္ေက်ာ္သူမ်ားတြင္ အမ်ားဆုံးျဖစ္တတ္ပါသည္။ သို႔ရာတြင္ အသက္ ၄၀ေက်ာ္ႏွင့္ ၅၀ ေက်ာ္တြင္ တျဖည္းျဖည္း ျဖစ္ပြားလာသည္ကို ေတြ႕ရွိရပါသည္။ ေသြးေၾကာပတ္ေသာ လူနာသည္ ေသြးေၾကာေပါက္ေသာ လူနာမ်ားထက္ ပိုမ်ားတတ္ပါသည္။
ေလျဖတ္ေရာဂါျဖစ္တတ္ေသာ ရာသီဥတု
ေဆာင္းရာသီသည္ မိုးရာသီႏွင့္ ေႏြရာသီမ်ားထက္ ပို၍ ျဖစ္ပြားတတ္ပါသည္။ ေဆာင္းရာသီတြင္ ေသြးေၾကာေပါက္ေသာ လူနာသည္ အျခားရာသီမ်ားထက္ မ်ားေလ့ရွိပါသည္။
ေလျဖတ္တတ္ေသာအခ်ိန္
ေလျဖတ္ေရာဂါသည္ မနက္ေစာေစာပိုင္း (အထူးသျဖင့္ မနက္ ၉ နာရီ (သို႔မဟုတ္) ၆ နာရီ) တြင္ ပိုၿပီး ေလျဖတ္တတ္ပါသည္။
ေလျဖတ္ေသာ အမ်ိဳးအစား (၂) ဦး
ေလျဖတ္ျခင္းအမ်ိဳးအစား (၂)မ်ိဳးရွိၿပီး ဦးေႏွာက္အတြင္းမွာရွိေသာ ေသြးေၾကာပိတ္ျခင္းႏွင့္ ဦးေႏွာက္အတြင္းမွာရွိေသာ ေသြးေၾကာေပါက္ျခင္းတို႔ျဖစ္သည္။ ဦးေႏွာက္ေသြးေၾကာပိတ္ျခင္းသည္ ဦးေႏွာက္ဆဲလ္တြင္ရွိေသာ ေသြးေၾကာကေလးမ်ားသည္ တေျဖးေျဖးႏွင့္ က်ဥ္းၿပီး ပိတ္သြားျခင္း ျဖစ္ပါသည္။
ေလျဖတ္ေရာဂါျဖစ္ေစေသာ အေၾကာင္းအရင္းမ်ား
အသက္ႀကီးလာျခင္းေၾကာင့္ ေလျဖတ္တတ္ပါသည္။ လူမည္းမ်ားႏွင့္ အာရွတိုက္သားမ်ားတြင္ ပို၍ ေလျဖတ္တတ္ပါသည္။ အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားထက္ပိုၿပီး ေလျဖတ္ႏိူင္ပါသည္။ေလျဖတ္ေရာဂါ (သို႔မဟုတ္) ႏွလုံးေရာဂါရွိေသာ မ်ိဳး႐ိုးမ်ားတြင္လည္း ေလျဖတ္တတ္ပါသည္။
ေလျဖတ္ျခင္း၏ ေရာဂါလကၡဏာမ်ား
ေလျဖတ္ျခင္း၏ ေရာဂါလကၡဏာမ်ားမွာ မ်က္ႏွာ၊ လက္၊ ေျခတစ္ဖက္ ႐ုတ္တရက္ထုံျခင္း၊ ေလးလံျခင္း၊ ေျခေထာက္မ်ား ႐ုတ္တရက္ မ၍ မရျခင္း၊ ႐ုတ္တရက္ စကားေျပာ၍ မရျခင္း၊ စကားလုံးမ်ား ဗလုံးဗေထြးျဖစ္ျခင္း၊ မ်က္လုံးမ်ား ဝါးလာျခင္း၊ လမ္းမေလွ်ာက္ႏိူင္ျခင္း၊ ဒယိမ္းဒယိုင္ျဖစ္ျခင္း၊ လြန္ကဲစြာ မူးလာျခင္း၊ ႐ုတ္တရက္ျပင္းထန္စြာ ေခါင္းကိုက္ျခင္းႏွင့္ အန္ျခင္းတို႔ ျဖစ္ပါသည္။
သိသာထင္ရွားေသာ လကၡဏာမ်ား
မွတ္ဉာဏ္ေလ်ာ့နည္းက်ဆင္းၿပီး ေမ့တတ္လာျခင္း၊ စိတ္ကို ေကာင္းစြာမထိန္းခ်ဳပ္ႏိူင္ျခင္း၊ ငိုလြယ္ျခင္း၊ ရယ္လြယ္ျခင္း၊ သတိလစ္ျခင္း ႏွင့္ တက္ျခင္းမ်ား ျဖစ္ပါက ေလျဖတ္တတ္ပါသည္။ မ်က္ႏွာတစ္ျခမ္း ႐ြဲ႕သြားျခင္း၊ လက္မ်ားေလးလံသြားျခင္း၊ စကားေျပာပါက နားမလည္ဘဲ ျဖစ္တတ္ျခင္း၊ အစားမ်ားႏွင့္ ေရမ်ားကို မ်ိဳခ်၍ မရျခင္းႏွင့္ ဆီးဝမ္းမ်ား မထိန္းႏိူင္ျခင္း စသည္တို႔လည္း ျဖစ္ႏိူင္ပါသည္။

ေလျဖတ္ေရာဂါ ကုသျခင္း
ေလျဖတ္ေရာဂါသည္ ေသြးေၾကာပိတ္ျခင္းေၾကာင့္ ျဖစ္ပါက ေသြးခဲေပ်ာ္ေဆးျဖင့္ အခ်ိန္မီ ကုသႏိူင္ပါက လုံးဝေပ်ာက္ကင္းတတ္ပါသည္။ ပိတ္ေနေသာေသြးခဲကို ေဖ်ာ္လိုက္ျခင္းပင္ျဖစ္ပါသည္။
ေလျဖတ္ေရာဂါျဖစ္ပါက ေဆး႐ုံသို႔ပို႔ေဆာင္ကုသပါက ပို၍ေကာင္းပါသည္။ ခ်က္ခ်င္းကုသႏိူင္ေလပို၍ ေကာင္းေလျဖစ္ပါသည္။ စီတီစကန္႐ိုက္ၿပီး ေလျဖတ္ျခင္းကို သိရွိႏိူင္ပါသည္။ ေဆး႐ုံသို႔ သုံးနာရီအတြင္း ေရာက္ရွိပါက ေသြးေၾကာပိတ္ျခင္းႏွင့္ ေပါက္ျခင္းကို ခြဲျခားရရွိႏိုင္ပါသည္။ေသြးခဲေပ်ာ္ေဆးကို ေလးနာရီအတြင္းေပးၿပီး ကုသႏိူင္ပါသည္။ လိုအပ္ပါက ခြဲစိတ္ကုသမႈခံယူရပါမည္။ ေဆး႐ုံေရာက္ခ်ိန္ သုံးနာရီအတြင္း မဟုတ္ဘဲ ၁၀ နာရီေက်ာ္သြားပါက ေသြးက်ဲေဆးႏွင့္ ကုသရပါမည္။
ေလျဖတ္ေစေသာေရာဂါ (ေသြးတိုး၊ ဆီးခ်ိဳေသြးခ်ိဳ ႏွင့္ ႏွလုံးေရာဂါ)မ်ားကို ရွာေဖြကုသရပါမည္။ ပုံမွန္ေဆးမ်ား ေသာက္သုံးရပါမည္။ ေလျဖတ္ပါက ကြၽမ္းက်င္ေသာဆရာဝန္၊ သူနာျပဳႏွင့္ အေၾကာအဆစ္ သန္စြမ္းေရး ကြၽမ္းက်င္သူမ်ားႏွင့္ ျပသရပါမည္။
ေလျဖတ္ေရာဂါမျဖစ္ေစရန္ ကာကြယ္ျခင္းႏွင့္ အႀကံျပဳခ်က္
ေလျဖတ္ေရာဂါမျဖစ္ေစရန္ ကာကြယ္ႏိူင္ပါသည္။ ေဆးလိပ္ျဖတ္ရပါမည္။ ခႏၶာကိုယ္ထဲမွ အဆီမ်ားကို ေလ်ာ့ခ်ရပါမည္။ အဝလြန္ကဲျခင္း မျဖစ္ေစရန္ ကိုယ္အေလးခ်ိန္ကို ထိန္းရပါမည္။ အရက္အလြန္အကြၽံေသာက္ျခင္းကို ေရွာင္ၾကဥ္ရပါမည္။ အခ်ဥ္ အဆိမ့္ႏွင့္ အငန္မ်ား ေလ်ာ့စားရပါမည္။ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ရပါမည္။ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါႏွင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါမ်ား ရွိပါက တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ ထိေရာက္စြာ ကုသသင့္ေၾကာင္း အႀကံျပဳအပ္ပါသည္။
Author : ေဒါက္တာမင္းသူရိန္;Healthcare Journal,vol 7,no 50

(Unicode)

လေဖြတ်ရောဂါသည် ကျွန်တော်တို့နိူင်ငံအပါအဝင် ကမ္ဘာ့နိူင်ငံများတွင် အဖြစ်ပိုများလာပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ခြောက်ဦးတွင် တစ်ဦးနှုန်းဖြစ်ပွားနေပါသည်။ လေဖြတ်ခြင်းကြောင့် စီးပွားရေး၊ လူမှုရေး၊ နိူင်ငံရေးနှင့် ပညာရေးနှင့် အခြားလူ့ဘဝနေထိုင်မှုဆိုင်ရာ ကိစ္စအဝဝကို အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် လေဖြတ်ရောဂါ မဖြစ်စဉ်ကတည်းက ကြိုတင်ကာကွယ်ခြင်းများကို ဆောင်ရွက်ရပါမည်။
လေဖြတ်ရောဂါဖြစ်တတ်သောအရွယ်
လေဖြတ်ရောဂါသည် အသက် ၆၀နှစ်ကျော်သူများတွင် အများဆုံးဖြစ်တတ်ပါသည်။ သို့ရာတွင် အသက် ၄၀ကျော်နှင့် ၅၀ ကျော်တွင် တဖြည်းဖြည်း ဖြစ်ပွားလာသည်ကို တွေ့ရှိရပါသည်။ သွေးကြောပတ်သော လူနာသည် သွေးကြောပေါက်သော လူနာများထက် ပိုများတတ်ပါသည်။
လေဖြတ်ရောဂါဖြစ်တတ်သော ရာသီဥတု
ဆောင်းရာသီသည် မိုးရာသီနှင့် နွေရာသီများထက် ပို၍ ဖြစ်ပွားတတ်ပါသည်။ ဆောင်းရာသီတွင် သွေးကြောပေါက်သော လူနာသည် အခြားရာသီများထက် များလေ့ရှိပါသည်။
လေဖြတ်တတ်သောအချိန်
လေဖြတ်ရောဂါသည် မနက်စောစောပိုင်း (အထူးသဖြင့် မနက် ၉ နာရီ (သို့မဟုတ်) ၆ နာရီ) တွင် ပိုပြီး လေဖြတ်တတ်ပါသည်။
လေဖြတ်သော အမျိုးအစား (၂) ဦး
လေဖြတ်ခြင်းအမျိုးအစား (၂)မျိုးရှိပြီး ဦးနှောက်အတွင်းမှာရှိသော သွေးကြောပိတ်ခြင်းနှင့် ဦးနှောက်အတွင်းမှာရှိသော သွေးကြောပေါက်ခြင်းတို့ဖြစ်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းသည် ဦးနှောက်ဆဲလ်တွင်ရှိသော သွေးကြောကလေးများသည် တဖြေးဖြေးနှင့် ကျဉ်းပြီး ပိတ်သွားခြင်း ဖြစ်ပါသည်။
လေဖြတ်ရောဂါဖြစ်စေသော အကြောင်းအရင်းများ
အသက်ကြီးလာခြင်းကြောင့် လေဖြတ်တတ်ပါသည်။ လူမည်းများနှင့် အာရှတိုက်သားများတွင် ပို၍ လေဖြတ်တတ်ပါသည်။ အမျိုးသားများသည် အမျိုးသမီးများထက်ပိုပြီး လေဖြတ်နိူင်ပါသည်။လေဖြတ်ရောဂါ (သို့မဟုတ်) နှလုံးရောဂါရှိသော မျိုးရိုးများတွင်လည်း လေဖြတ်တတ်ပါသည်။
လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများ
လေဖြတ်ခြင်း၏ ရောဂါလက္ခဏာများမှာ မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက်ထုံခြင်း၊ လေးလံခြင်း၊ ခြေထောက်များ ရုတ်တရက် မ၍ မရခြင်း၊ ရုတ်တရက် စကားပြော၍ မရခြင်း၊ စကားလုံးများ ဗလုံးဗထွေးဖြစ်ခြင်း၊ မျက်လုံးများ ဝါးလာခြင်း၊ လမ်းမလျှောက်နိူင်ခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ လွန်ကဲစွာ မူးလာခြင်း၊ ရုတ်တရက်ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် အန်ခြင်းတို့ ဖြစ်ပါသည်။
သိသာထင်ရှားသော လက္ခဏာများ
မှတ်ဉာဏ်လျော့နည်းကျဆင်းပြီး မေ့တတ်လာခြင်း၊ စိတ်ကို ကောင်းစွာမထိန်းချုပ်နိူင်ခြင်း၊ ငိုလွယ်ခြင်း၊ ရယ်လွယ်ခြင်း၊ သတိလစ်ခြင်း နှင့် တက်ခြင်းများ ဖြစ်ပါက လေဖြတ်တတ်ပါသည်။ မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း၊ လက်များလေးလံသွားခြင်း၊ စကားပြောပါက နားမလည်ဘဲ ဖြစ်တတ်ခြင်း၊ အစားများနှင့် ရေများကို မျိုချ၍ မရခြင်းနှင့် ဆီးဝမ်းများ မထိန်းနိူင်ခြင်း စသည်တို့လည်း ဖြစ်နိူင်ပါသည်။

လေဖြတ်ရောဂါ ကုသခြင်း
လေဖြတ်ရောဂါသည် သွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပါက သွေးခဲပျော်ဆေးဖြင့် အချိန်မီ ကုသနိူင်ပါက လုံးဝပျောက်ကင်းတတ်ပါသည်။ ပိတ်နေသောသွေးခဲကို ဖျော်လိုက်ခြင်းပင်ဖြစ်ပါသည်။
လေဖြတ်ရောဂါဖြစ်ပါက ဆေးရုံသို့ပို့ဆောင်ကုသပါက ပို၍ကောင်းပါသည်။ ချက်ချင်းကုသနိူင်လေပို၍ ကောင်းလေဖြစ်ပါသည်။ စီတီစကန်ရိုက်ပြီး လေဖြတ်ခြင်းကို သိရှိနိူင်ပါသည်။ ဆေးရုံသို့ သုံးနာရီအတွင်း ရောက်ရှိပါက သွေးကြောပိတ်ခြင်းနှင့် ပေါက်ခြင်းကို ခွဲခြားရရှိနိုင်ပါသည်။သွေးခဲပျော်ဆေးကို လေးနာရီအတွင်းပေးပြီး ကုသနိူင်ပါသည်။ လိုအပ်ပါက ခွဲစိတ်ကုသမှုခံယူရပါမည်။ ဆေးရုံရောက်ချိန် သုံးနာရီအတွင်း မဟုတ်ဘဲ ၁၀ နာရီကျော်သွားပါက သွေးကျဲဆေးနှင့် ကုသရပါမည်။
လေဖြတ်စေသောရောဂါ (သွေးတိုး၊ ဆီးချိုသွေးချို နှင့် နှလုံးရောဂါ)များကို ရှာဖွေကုသရပါမည်။ ပုံမှန်ဆေးများ သောက်သုံးရပါမည်။ လေဖြတ်ပါက ကျွမ်းကျင်သောဆရာဝန်၊ သူနာပြုနှင့် အကြောအဆစ် သန်စွမ်းရေး ကျွမ်းကျင်သူများနှင့် ပြသရပါမည်။
လေဖြတ်ရောဂါမဖြစ်စေရန် ကာကွယ်ခြင်းနှင့် အကြံပြုချက်
လေဖြတ်ရောဂါမဖြစ်စေရန် ကာကွယ်နိူင်ပါသည်။ ဆေးလိပ်ဖြတ်ရပါမည်။ ခန္ဓာကိုယ်ထဲမှ အဆီများကို လျော့ချရပါမည်။ အဝလွန်ကဲခြင်း မဖြစ်စေရန် ကိုယ်အလေးချိန်ကို ထိန်းရပါမည်။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ရပါမည်။ အချဉ် အဆိမ့်နှင့် အငန်များ လျော့စားရပါမည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ဆီးချိုသွေးချိုရောဂါများ ရှိပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ထိရောက်စွာ ကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author : ဒေါက်တာမင်းသူရိန်;Healthcare Journal,vol 7,no 50

Previous Post

အမျိုးသမီးများ၏ အဝတ်အစားနှင့် အလှအပ

Next Post

ရင်သားမှာ အကျိတ်တွေ့တိုင်း ကင်ဆာလို့ထင်နေပါသလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်သားမှာ အကျိတ်တွေ့တိုင်း ကင်ဆာလို့ထင်နေပါသလား

သူငယ်ပြန်ရောဂါ

သဘာဝသီးနှံများနဲ့ ဆံနွယ်ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.