fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကိုယ်ဝန်ဆောင်ကာလ မကြာခဏငိုတတ်တဲ့အကြောင်းရင်း

657
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/11/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ကာလကို ကျော်ဖြတ်နေတဲ့ မိခင်လောင်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အတူတကွနေထိုင်ပြီး အနီးကပ် စောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်များအတွက် သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေ အများကြီးရှိပါတယ်။ ထိုအချက်တွေထဲကမှ ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏငိုတတ်တဲ့အကြောင်းရင်းတွေကို OnDoctor စာဖတ်သူ ပရိသတ်များအတွက် မျှဝေပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏငိုတတ်တာကို ကြုံတွေ့နေရသူတစ်ယောက်ဆိုရင် စိတ်ပျက်စိတ်ရှုပ်တာမျိုး ခံစားရတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏငိုတတ်ခြင်းဟာ ပုံမှန်ဖြစ်လေရှိတဲ့ပြောင်းလဲမှုတစ်ခုပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီး တော်တော်များများမှာ ခန္ဓာကိုယ်ရှိ ဟော်မုန်းဓာတ်ပြောင်းလဲမှုနဲ့ အခြားအကြောင်းအရာများကြောင့် မကြာခဏငိုတတ်လေ့ရှိပါတယ်။  ကိုယ်ဝန်ဆောင်ခြင်းဟာ ကိုယ်ခန္ဓာပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုအလွန်များပြီး မိခင်ဘဝကို ရောက်ရှိတော့မယ့် ကိုယ်ဝန်ဆောင်တွေရဲ့ စိတ်ခံစားချက်တွေဟာ ရိုလာကိုစတာ စီးနေရသကဲ့သို့ အတက်အကျများတတ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်လောင်းအချို့မှာ ခန္ဓာကိုယ်ထဲရှိ မဟော်မုန်း အီစထရိုဂျင်(Estrogen)ပမာဏပြောင်းလဲမှုကို ခံနိုင်ရည်မရှိခြင်းနဲ့ ပရိုဂျက်စထရုန်း (Progesterone) ၊ ကော်တီဇော (Cortisol) ခေါ် စိတ်ဖိစီးမှုဟော်မုန်းများလာတဲ့အလျောက် စိတ်ခံစားချက်များပြင်းထန်ပြီး ငိုတတ်ကြပါတယ်။ အထူးသဖြင့် ဟော်မုန်းဓါတ်ပြောင်းလဲမှုမြင့်တဲ့ ကိုယ်ဝန်ဆောင်ကာလ ပထမလများနှင့် မွေးဖွားခါနီး နောက်ဆုံးလများမှာ စိတ်အားငယ်ဝမ်းနည်းမှု ပိုဖြစ်လွယ်တတ်ပါတယ်။ ဒါကြောင့် ပုံမှန်အချိန်နဲ့မတူဘဲ စိတ်ထိခိုက်လွယ်၊ မျက်ရည်ကျလွယ်တဲ့ အခြေအနေများ ပိုဖြစ်တတ်ပါတယ်။။

ကိုယ်ဝန်ဆောင်ကာလမှာ ဦးနှောက်အတွင်းရှိ ကြောက်ရွံမှုနဲ့စိုးရိမ်ပူပန်မှုကို ထိန်းချုပ်ပေးသည့်နေရာတွေဖြစ်တဲ့ Anxiety, Fear systems တွေရဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် ထိုကြောက်ရွံမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မိမိရင်သွေးကို ဘေးအန္တရာယ်မဖြစ်စေရန် ကာကွယ်မှုပေးနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်မှုတွေကို မထိန်းချုပ်နိုင်တဲ့အတွေးများ ဝင်ရောက်လာသောအခါမျိုးမှာ ဝမ်းနည်းလွယ်ခြင်း၊ မကြာခဏငိုတတ်ခြင်းများ ဖြစ်တတ်ပါတယ်။ ကလေး​မီးဖွားခြင်းနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကြောင့် ကိုယ်ဝန်ဆောင်အများစုမှာ ပုံမှန်ထက် စိတ်ဖိစီးမှုပိုများတတ်ကြပါသည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ခန္ဓာကိုယ်အလေးချိန် ပြောင်းလဲလာမှု၊ ပုံပန်းသွင်ပြင်ပြောင်းလဲမှုတွေနဲ့ အလှအပနဲ့ပတ်သက်ပြီး မိမိယူဆထားတဲ့ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နဲ့ ခြားနားလာမှုတို့ကြောင့်လည်း စိတ်ဖိစီးမှုများ၊ ဝမ်းနည်းမျက်ရည်ကျလွယ်မှုများ ကြုံတွေ့ရနိုင်ပါတယ်။ မိခင်ဘဝသို့ မကြာမှီရောက်ရှိသောမှာဖြစ်လို့ တာဝန်ယူရမယ့်အကြောင်းအရာများ၊ တခြားပူပန်သောကဖြစ်စရာ အတွေးများကြောင့်လည်း ပိုပြီးစိတ်ခံစားချက် ပြောင်းလဲမှုများ ဖြစ်လာတတ်ပါတယ်။

အထူးသတိထား ရမယ့်အချက်များမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ စိတ်ကျရောဂါရှိသူ၊ စိုးရိမ်မှုများတတ်တဲ့စိတ်အခြေအနေရှိသူ၊ ဒါမှမဟုတ် စိတ်ကျရောဂါလက္ခဏာများ၊ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း နေ့စဉ်ရက်ဆက် စိတ်မပျော်ရွှင်မှု ခံစားရခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အာရုံစူးစိုက်၍ မရဘဲ ပူပန်သောကအလွန်များခြင်း၊ မိမိကိုယ်တိုင်ဖြစ်စေ၊ ရင်သွေးကိုဖြစ်စေ စိတ်ဝင်စားစောင့်ရှောက်မှု မရှိခြင်း၊ ဒေါသကြီးစိတ်ဆတ်၍ အန္တရာယ်ပြုခြင်း၊ ရန်လိုခြင်းနဲ့ မိမိအသက်အန္တရာယ် ဒါမှမဟုတ် လွယ်ထားသောကိုယ်ဝန်ကို အန္တရာယ်ဖြစ်နိုင်တဲ့ အပြုအမှုများ ပြုလုပ်လာခြင်းတို့ ရှိလာပါက တတ်ကျွမ်းနားလည်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်ဆရာဝန်များ၊ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ ဆွေးနွေးကုသမှုခံယူသင့်ပါတယ်။

ယနေ့ခေတ်ကဲ့သို့  ပြင်းထန်ကူးစက်ရောဂါတွေနဲ့ အခြားဘေးအန္တရာယ်များ ကြုံတွေ့နိုင်မှုကြောင့်  ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ပိုင်းဆိုင်ရာပြသနာ ကြုံတွေ့နိုင်မှုများ ပိုများလာတတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Covid-19 ကပ်ရောဂါအတွင်း ကိုယ်ဝန်ဆောင်သူတွေမှာ မီးဖွားပြီးစိတ်ဓာတ်ကျရောဂါ ခံစားရတဲ့အမျိုးသမီးပမာဏ ၁၅ ရာခိုင်နှုန်းပိုများလာတာကို တွေ့ရှိရပါတယ်။

ကိုယ်ဝန်ဆောင်ကာလ မကြာခဏငိုတတ်တဲ့ အကြောင်းရင်းများကို နားလည်သိရှိပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ဒီဆောင်းပါးလေးနဲ့ ရေးသားမျှဝေပေးလိုက်ပါတယ်။

 

Author: Dr. Ye Mon

Previous Post

မျက်ကွင်းညိုခြင်း ပျောက်ကင်းအောင်

Next Post

အမျှင်ဓာတ်က အစာခြေစနစ်အတွက် ဘာကြောင့်အရေးကြီးတာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
827

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျှင်ဓာတ်က အစာခြေစနစ်အတွက် ဘာကြောင့်အရေးကြီးတာလဲ

ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုအစားအစာတွေ ရှောင်သင့်သလဲ

ကလေးများနှင့် ဝမ်းချုပ်ခြင်းပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.