fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဝက်ခြံထွက်ပြီးရင် အမာရွတ်တွေမကျန်အောင် ဒါတွေရှောင်ပါ

734
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/11/2021
in အမျိုးသမီး ကျန်းမာရေး, အလှအပနှင့်ကျန်းမာရေး
1 min read
A A

“ဟယ် မျက်နှာမှာလည်း ဝက်ခြံတွေ အမာရွတ်တွေနဲ့ !” ဆိုတဲ့စကားက အလှအပကို မြတ်နိုးသူတွေအတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ လူအများစုမှာ ဝက်ခြံထွက်တဲ့ ပြဿနာကို တစ်ကြိမ်ထက်မနည်းကြုံဖူးကြမှာပါ။ ဒီလိုအလှဖျက်တဲ့ ဝက်ခြံရဲ့ နောက်ဆက်တွဲပြဿနာတစ်ခုကတော့ ဝက်ခြံအမာရွတ်ပဲဖြစ်ပါတယ်။ ဒီလိုဝက်ခြံအမာရွတ်ဖြစ်အောင် လုပ်နေတာက တစ်ခါတလေ မိမိကိုယ်တိုင်ဖြစ်နေတတ်ပါသည်။ မိမိကိုယ်တိုင် သတိမထားမိဘဲ ဝက်ခြံထွက်သည့်နေရာကို လက်ဖြင့်မကြာခဏ ကိုင်တွယ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းများက အမာရွတ်ကျန်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါသည်။

နေရောင်ခြည်မှာပါတဲ့ အရမ်းလွန်ရောင်ခြည် UV ဓာတ်တွေက အသားအရေကို ပျက်စီးစေပြီး၊ အဆီပြန်ပြီး ဝက်ခြံပိုထွက်စေကာ၊ဝက်ခြံအမာရွတ် အမည်းစက်များဖြစ်စေတတ်ပါသည်။ ထို့ကြောင့် နံနက်ခင်းမျက်နှာသစ်ပြီး Sunscreen ခေါ် နေရောင်ကာလိမ်းဆေး မဖြစ်မနေလိမ်းပေးရပါမည်။ အိမ်မှာနေစဉ် နေရောင်ကာမလိမ်းဘဲ အပြင်ထွက်မှသာ လိမ်းခြင်းကိုရှောင်ပါ။ နေရောင်ခြည်ပြင်းချိန် အပြင်မထွက်မှီ အနည်းဆုံးနာရီဝက်ခံ ကြိုတင်၍ နေရောင်ကာကွယ်နိုင်စွမ်း အနည်းဆုံး SPF 30 ရှိသည့် နေရောင်ကာလိမ်းဆေးကို ၂ နာရီခြားတစ်ခါလိမ်းပေးရပါမည်။ နေရောင်ကာလိမ်းဆေးမလိမ်းပဲ အပြင်ထွက်ခြင်းကိုရှောင်ပါ။

ဝက်ခြံထွက်ခြင်းသည် အဆီ၊ ချွေးပေါက်များပိတ်ဆို့ခြင်းကြောင့်ဖြစ်၍ နေ့စဉ်မျက်နှာကို သေချာသန့်စင်ပေးရမည်။ ချွေးပေါက်များ ပိတ်ဆို့စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး ထူထူလိမ်းခြယ်ခြင်းကို ရှောင်ပါ။ မိတ်ကပ်၊ သနပ်ခါး၊ ဖုန်စသည့် အညစ်အကြေးများကို မိတ်ကပ်သန့်စင်ဆေး Cleansing Cream, Micellar Water နှင့် ညမအိပ်ခင် သေချာသန့်စင်ပေးပြီး မျက်နှာသစ်ဆေးပျော့ပျော့ဖြင့် တစ်နေ့၂ကြိမ် မျက်နှာသစ်ပေးရမည်။ မျက်နှာကို ခဏခဏသစ်ခြင်း၊ မျက်နှာသစ်ဆေးအပြင်းများ အသုံးပြုခြင်းကို ရှောင်ပါ။ မျက်နှာ၏ အရေပြားကိုကာကွယ်ပေးသည့်အလွှာ Skin Barriers ပျက်စီးစေနိုင်သည့် စတီးရွိုက်ပါသော အလှကုန်များ၊ ကြမ်းတမ်းသော Scrub ကဲ့သို့ မျက်နှာပွတ်တိုက်ရသည့် ပစ္စည်းများရှောင်ပါ။

ဝက်ခြံထွက်ပြီး ပိုးဝင်ရောင်ရမ်းသောအခါ ခန္ဓာကိုယ်မှ ဇီဝကမ္မ တုံ့ပြန်မှုအရ သွေးကြောမျှင်အသစ်များ ဖြစ်ပေါ်လာမှုကြောင့် အနီရောင်အစက်များဖြစ်ပြီး ကျန်ခဲ့တတ်သည်။ ထို့ကြောင့် ဝက်ခြံကိုပိုးမဝင်အောင် လက်ဖြင့်ခဏခဏကိုင်ခြင်း ရှောင်ပါ။ အစိုဓာတ်ထိန်းမျက်နှာလိမ်းဆေး Moisturizer ပုံမှန်အသုံးပြုပေးပါ။ မီးဖိုချောင်အသီးအနှံနှင့် အခြားသောပစ္စည်းများ တိုက်ရိုက်မျက်နှာပေါ်တင်ခြင်းသည် အချို့သောသူများ၏ အရေပြားနှင့်ဓါတ်မတည့်မှု ပြဿနာများဖြစ်နိုင်သည်။ ထို့ကြောင့် သံပရာသီး၊ ခရမ်းချဉ်သီး၊ ရှားစောင်းလက်ပါတ်တို့ကို မျက်နှာအရေပြားပေါ် တိုက်ရိုက်အသုံးပြုခြင်း ရှောင်ပါ။

ဝက်ခြံထွက်လျှင် လိမ်းရသောလိမ်းဆေးနှင့် အခြားဝက်ခြံသီးသန့်အလှကုန်များ အလွန်အကျွံသုံးစွဲခြင်းကလည်း မျက်နှာအရေပြား ခြောက်သွေ့စေနိုင်သဖြင့် အမာရွတ်ပိုဖြစ်စေနိုင်သည်။ ထို့ကြောင့် ဝက်ခြံပျောက်ချင်ဇောနှင့် မကြာခဏလိမ်းခြင်း၊ လိုအပ်သည်ထက် ပမာဏများများလိမ်းခြင်းကိုရှောင်ပါ။ အရက်ပြန်ပါသော အလှကုန်ပစ္စည်းများ၊ အရေပြားအပေါ်လွှာကို ခွာချသည့်အာနိသင်ရှိ အလှကုန်များ အသုံးပြုခြင်းသည် အရေပြားကိုကာကွယ်ပေးသည့်အလွှာကို ပျက်စီးစေပြီး နေရောင်နှင့်တိုက်ရိုက်ထိလျှင် အမည်းစက်၊ အမာရွတ်ပို၍ဖြစ်စေနိုင်သောကြောင့် သတိပြုသင့်ပါသည်။ မိမိသုံးစွဲသော အလှကုန်ပစ္စည်းများတွင် စတီးရွိုက်ကဲ့သို့ အရေပြားပျက်စီးစေသော ပါဝင်ပစ္စည်းများအပြင်၊ တွဲဖက်သုံးစွဲရန်မသင့်သော ပါဝင်ပစ္စည်းများ ပါမပါ သေချာစစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် မျက်နှာအသားအရေ အနေအထား၊ ဝက်ခြံအမျိုးအစား မတူညီသောကြောင့် တခြားသူများ ဝက်ခြံသက်သာသောဆေး၊ အလှကုန်များကို သေချာမစစ်ဆေးပဲ မိမိမျက်နှာပေါ်မသုံးသင့်ပါ။

ဝက်ခြံဖြစ်သည်နှင့် သာမာန်အသားအရေထိန်းသိမ်းမှု ပစ္စည်းများ၊ ဝက်ခြံအတွက်ထုတ်ကုန်များဖြင့် သက်သာသွားသူများရှိသလို အရေပြားဆရာဝန်နှင့် သေချာပြသပြီး လိုအပ်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဟော်မုန်းဆေးနှင့် အခြားကုသမှုများအထိ လိုအပ်သူများလည်းရှိပါသည်။ ဝက်ခြံထွက်ပြီး နောက်ဆက်တွဲ အမာရွတ်ပြဿနာကို သက်သာစေရန် အထက်ပါဆောင်ရန် ရှောင်ရန်နည်းလမ်းများကို ပြုလုပ်နိုင်ပြီး မျက်နှာအရေပြားအပေါ်ယံလွှာကို ဓာတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း Chemical Peeling လေဆာရောင်ခြည်ဖြင့်ကုသခြင်း Laser Treatment နှင့် အခြားအမာရွတ်ကုသမှုများဖြင့်လည်း အမာရွတ် သက်သာအောင်ကုသနိုင်ပါသည်။

Author: Dr. Ye Mon

Previous Post

ကိုယ်ဝန်ဆောင်နှင့် ဆေးလိပ်ငွေ့အန္တရာယ်

Next Post

ကြွက်သားနာကျင်ခြင်းသက်သာစေမယ့် သဘာ၀နည်းလမ်းများ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
594
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
723

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
702
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.1k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြွက်သားနာကျင်ခြင်းသက်သာစေမယ့် သဘာ၀နည်းလမ်းများ 

ဆောင်းရာသီမှာ အသားပပ်တာသက်သာစေမယ့် နည်းလမ်းများ

ကျန်းမာတဲ့အသားအရေပိုင်ဆိုင်ဖို့ ဘယ်ဗီတာမင်တွေလိုအပ်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.