fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

261
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/02/2022
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ကာလဟာ မိခင်တိုင်းအတွက် ရင်ခုန်စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း စတဲ့စိတ်ခံစားမှုတွေကို ကြုံတွေ့ခံစားရတဲ့ကာလ ဖြစ်ပါတယ်။ အစားအသောက်၊ အနေအထိုင် စသဖြင့် ကိစ္စရပ်တိုင်းကို မိမိရဲ့ ရင်သွေးအတွက် ဦးစားပေးကာ စဉ်းစားလုပ်ဆောင်ကြရပါတယ်။

မိမိရဲ့ ရင်သွေးလေး ကျန်းမာဖွံ့ဖြိုးစွာဖြင့် မွေးဖွားနိုင်မယ့်နည်းလမ်းတွေကိုလည်း မိခင်တွေက အမြဲတမ်း ရှာဖွေလုပ်ဆောင်လေ့ရှိကြပါတယ်။

ယခုနောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်ကာလ လေ့ကျင့်ခန်းများပြုလုပ်ခြင်းရဲ့ ကောင်းကျိုးတွေကို လူအများအပြား သိရှိလာကြပြီဖြစ်ပါတယ်။ သိရှိလာတာနဲ့အမျှ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ သင်တန်းများ တက်ရောက်ခြင်း စတာတွေကိုလည်း တစ်နေ့တခြား ပြုလုပ်လာကြပါတယ်။

ယခုဆောင်းပါးမှာ ကိုယ်ဝန်ဆောင်ကာလ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါရရှိနိုင်တဲ့ ကောင်းကျိုးတွေနဲ့ လေ့ကျင့်ခန်းပြုလုပ်ရာမှာ သတိပြုရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါမှာ အောက်ပါအတိုင်း ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။

– သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်။

– ခါးနာခြင်းကို သက်သာစေတယ်။

– ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

– လေပွခြင်းကို သက်သာစေတယ်။

– ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုကို လျော့နည်းစေတယ်။

– တင်ပါးနဲ့ တင်ပါးဆုံတစ်ဝိုက်ရှိ ကြွက်သားတွေကို သန်မာစေတယ်။

– စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေတယ် စတာတွေ ဖြစ်ကြပါတယ်။

 

ဒါ့ပြင် ကိုယ်ဝန်ဆောင်ကာလ Workout စတင်ပြုလုပ်တော့မယ်ဆိုရင် သတိပြုသင့်တဲ့ အချက်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

စတင်ရမယ့်ကာလ

ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်ကာလ ၃ လ မှစတင်ကာ ကိုယ်ဝန်ဆောင်မိခင်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။

အဝတ်အစား

ဝတ်ရတာ သက်သောင့်သက်သာရှိတဲ့ ပွပွချောင်ချောင်တွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ချွေးစုပ်ယူမှုကောင်းတဲ့ ချည်သားအင်္ကျီတွေက အလွန်သင့်တော်ပါတယ်။

မိခင်တို့ရဲ့ ရင်သားတွေဟာ ကလေးငယ်တွေကို နို့တိုက်ကျွေးရန်အတွက် တဖြည်းဖြည်း ဖွံ့ဖြိုးလာနေပြီဖြစ်တဲ့အတွက် ရင်သားကို ကောင်းစွာထောက်ပံ့ထိန်းပေးတဲ့ ဘရာစီယာတွေကိုလည်း ဝတ်ဆင်ပေးရမှာ ဖြစ်ပါတယ်။

ချွေးဖြင့် ပြန်လည်အအေးမမိစေရန် လေ့ကျင့်ခန်း ပြုလုပ်ပြီးတာနဲ့ ချွေးစိုအဝတ်အစားတွေကို လဲလှယ်သင့်ပါတယ်။

ဖိနပ်

အားကစား ဖိနပ်ကို ဝတ်ဆင်ပြီးပြုလုပ်သင့်တဲ့ အားကစားနည်းတွေကို အားကစားဖိနပ်မပါဘဲ မပြုလုပ်သင့်ပါ။ အားကစားဖိနပ်ဟာ ခြေထောက်ကို ကူရှင်သဖွယ် ထောက်ပံ့ပေးတဲ့အတွက် မိမိအတွက်သာမက ဗိုက်ထဲမှကလေးငယ်ရဲ့အလေးချိန်ကိုပါ ထမ်းရွက်ထားရတဲ့ ခြေထောက်တွေကို ဒဏ်မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါတယ်။

ဖိနပ်ကို ရွေးချယ်တဲ့အခါမှာလည်း မိမိခြေထောက်နဲ့ သင့်တော်တဲ့အားကစားဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။

လှုပ်ရှားမှု

လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ အလောတကြီးမပြုလုပ်ဘဲ ဖြည်းညင်းစွာ လုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့မျက်နှာပြင်ဟာ ညီညာကျယ်ဝန်းသင့်ပါတယ်။ အမြင့်ကို တက်၍ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို မပြုလုပ်သင့်ပါဘူး။

ကြာချိန်

တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ပြုလုပ်ပေးလျှင် လုံလောက်မှုရှိပါတယ်။ နေ့စဉ် ဒါမှမဟုတ် တစ်ရက်ခြားလောက် ပြုလုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းအမျိုးအစား

ကိုယ်ဝန်ဆောင်မိခင်တို့ ပြုလုပ်ရန်အတွက်သင့်တော်တဲ့ အပေ့ါစားလေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

အလွန်အမင်း ခုန်ပေါက် ဆော့ကစားရတဲ့ လေ့ကျင့်ခန်းတွေ၊ အမြင့်ကို အတက်အဆင်း ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ၊ ခါးလှည့်ရတဲ့လေ့ကျင့်ခန်းများ၊ အလွန်အမင်း မောပန်းစေတဲ့ လေ့ကျင့်ခန်းတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။

ရေနဲ့ ဓာတ်ဆား

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးသင့်ပါတယ်။ ဒါကြောင့် လိုအပ်ပါက သီးစုံဓာတ်ဆားတွေကို သောက်သုံးပေးနိုင်ပါတယ်။

 

Author: ဒေါက်တာမိုး (ဆေး ၁)

Previous Post

သင့်ကလေး မကြာခဏဖျားရတဲ့အကြောင်းရင်းနဲ့ ကုသရေးနည်းလမ်းများ

Next Post

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
570
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
350

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
542

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
448

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
488

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

3 years ago
159

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

ကိုဗစ်ဖြစ်ပြီးရင် အဆုတ်ကျန်းမာရေးအတွက် ဘာတွေဆက်လုပ်သင့်လဲ

သင်သိထားသင့်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.