fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

အိုမီခရွန်ကူးစက်ခံရလျှင် နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ

501
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/01/2022
in ကိုဗစ်ရောဂါ
1 min read
A A

နိုဝင်ဘာလတွင် စတင်တွေ့ရှိသတင်းပို့လာသော ကိုဗစ်ဗိုင်းရပ်စ်ပိုး၏ မျိုးကွဲအသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ Technical Advisory Group on SARS-CoV-2 Virus Evolution (TAG-VE) ကိုဗစ်ပိုးဗီဇပြောင်းလဲမှု လုပ်ငန်းအကြံပေးအဖွဲ့အစည်းမှ  ဂရိအက္ခရာဖြစ်သည့် Omicron အိုမီခရွန် နာမည်ပေးခဲ့ပါသည်။ Variants of Concern (VOCs) ခေါ် စိုးရိမ်ရသော ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ် အုပ်စုဝင်အဖြစ်လည်း မကြာသေးသောအချိန်က သတ်မှတ်ပြီး ကြေငြာချက်ထုတ်ခဲ့ပါသည်။

အိုမီခရွန်ဗီဇမျိုးကွဲ ကူးစက်ခံရသူများတွင် Alpha အယ်လ်ဖာနှင့် Delta ဒယ်လ်တာမျိုးစိတ်တွင် တွေ့ရှိခဲ့ရသော လက္ခဏာများဖြစ်သည့် ဖျားခြင်းနှင့်ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ အသက်ရှုမဝဖြစ်ခြင်း၊ ခန္ဓာကိုယ်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယို/နှာပိတ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ အနည်းစုတွင် အနံ့အရသာပျောက်ခြင်းလက္ခဏာများတွေ့ရပြီး အခြားမျိုးစိတ်များနှင့်မတူဘဲ ရက်အနည်းငယ်သာ ခံစားရကြောင်း တွေ့ရှိရနိုင်သည်။

အိုမီခုရွန်ပိုးကူးစက်ခံရပြီးနောက် ၃-၄ ရက်ခန့်အကြာတွင် သာမန်ဖျားနာမှုကဲ့သို့ အပျော့စားလက္ခဏာများ စတင်ခံစားရနိုင်သည်။ အများဆုံးတွေ့ရတတ်သည့် အစောဆုံးလက္ခဏာမှာ လည်ချောင်းယားယံခြင်းဖြစ်ပြီး နှာခေါင်းပိတ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းတို့ နောက်ဆက်တွဲခံစားရနိုင်သည်။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း အထူးသဖြင့် ခါးနာခြင်းလက္ခဏာကို ခံစားရနိုင်သည်။ အခြားကိုဗစ်မျိုးကွဲများကဲ့သို့ အဆုတ်နှင့်အသက်ရှုလမ်းကြောင်း ပြဿနာများ၊ သွေးတွင်းအောက်ဆီဂျင်ကျပြီး အောက်ဆီဂျင်လိုအပ်သည့် လက္ခဏာများကို အိုမီခရွန်မျိုးစိတ် ကူးစက်ခံရသူများတွင် အနည်းငယ်သာတွေ့ရှိရပါသည်။

ဗီဇပြောင်းလဲမှုအများဆုံး မျိုးစိတ်ဖြစ်သော အိုမီခရွန်ကူးစက်ပျံ့နှံ့မှုစတင်လာသော်လည်း ဖွံ့ဖြိုးဆဲ၊ဆင်းရဲသောနိုင်ငံများတွင် ကာကွယ်ဆေး လိုအပ်ချက်မြင့်မားပြီး လူတိုင်းကာကွယ်ဆေးထိုးနိုင်မှု လျော့နည်းလာကာ ကိုဗစ်စတုတ္ထလိုင်းကို ဦးတည်နေလျက်ရှိသည်။ အသက်၁၈နှစ်အောက်များတွင် အိုမီခရွန်ကူးစက်ခံရလျှင် ဆေးရုံတက်ရောက်ကုသသည်ထိ လိုအပ်နိုင်မှု ၂၀ရာခိုင်နှုန်းပိုများသည်ဟု သုတေသနဒေတာများတွင် ဖော်ပြထားသည်။ ကလေးများတွင် အိုမီခရွန် မျိုးကွဲ ကူးစက်ခံရလျှင် ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း၊ ဖျားခြင်း၊ နှာရည်ယိုပိတ်ခြင်း စသည်တို့ကို ၃ရက်ခန့်ခံစားရပြီးနောက် သက်သာလာကြောင်း Discovery Health ၏ ကျွမ်းကျင်ပညာရှင် Shirley Collie မှ ဖော်ပြထားသည်။

အိုမီခရွန်မျိုးစိတ်သည် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခန္ဓာကိုယ်မှထွက်ပေါ်သည့် ကိုယ်တွင်းခုခံအား (Neutralising Antibodies) ကို ရှောင်ကွင်းနိုင်ပြီး ခုခံကာကွယ်နိုင်စွမ်းကို ၅ဆမှ၁၂ဆထိ လျော့ကျစေနိုင်သည်ဟု ယူဆကြသည်။ ထို့ကြောင့်ခန္ဓာကိုယ် ကိုယ်ခံအားမှတိုက်ထုတ်မှုကို အခြားမျိုးကွဲများထက် ပိုရှောင်တိမ်းနိုင်ပြီး အခြားသူများထံ ကူးစက်ပျံ့နှံ့စေနိုင်ပါသည်။ တောင်အာဖရိကရှိ အိုမီခရွန်ပိုးကူးစက်လူနာများကို ကုသပေးနေသည့် ကျန်းမာရေးပညာရှင်များ၏ တွေ့ရှိချက်များအရ ကူးစက်ခံရသူများသည် ကာကွယ်ဆေးမထိုးရသေးသော အသက်ငယ်သူများဖြစ်ပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာ ပြင်းထန်မှု၊ ဆေးရုံတက်ကုသမှုခံယူရခြင်းများ မရှိသလောက်နည်းကြောင်း သိရှိရပါသည်။

အထက်ဖော်ပြပါအချက်များအရ Omicron ကူးစက်ခံရလျှင် နောက်ဆက်တွဲ ရောဂါလက္ခဏာ မပြင်းထန်ခြင်းနှင့် ကာကွယ်ဆေးများက ရောဂါပြင်းထန်မှုကို လျှော့ချနိုင်ခြင်းတို့ကြောင့် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို အလွန်အမင်းမစိုးရိမ်ဘဲ ကာကွယ်ဆေးထိုးခြင်းနှင့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာပြီး ကာကွယ်သင့်ကြောင်း မျှဝေရေးသားလိုက်ရပါတယ်။

Author: Dr. Yee Mon

Previous Post

ညှင်းပေါက်တာဘာကြောင့်လဲ၊ ပျောက်အောင်ဘယ်လိုလုပ်မလဲ

Next Post

အမျိုးသားတို့ စိတ်သွားတိုင်းကိုယ်ပါနိုင်စေမယ့် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
505

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
181

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
124

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသားတို့ စိတ်သွားတိုင်းကိုယ်ပါနိုင်စေမယ့် နည်းလမ်းများ

အားကစားလုပ်စရာမလိုဘဲ ဝိတ်ချနိုင်မယ့်နည်းလမ်းများ

ဝိတ်ချတာနဲ့ပတ်သတ်တဲ့ အယူအဆအလွဲများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.