fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်ဖြစ်ပြီးရင် အဆုတ်ကျန်းမာရေးအတွက် ဘာတွေဆက်လုပ်သင့်လဲ

344
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2022
in ကိုဗစ်ရောဂါ
1 min read
A A

ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး လူမမာများတွင် ကိုဗစ်၏နောက်ဆက်တွဲ စာမျက်နှာများဖြစ်သည့် ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ စောင့်ရှောက်သူမိသားစုနှင့် ငွေကြေး အခက်အခဲများ  စသည့်ပြဿနာများကို တစ်ခုမဟုတ်တစ်ခု ရင်ဆိုင်ရလေ့ရှိကြသည်။ ကိုဗစ်ကူးစက်ခံရပြီး  နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို  အသက်ကြီးငယ်မရွေး၊ ကျားမမရွေး ခံစားရနိုင်ပါသည်။

ကိုဗစ်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများအနက် ပြင်းထန်အဆုတ်ရောင်ရောဂါ၏ နောက်ဆက်တွဲဖြစ်သော အဆုတ်နှင့်အသက်ရှုလမ်းကြောင်း ပြဿနာများဖြစ်သည့် ချောင်းဆိုးခြင်း၊ ရင်ဘတ်နာ၍ မသက်မသာဖြစ်ခြင်း၊ အဆုတ်၏ဇီဝလုပ်ငန်းလုပ်ဆောင်မှု ကျဆင်းခြင်း( Reduced Pulmonary Diffusing Capacity) ၊ အိပ်နေစဉ် အသက်ရှူ ရုတ်တရက်ပိတ်ခြင်း (Sleep Apnoea)တို့အပြင် လူနာသုံးပုံတစ်ပုံကျော်တွင် အဆုတ်အမာရွတ်ကြောင့် အဆုတ်မာခဲခြင်း Lung Fibrosis ဝေဒနာကိုပါ ခံစားရတတ်ပါသည်။

ထို့ကြောင့်ကိုဗစ်ရောဂါဖြစ်ပြီး ၆-၈ ပတ်အကြာခန့်တွင် အဆုတ်လုပ်ငန်းဆောင်ရွက်နိုင်မှု Respiratory Function စစ်ဆေးတိုင်းတာသင့်သည်။ လူနာအခြေအနေကောင်းမွန်လျှင် အမောခံနိုင်လောက်သည့် နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာများကို ၆-၈ ပတ်တွင် စတင်လုပ်ဆောင်ပေးနိုင်ပါသည်။ လွယ်ကူသက်သာပြီး ပေါ့ပါးသော အလုပ်များမှစ၍  ဖြည်းဖြည်းချင်းစတင်လုပ်ပေးသင့်ပါသည်။

အဓိကအားဖြင့် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင် ကျွမ်းကျင်သူများ၏ ဘက်ပေါင်းစုံမှ ကုသမှု Multidisciplinary Approach ဖြင့် ဆေးဝါးကုသမှုကအစ အလုပ်အကိုင်လုပ်ကိုင်နိုင်ရေး ကုသမှု Occupational Therapy အထိပါဝင်သော ပြန်လည်သန်စွမ်းရေးကုသမှု Pulmonary Rehabilitation ကို ခံယူရပါမည်။ ထိုကဲ့သို့ကုသမှုသည် အကျိုးရှိသော ကုသမှုဖြစ်ကြောင်း  သုတေသနပြုချက်များက ဖော်ပြထားပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အိမ်၌ အန္တရာယ်ကင်းကင်း အလွယ်တကူ ကိုယ်တိုင်ပြုလုပ်နိုင်ခြင်း၊ အဆုတ်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လူမှုဘဝနထိုင်ရေးအရည်အသွေးကို  ကောင်းမွန်စေနိုင်ပါသည်။

ပြုလုပ်ရမည့် လေ့ကျင့်ခန်းအမျိုးအစားများအနက်  အသက်ရှုလေ့ကျင့်ခန်းများဖြစ်သော အသက်ပြင်းပြင်းရှုခြင်း Deep Breathing ၊ ဝမ်းဗိုက်ကြွက်သားဖြင့် အသက်ရှုခြင်း Belly Breathing၊ နှုတ်ခမ်းကိုစု၍ အသက်ရှုခြင်း Pursed Lip Breathing၊ နှလုံး/အဆုတ်ကြံ့ခိုင်စေရန်အတွက် လေ့ကျင့်ခန်း (Aerobic Fitness Exercises)၊ အဆုတ် ခံနိုင်ရည်အားတိုးတက်စေသော လေ့ကျင့်ခန်းများ (Endurance Training)၊ ကြွက်သားများသန်စွမ်းစေရန်အတွက် လေ့ကျင့်ခန်း (Strengthening Exercises) စသည်တို့ဖြစ်ပါသည်။ အထက်ဖော်ပြပါ လေ့ကျင့်ခန်းများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာဆရာဝန်၊ ကျွမ်းကျင်သော ကုသမှုပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီး မိမိခန္ဓာကိုယ်နှင့်အဆုတ်ကျန်းမာရေး အခြေအနေေပါ် မူတည်သော အဆုတ်လေ့ကျင့်ခန်းကုသမှုများ ကိုသာ လုပ်ဆောင်သင့်ပါသည်။

ရောဂါမဖြစ်အောင် ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသောကြောင့် ကိုဗစ်၁၉ရောဂါ ကူးစက်ခြင်းမခံရအောင် လိုက်နာဆောင်ရမည့် ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာပြီး ကာကွယ်ဆေး မပျက်မကွက် ထိုးရန်လိုအပ်ပါသည်။ အကယ်၍ ကူးစက်ခံရပြီးလျှင် ၈၀ရာခိုင်နှုန်းခန့်သည် နောက်ဆက်တွဲ ပြဿနာတစ်မျိုးမဟုတ်တစ်မျိုး ရှိနိုင်သဖြင့် လိုအပ်သောကုသမှုများ အချိန်မီရယူပြီး ပြန်လည်သန်စွမ်း ကျန်းမာအောင် ဆက်လက်ကုသရန် လိုအပ်ကြောင်း ဤဆောင်းပါးဖြင့်တိုက်တွန်းလိုက်ရပါသည်။

 

Author: Dr. Yee Mon

Previous Post

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

Next Post

သင်သိထားသင့်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

1 year ago
445

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

1 year ago
220

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

1 year ago
149

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

1 year ago
167

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

1 year ago
392

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

1 year ago
119

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်သိထားသင့်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေအကြောင်း

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

မနက်အိပ်ရာထရင် နှာခေါင်းပိတ်ပိတ်နေတာ ဘာကြောင့်လဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.