fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရက်နှင့် အမြည်းခံရသော အသည်းများ

87
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/06/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ၿပီးခဲ့တဲ့တစ္လေက်ာ္ကစၿပီး ေမာင္စိုးတစ္ေယာက္ ဗိုက္တင္းလာသလို ခံစားရတာ သတိျပဳမိသည္။
အသက္ကေလးက ၃၀ ေက်ာ္၊ အရက္ကေလး ေသာက္တဲ့သက္တမ္း ကလည္း ရွိလာၿပီမို႔
႐ိုး႐ိုးဗိုက္႐ႊဲလာတယ္လို႔ဘဲ ထင္မိၿပီး သိပ္ဂ႐ုမစိုက္ဘဲ ေနမိပါသည္။ ဒါေပမယ့္ ဗိုက္က တေန႔တျခား
ပိုပိုတင္းလာသလို ခံစားရၿပီး အစာစားရတာလည္း နည္းနည္းစားတာနဲ႔ ျပည့္အင့္ေနသလို ခံစားရလာပါသည္။
သတိထားၾကည့္မိမွ ေျခေထာက္ေတြလည္း ေရာင္ရမ္းေနတာ ေတြ႕ရပါတယ္။

ေမာင္စိုးဘဝမွာ ေရာဂါဆိုလို႔ သိပ္ႀကီးႀကီးမားမား မျဖစ္ဘူးေလေတာ့ ခဏေလာက္ပါဘဲ ေပ်ာက္သြားမွာဘဲလို႔
ေပါ့ေပါ့တန္တန္ေတြးမိၿပီး ေန႔တိုင္းလိုလို အရက္ေတြေသာက္ၿမဲေသာက္ေနမိပါသည္။
ေရာဂါက ေပ်ာက္သြားမယ္လို႔ ထင္မိေပမဲ့ တေန႔ထက္တေန႔ ခံစားရတာတိုးလာပါသည္။ ဒါနဲ႔
ေမာင္စိုးတေယာက္ မိခိုင္ကို ေခၚၿပီး လမ္းထိပ္က ဆရာဝန္ေလးေဆးခန္းကို သြားလိုက္ပါေတာ့တယ္။
ဆရာေလး ေသခ်ာစမ္းသပ္ၿပီးေနာက္ ေရာဂါကိုေသေသခ်ာခ်ာေလးသိသြားေအာင္ ဗိုက္ကို Ultrasound
႐ိုက္ၾကည့္ဖို႔ ၫႊန္ၾကားပါသည္။

Ultrasound အေျဖသြားျပတဲ့ေန႔မွာေတာ့ ေမာင္စိုးတစ္ေယာက္ အႀကီးအက်ယ္ တုန္လႈပ္ခဲ့ရပါသည္။
အေျဖကေတာ့ အသည္းေျခာက္ၿပီးေရဖ်င္းစြဲေနပါၿပီတဲ့။

ေမာင္စိုးတစ္ေယာက္ ဘာေၾကာင့္ျဖစ္ရတာလည္း ဆိုတာ ဆရာေလးကို ပူပန္တုန္လႈပ္စြာေမးၿပီးခ်ိန္မွာေတာ့
ေနာင္တအႀကီးအက်ယ္ရသြားပါသည္။ အေျဖကေတာ့ အရက္ဆိုတာေၾကာင့္ပါ။
ငယ္ငယ္ကတည္းက အလုပ္ၾကမ္းသမားဘဝနဲ႔ ဘဝကို ပင္ပင္ပန္းပန္း ႐ုန္းကန္ခဲ့ရတဲ့ ေမာင္စိုး
အေမာေျပအေနနဲ႔ အရက္ကို ေန႔တိုင္းေသာက္ျဖစ္ခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ အရက္က ေမာင္စိုးရဲ႕ အသည္းကိုစားသြားပါၿပီ။ ဆရာေလးက အသည္းဟာ
အရက္တာရွည္ေသာက္တာေၾကာင့္ အခုခ်ိန္မွာ ေလာင္ကြၽမ္းၿပီး အမာ႐ြတ္ေတြ ျဖစ္ေနပါၿပီလို႔
ေမာင္စိုးနားလည္ေအာင္ ရွင္းျပေပးပါတယ္။

ဒီေန႔မနက္မွာေတာ့ ေမာင္စိုး တစ္ေယာက္ အိပ္ရာထထခ်င္း ႐ုတ္တရက္ မူးေနာက္ေနာက္ ျဖစ္ၿပီး
ဗိုက္ထဲမွာလည္း မအီမသာနဲ႔ ပ်ိဳ႕အန္ခ်င္သလိုလို ျဖစ္လာပါတယ္။
ဒါနဲ႔ ေနာက္ေဖးမီးဖိုေခ်ာင္တြင္ ကေလးေက်ာင္း ထမင္းခ်ိဳင့္အတြက္ ခ်က္ျပဳတ္ေနေသာ မိခိုင္ကို
အျမန္လွမ္းေခၚလိုက္ပါတယ္။

“ ေဟးးး မိခိုင္ လုပ္ပါအုန္းဟ၊ ေထြးခံေလးျမန္ျမန္၊ ငါ အန္ခ်င္လို႔ပါဟ၊ ဗိုက္ထဲမွာလည္း ေနလို႔မေကာင္းဘူး၊
ေခါင္းေတြလည္း မူးေနတယ္”
မိခိုင္တစ္ေယာက္ ကပ်ာကယာနဲ႔ ေထြးခံနဲ႔ အနားေရာက္လာေရာ ေမာင္စိုး တစ္ေယာက္ အားပါးတရ
အန္ခ်လိုက္ပါေလေရာ။

လင္မယားႏွစ္ေယာက္ ေထြးခံထဲကို ၾကည့္မိခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္
စကားမေျပာႏိုင္ေလာက္ေအာင္ အႀကီးအက်ယ္ ထိတ္လန႔္သြားပါသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ေထြးခံထဲတြင္ နီရဲေနေသာေသြးမ်ား သာေတြ႕ရေသာေၾကာင့္ ျဖစ္ပါတယ္၊၊
မိခိုင္တစ္ေယာက္ ေမာင္စိုးမ်က္ႏွာကို ကပ်ာကယာ ၾကည့္လိုက္ခ်ိန္မွာေတာ့ ေမာင္စိုးမ်က္ႏွာတစ္ခုလုံး
ျဖဴေဖ်ာ့ေနၿပီး လူမွာလည္း ယိုင္နဲနဲျဖစ္ေနပါတယ္။

လမ္းထိပ္မွဆရာဝန္ေလး၏ အမွာအရ ဤကဲ့သို႔ေသြးအန္ျခင္းမ်ိဳးသည္ အေရးႀကီးသည္ျဖစ္၍
ေမာင္စိုးတို႔လင္မယားႏွစ္ေယာက္ ေဆး႐ုံတက္ဖို႔ ျပင္ရေတာ့သည္။
အခန္းေဖာ္မ်ား၏ အဆိုအရ သူတို႔သည္ သက္သာသြားလိုက္ ေဆး႐ုံဆင္းသြားလိုက္ ျပန္ျဖစ္လာလိုက္
ေဆး႐ုံျပန္တက္လိုက္ႏွင့္ ေရာဂါႏွင့္ နပန္းသြားေနၾကသည္။

ဒီလိုနဲ႔ ေမာင္စိုးတစ္ေယာက္ ေဆး႐ုံ တစ္ပတ္ေက်ာ္ေလာက္တက္ၿပီးခ်ိန္တြင္ ကိုယ့္လိုေရာဂါသည္
အမ်ားအျပားကို ေတြ႕ရသလို၊ ေဆး႐ုံတက္လိုက္ ဆင္းလိုက္နဲ႔ ဘဝအဆုံးသတ္သြားၾကေသာ
လူနာမ်ားကိုလည္း ျမင္ေတြ႕ရပါသည္။ အခုခ်ိန္မွာေတာ့ ေမာင္စိုးတစ္ေယာက္
အရမ္းကိုတုန္လႈပ္ေခ်ာက္ခ်ားေနသလို ေနာင္တလည္း အႀကီးအက်ယ္ရေနပါၿပီ။

ေမာင္စိုးတစ္ေယာက္ အခုခ်ိန္မွာ လူငယ္ေတြကို မွာၾကားခ်င္တာက အရက္ရဲ႕သားေကာင္ မျဖစ္ဖို႔ရာ အရက္ကို
ႀကိဳက္လို႔ဘဲျဖစ္ျဖစ္ အပန္းေျဖစရာတစ္ခုအေနနဲ႔ဘဲျဖစ္ျဖစ္ လုံးဝမေသာက္ၾကဖို႔ပါ။ အမွန္ေတာ့ အရက္ဟာ
အလြန္အကြၽန္နဲ႔ ေရရည္ေသာက္လာလွ်င္ အသည္းကိုေလာင္ကြၽမ္းသြားၿပီး အသည္းေျခာက္ေရာဂါ၊
အသည္းကင္ဆာေရာဂါေတြ မလြဲမေသြျဖစ္လာႏိုင္လို႔ပါ။

Author: Dr.မိုးေဆြ

(Unicode)

ပြီးခဲ့တဲ့တစ်လကျော်ကစပြီး မောင်စိုးတစ်ယောက် ဗိုက်တင်းလာသလို ခံစားရတာ သတိပြုမိသည်။
အသက်ကလေးက ၃၀ ကျော်၊ အရက်ကလေး သောက်တဲ့သက်တမ်း ကလည်း ရှိလာပြီမို့
ရိုးရိုးဗိုက်ရွှဲလာတယ်လို့ဘဲ ထင်မိပြီး သိပ်ဂရုမစိုက်ဘဲ နေမိပါသည်။ ဒါပေမယ့် ဗိုက်က တနေ့တခြား
ပိုပိုတင်းလာသလို ခံစားရပြီး အစာစားရတာလည်း နည်းနည်းစားတာနဲ့ ပြည့်အင့်နေသလို ခံစားရလာပါသည်။
သတိထားကြည့်မိမှ ခြေထောက်တွေလည်း ရောင်ရမ်းနေတာ တွေ့ရပါတယ်။

မောင်စိုးဘဝမှာ ရောဂါဆိုလို့ သိပ်ကြီးကြီးမားမား မဖြစ်ဘူးလေတော့ ခဏလောက်ပါဘဲ ပျောက်သွားမှာဘဲလို့
ပေါ့ပေါ့တန်တန်တွေးမိပြီး နေ့တိုင်းလိုလို အရက်တွေသောက်မြဲသောက်နေမိပါသည်။
ရောဂါက ပျောက်သွားမယ်လို့ ထင်မိပေမဲ့ တနေ့ထက်တနေ့ ခံစားရတာတိုးလာပါသည်။ ဒါနဲ့
မောင်စိုးတယောက် မိခိုင်ကို ခေါ်ပြီး လမ်းထိပ်က ဆရာဝန်လေးဆေးခန်းကို သွားလိုက်ပါတော့တယ်။
ဆရာလေး သေချာစမ်းသပ်ပြီးနောက် ရောဂါကိုသေသေချာချာလေးသိသွားအောင် ဗိုက်ကို Ultrasound
ရိုက်ကြည့်ဖို့ ညွှန်ကြားပါသည်။

Ultrasound အဖြေသွားပြတဲ့နေ့မှာတော့ မောင်စိုးတစ်ယောက် အကြီးအကျယ် တုန်လှုပ်ခဲ့ရပါသည်။
အဖြေကတော့ အသည်းခြောက်ပြီးရေဖျင်းစွဲနေပါပြီတဲ့။

မောင်စိုးတစ်ယောက် ဘာကြောင့်ဖြစ်ရတာလည်း ဆိုတာ ဆရာလေးကို ပူပန်တုန်လှုပ်စွာမေးပြီးချိန်မှာတော့
နောင်တအကြီးအကျယ်ရသွားပါသည်။ အဖြေကတော့ အရက်ဆိုတာကြောင့်ပါ။
ငယ်ငယ်ကတည်းက အလုပ်ကြမ်းသမားဘဝနဲ့ ဘဝကို ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတဲ့ မောင်စိုး
အမောပြေအနေနဲ့ အရက်ကို နေ့တိုင်းသောက်ဖြစ်ခဲ့ပါတယ်။

အခုချိန်မှာတော့ အရက်က မောင်စိုးရဲ့ အသည်းကိုစားသွားပါပြီ။ ဆရာလေးက အသည်းဟာ
အရက်တာရှည်သောက်တာကြောင့် အခုချိန်မှာ လောင်ကျွမ်းပြီး အမာရွတ်တွေ ဖြစ်နေပါပြီလို့
မောင်စိုးနားလည်အောင် ရှင်းပြပေးပါတယ်။

ဒီနေ့မနက်မှာတော့ မောင်စိုး တစ်ယောက် အိပ်ရာထထချင်း ရုတ်တရက် မူးနောက်နောက် ဖြစ်ပြီး
ဗိုက်ထဲမှာလည်း မအီမသာနဲ့ ပျို့အန်ချင်သလိုလို ဖြစ်လာပါတယ်။
ဒါနဲ့ နောက်ဖေးမီးဖိုချောင်တွင် ကလေးကျောင်း ထမင်းချိုင့်အတွက် ချက်ပြုတ်နေသော မိခိုင်ကို
အမြန်လှမ်းခေါ်လိုက်ပါတယ်။

“ ဟေးးး မိခိုင် လုပ်ပါအုန်းဟ၊ ထွေးခံလေးမြန်မြန်၊ ငါ အန်ချင်လို့ပါဟ၊ ဗိုက်ထဲမှာလည်း နေလို့မကောင်းဘူး၊
ခေါင်းတွေလည်း မူးနေတယ်”
မိခိုင်တစ်ယောက် ကပျာကယာနဲ့ ထွေးခံနဲ့ အနားရောက်လာရော မောင်စိုး တစ်ယောက် အားပါးတရ
အန်ချလိုက်ပါလေရော။

လင်မယားနှစ်ယောက် ထွေးခံထဲကို ကြည့်မိချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်
စကားမပြောနိုင်လောက်အောင် အကြီးအကျယ် ထိတ်လန့်သွားပါသည်။
အဘယ်ကြောင့်ဆိုသော် ထွေးခံထဲတွင် နီရဲနေသောသွေးများ သာတွေ့ရသောကြောင့် ဖြစ်ပါတယ်၊၊
မိခိုင်တစ်ယောက် မောင်စိုးမျက်နှာကို ကပျာကယာ ကြည့်လိုက်ချိန်မှာတော့ မောင်စိုးမျက်နှာတစ်ခုလုံး
ဖြူဖျော့နေပြီး လူမှာလည်း ယိုင်နဲနဲဖြစ်နေပါတယ်။

လမ်းထိပ်မှဆရာဝန်လေး၏ အမှာအရ ဤကဲ့သို့သွေးအန်ခြင်းမျိုးသည် အရေးကြီးသည်ဖြစ်၍
မောင်စိုးတို့လင်မယားနှစ်ယောက် ဆေးရုံတက်ဖို့ ပြင်ရတော့သည်။
အခန်းဖော်များ၏ အဆိုအရ သူတို့သည် သက်သာသွားလိုက် ဆေးရုံဆင်းသွားလိုက် ပြန်ဖြစ်လာလိုက်
ဆေးရုံပြန်တက်လိုက်နှင့် ရောဂါနှင့် နပန်းသွားနေကြသည်။

ဒီလိုနဲ့ မောင်စိုးတစ်ယောက် ဆေးရုံ တစ်ပတ်ကျော်လောက်တက်ပြီးချိန်တွင် ကိုယ့်လိုရောဂါသည်
အများအပြားကို တွေ့ရသလို၊ ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့ ဘဝအဆုံးသတ်သွားကြသော
လူနာများကိုလည်း မြင်တွေ့ရပါသည်။ အခုချိန်မှာတော့ မောင်စိုးတစ်ယောက်
အရမ်းကိုတုန်လှုပ်ချောက်ချားနေသလို နောင်တလည်း အကြီးအကျယ်ရနေပါပြီ။

မောင်စိုးတစ်ယောက် အခုချိန်မှာ လူငယ်တွေကို မှာကြားချင်တာက အရက်ရဲ့သားကောင် မဖြစ်ဖို့ရာ အရက်ကို
ကြိုက်လို့ဘဲဖြစ်ဖြစ် အပန်းဖြေစရာတစ်ခုအနေနဲ့ဘဲဖြစ်ဖြစ် လုံးဝမသောက်ကြဖို့ပါ။ အမှန်တော့ အရက်ဟာ
အလွန်အကျွန်နဲ့ ရေရည်သောက်လာလျှင် အသည်းကိုလောင်ကျွမ်းသွားပြီး အသည်းခြောက်ရောဂါ၊
အသည်းကင်ဆာရောဂါတွေ မလွဲမသွေဖြစ်လာနိုင်လို့ပါ။

Author: Dr.မိုးဆွေ

Previous Post

နို့ကြောင်းပိတ်ခြင်း

Next Post

သွေးလှူဖို့ ဘာတွေလိုမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးလှူဖို့ ဘာတွေလိုမလဲ

ကျန်းမာရေးဝန်ထမ်းအားလုံးရဲ့လုပ်ငန်းခွင်လုံခြုံရေးအတွက် ကာကွယ်ပေးသည့် ဥပဒေတစ်ရပ်ပေါ်ထွန်းလာစေဖို့ ဆောင်ရွက်မယ်

စိတ်ဒုက္ခတော်တော်ပေးနိူင်တဲ့ အရေပြားရောဂါတွေ ခရုသင်း (၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.