fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ဘယ်လိုစပေါ်လာလဲ

137
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/12/2021
in ကိုဗစ်ရောဂါ
1 min read
A A

၂၀၁၉ ခုနှစ်အကုန်မှစပြီး လူသားများကို ခြိမ်းခြောက်မှုပြုနေသော SARS-CoV-2 ကိုဗစ်ဗိုင်းရပ်စ်ပိုး၏ မျိုးစိတ်များဖြစ်သော Alpha အယ်လ်ဖာ၊ Beta ဘီတာ၊ Gamma ဂမ်မာ၊ Delta ဒယ်လ်တာ စသည့်မျိုးစိတ်တို့ကဲ့သို့ မျိုးရိုးဗီဇ အဆင့်ဆင့်ပြောင်းလဲပြီး ထွက်ပေါ်လာသော မျိုးစိတ်သစ်တစ်ခုမှာ Omicron အိုမီခရွန်မျိုးကွဲ ဖြစ်ပါသည်။ အိုမီခရွန်သည် မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်စဉ် အဆင့်ပေါင်း ၅၀ကျော်ပါဝင်သော ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲအသစ်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုး၏ ဗီဇဖွဲ့စည်းမူတွင်ပါသော Spike Protein ပေါ်ရှိ Receptor Binding Domain ခေါ် လူ့ခန္ဓာကိုယ်ဆဲလ်တွင်းသို့ ဝင်ရောက်သောနေရာတွင် ဗီဇပြောင်းလဲမှုပေါင်း ၃၂ ခုထိ တွေ့ရှိရသော မျိုးကွဲတစ်ခုဖြစ်သည်။

Omicron မျိုးကွဲ B.1.1.529 Variant ကူးစက်ခံရသူများကို တောင်အာဖရိကတွင် စတင်စစ်ဆေးတွေ့ရှိခဲ့သည်။ Omicron မျိုးစိတ်အသစ် ကူးစက်ခံရမှုကို တောင်အာဖရိကနိုင်ငံ Botswana နိုင်ငံမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထံသို့ နိုဝင်ဘာလ၊၂၄ရက်နေ့တွင် ဦးစွာသတင်းပို့တင်ပြခဲ့သည်။ သို့သော် နောက်ကြောင်းပြန် သုတေသနလေ့လာချက်များအရ နယ်သာလန်နှင့် နိုင်ဂျီးရီးယားနိုင်ငံများတွင် အောက်တိုဘာလက ရောဂါကူးစက်မှုစစ်ဆေးချက်များအရ အိုမီခရွန်မျိုးကွဲကူးစက်သူများရှိနေခဲ့ကြောင်း တွေ့ရှိရသည်။ ကိုဗစ်ကူးစက်ရောဂါကို စောင့်ကြပ်ကြည့်ရှုမှု အားနည်းသောအချို့ဒေသများတွင် ၂၀၂၀ ခုနှစ်ကစ ကူးစက်ပျံ့နှံ့နေရမှ ယခုကဲ့သို့ သန္ဓေပြောင်းဗီဇမျိုးကွဲအသစ်အဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု တောင်အာဖရိကရှိ လေ့လာသူပညာရှင်များက ယူဆကြသည်။

အိုမီခရွန်မျိုးကွဲပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ သိပ္ပံနည်းကျလေ့လာသူများနှင့် အောက်စဖို့ဒ်တက္ကသိုလ်ရှိ မျိုးစိတ်ဆင့်ပွားပြောင်းလဲမှု ကျွမ်းကျင်ပညာရှင်များ၏ ယူဆချက်တစ်ခုမှာ တိရိစ္ဆာန်မျိုးစိတ်များတွင် ၂၀၂၀ ခုနှစ်နှစ်လယ်က စတင်ကူးစက်ပျံ့နှံ့ခဲ့သော Covid-19 ဗိုင်းရပ်စပိုးသည် ဗီဇဆင့်ကဲပြောင်းလဲပြီး တိရိစ္ဆာန်များမှတဆင့် လူသားများထံ ကူးစက်ပျံ့နှံ့သည်ဟူ၍ဖြစ်သည်။ နောက်ထပ်ယူဆချက်တစ်ခုမှာ Covid-19 ပိုးကူးစက်ခံရပြီး ပြင်းထန်အဆုတ်ယောင်ဝေဒနာနှင့် အသက်ရှုလမ်းကြောင်းကို အသက်ရှူပိုက်ထည့်ကုသမှု Intubation ခံယူနေရသောလူနာများတွင် ဗီဇပြောင်းပြီးမျိုးစိတ်အသစ်အဖြစ် ပြန်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ကောက်ချက်ချကြသည်။

နာတာရှည်ရောဂါအခံ သို့မဟုတ် ကိုယ်ခံအားချ ဆေးတစ်မျိုးမျိုးကြောင့် ကိုယ်ခံအားတုံ့ပြန်တိုက်ခိုက်မှု လျော့နည်းနေသောသူများ  (အထူးသဖြင့် ခုခံအားကျဆင်းမှု ရောဂါခံစားရသူများ HIV Patients) တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီးနောက် ပျောက်ကင်းခြင်းမရှိဘဲ နာတာရှည်ကူးစက်မှုအသွင်ပြောင်းပြီး အိုမီခရွန်ဗီဇမျိုးကွဲအဖြစ် ပေါ်ထွက်လာသည်ဟုလည်း ယူဆကြသည်။ KwaZulu-Natal တက္ကသိုလ်မှ ကူးစက်ရောဂါညာရှင် Richard Lessells နှင့်လေ့လာသူအဖွဲ့၏ တွေ့ရှိချက်တစ်ခုတွင်  တောင်အာဖရိကနိုင်ငံရှိ HIV ရောဂါရှိသူ အမျိုးသမီးတစ်ဦးတွင် ၆ လကြာအထိ ကိုဗစ်ရောဂါပိုးကူးစက်မှု ခံစားနေရသည်ကိုတွေ့ရသည်။ ထို့ကြောင့် အိုမီခရွန်မျိုးကွဲပေါ်ပေါက်မှုသည် ဆေးကုသမှုမခံယူသော HIV ခံစားနေရသူများနှင့် ဆက်စပ်မှုရှိမည်ဟု ပညာရှင်များက ကောက်ချက်ချကြသည်။

လက်ရှိအချိန်ကာလတွင် ကမ္ဘာ့နိုင်ငံကြီးများနှင့် အိမ်နီးချင်းနိုင်ငံများမှာပါ တွေ့ရှိနေရသော အိုမီခရွန်မျိုးကွဲ၏ ပြင်းထန်မှု၊ ရောဂါကူးစက်နိုင်မှု၊ ကာကွယ်ဆေးသက်ရောက်မှုစသည့် သုတေသနလုပ်ငန်းများမှ လေ့လာတွေ့ရှိချက်အရ စိုးရိမ်ရသောမျိုးစိတ်ဖြစ်သော်လည်း ရောဂါလက္ခဏာပြင်းထန်မှုနည်းသော ယဉ်ပါးသောမျိုးကွဲတစ်ခုဖြစ်နိုင်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ညွှန်ကြားချက်များအတိုင်း ကာကွယ်နေထိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးခြင်းဖြင့် ရောဂါပြင်းထန်မှုကို ကြိုတင်ကာကွယ်နိုင်ကြောင်း စာဖတ်သူများကို မျှဝေအပ်ပါသည်။

Author: Dr. Yee Mon

 

 

Previous Post

ချွဲသလိပ်ကပ်ခြင်းကိုသက်သာစေမယ့်  အိမ်တွင်းနည်းလမ်းများ

Next Post

အအေးမိတာနဲ့တုပ်ကွေး ဘာတွေကွာလဲ၊ ဖြစ်လာရင် ဘယ်လိုကုမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

4 years ago
536

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

5 years ago
258

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

5 years ago
200

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

5 years ago
209

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

5 years ago
412

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

5 years ago
138

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အအေးမိတာနဲ့တုပ်ကွေး ဘာတွေကွာလဲ၊ ဖြစ်လာရင် ဘယ်လိုကုမလဲ

အမျိုးသားများ စိတ်မပါလက်မပါဖြစ်ရခြင်းနောက်ကွယ်က အကြောင်းတရားများ

ကိုယ်လက်တွေညောင်းညာကိုက်ခဲနေပြီဆိုရင် ဒါလေးတွေလုပ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.