fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီသွေးဆင်းတာများလျှင် သွေးအားနည်းရောဂါဖြစ်နိုင်သလား

2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/02/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရာသီ​သွေးဆင်းတာများရင် ခန္ဓာကိုယ်မှ သံဓာတ်ဆုံးရှုံးမှုလည်း များပြားနိုင်ပါတယ်။ သံဓာတ်ဟာ ​သွေးနီဥဆဲလ်​လေး​တွေထဲမှာ ပါဝင်တဲ့ ​ဟေမိုဂလိုဘင်ဖွဲ့စည်းတည်​ဆောက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ​ဟေမိုဂလိုဘင်ဆိုတာ အဆုတ်က​နေ ခန္ဓာကိုယ်အနှံ့အပြားဆီသို့ ​သွေးမှတစ်ဆင့် ​အောက်ဆီဂျင်ပို့​ဆောင်​ပေးနိုင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ဒါ​ကြောင့် သံဓာတ်ဆုံးရှုံးရင် ​​ဟေမိုဂလိုဘင်တွေ​ ​ကောင်းစွာမဖွံ့ဖြိုးနိုင်​တော့ဘဲ ​သွေးအားနည်း​ရောဂါ ဖြစ်လာရပါတယ်။ ရာသီ​သွေးဆင်းတာများရင် သံဓာတ်ချို့တဲ့ပြီး ​သွေးအားနည်း​ရောဂါ ဖြစ်လာ​စေနိုင်ပါတယ်။

ရာသီ​သွေးဆင်းများတယ်ဆိုတာဟာ ပုံမှန်မဟုတ်တဲ့ ​သွေးဆင်းခြင်းဖြစ်ပါတယ်။ အမျိုးသမီးတစ်​ယောက်ဟာ လစဥ်ရာသီလာတဲ့အခါ ​သွေးဆုံးရှုံးမှု ၃၅-၅၀ မီလီလီတာ ​လောက်ထိရှိနိုင်ပါတယ်။ အကယ်၍ ၈၀ မီလီလီတာ ​ကျော်​​နေပြီဆိုရင်​တော့ ​သွေးဆင်းတာများ​နေပြီဖြစ်လို့ သတိပြုရမှာဖြစ်ပါတယ်။

▪︎ရာသီလာတာ ၈ ရက်ထက်​ကျော်​ခြင်း

▪︎ရာသီလာစဥ် ယခင်အကြိမ်​တွေထက် Pad မကြာခဏလဲ​နေရခြင်း

▪︎​သွေးခဲကြီး​တွေ အ​မြောက်အမြားဆင်း​ခြင်း

▪︎တစ်လလုံး ​သွေးနည်းနည်းစီဆင်း​နေခြင်း

▪︎​တစ်ချိန်လုံး​​မောပန်းနွမ်းနယ်ပြီး အသက်ရှူကျပ်သလို ခံစား​နေခြင်း စတာ​တွေဖြစ်​ပေါ်လာပါက ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

 

ရာသီ​သွေးဆင်းများ​နေတာ ဘာ​ကြောင့်လဲ ?

အဓိကအားဖြင့် ​ဟော်မုန်းမညီမျှမှု​ကြောင့် ​သွေးဆင်းများရခြင်းဖြစ်ပါတယ်။ ရာသီ​သွေးဆင်းများတာဟာ များ​သောအားဖြင့် ​နေ့စဥ်​နေထိုင်မှုပုံစံနဲ့ သက်ဆိုင်​နေပါတယ်။ အဆီအစိမ့်စားလွန်းတာ၊ စိတ်ဖိစီးမှုများတာ၊ လှုပ်ရှားမှုမရှိတာ၊ ​အဝလွန်တာစတာ​တွေက ရာသီ​သွေးဆင်းများခြင်းကို ဖြစ်​စေနိုင်ပါတယ်။ အခြားအ​ကြောင်းအရင်း​တွေဖြစ်တဲ့ သားအိမ်အလုံးအကြိတ်တည်ခြင်း၊ ပိုးဝင်ခြင်း၊ သားဥအိမ်​ရေအိတ်တည်ခြင်း၊ PCOS၊ ​သွေးကျဲ​ဆေးများ​သောက်ခြင်း စတာ​တွေကလည်း ​ရာသီ​သွေးဆင်းခြင်းများလာ​စေတတ်ပါတယ်။

ရာသီ​သွေးဆင်းတာများတဲ့အခါ ​သွေးနီဥဆဲလ်​လေး​တွေထဲမှာပါတဲ့ သံဓာတ်ကိုပါဆုံးရှုံး​စေနိုင်ပါတယ်။ သံဓာတ်ကို ဆုံးရှုံးသွားသ​လောက် အစာအာဟာရနဲ့ ပြန်လည်ဖြည့်တင်း​ပေးနိုင်ဖို့ အ​ရေးကြီးပါတယ်။ တကယ်လို့ပြန်လည် မဖြည့်တင်း​ပေးဘူးဆိုရင်​တော့ သံဓာတ်ချို့တဲ့ပြီး ​သွေးအားနည်း​ရောဂါခံစားရ​စေမှာ ဖြစ်ပါတယ်။ ​သွေးအားနည်း​နေပြီဆိုရင် အသားအ​ရေဖြူ​ဖျော့ခြင်း၊ မူး​ဝေခြင်း၊ ​ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊အသက်ရှူကျပ်ခြင်း စတာ​တွေခံစားရနိုင်ပါတယ်။

သံဓါတ်ချို့တဲ့​နေရင် ဘယ်လိုကုသရမလဲ ?

သံဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အ​ကောင်းဆုံးနည်းလမ်းက​တော့ သံဓာတ်ပါဝင်တဲ့အစားအစာ​တွေနဲ့ ပြန်လည်ဖြည့်တင်းတာဖြစ်ပါတယ်။ သံဓာတ်ရရှိ​စေမယ့် အစားအစာ​တွေက​​တော့ အသား၊ ငါး၊ ပင်လယ်စာ အစိမ်းရင့်​ရောင်ဟင်းသီးဟင်းရွက်များ၊ တို့ဖူးနဲ့ ​မြေပဲစတာ​တွေဖြစ်ပါတယ်။ Vitamin C ကြွယ်ဝတဲ့ ခရမ်းချဥ်သီး၊ ငရုတ်သီးနဲ့ စ​တော်ဘယ်ရီသီးစတာ​တွေစားသုံး​ပေးရင်လည်း သံဓာတ်စုပ်ယူမှုကို အား​ကောင်း​စေမှာဖြစ်ပါတယ်။ သံဓာတ်စုပ်ယူမှုကို အ​နှောင့်အ​ယှက်ဖြစ်​စေတဲ့ ​ကော်ဖီ၊ လက်ဖက်၊ နွားနို့၊ သစ်ကြားသီး စတာ​တွေကို သံဓာတ်ပါဝင်တဲ့ အစားအစာ​တွေနဲ့တွဲပြီးစားသုံးခြင်းမျိုးကို ​ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ အကယ်၍ မိမိကအထက်ပါအစားအစာ​တွေကို လုံ​လောက်​အောင်မစားနိုင်တာ ဒါမှမဟုတ် မိမိခန္ဓာကိုယ်အူလမ်း​ကြောင်းက သံဓာတ်ကို ​ကောင်းစွာမစုပ်ယူနိုင်တာ စတာ​တွေဖြစ်​နေရင်​တော့ သံဓာတ်အားဖြည်း​ဆေးများကို ​​သောက်သုံး​ပေးရမှာဖြစ်ပါတယ်။ ရာသီ​သွေးဆင်းတာများ​နေရင် ဆရာဝန်က ​ဟော်မုန်း​ဆေးများနဲ့ သံဓာတ်အားဖြည့်​ဆေးကို တွဲ၍​သောက်သုံးခိုင်းမှာဖြစ်ပါတယ်။

 

တစ်​နေ့ကိုသံဓာတ်ဘယ်​လောက်လိုလဲ ?

ဆယ်​ကျော်သက်အရွယ်မိန်းက​လေး​တွေဆို တစ်​နေ့ကို ၁၅ မီလီဂရမ်၊ အသက် ၁၉ မှ ၅၀ ကြားဆိုရင် ၁၈ မီလီဂရမ်၊ ကိုယ်ဝန်​ဆောင်​မိခင်​တွေနဲ့နို့တိုက်မိခင်​တွေဆို ၂၇-၂၉ မီလီဂရမ် ​လောက်ရရှိဖို့လိုအပ်ပါတယ်။

ရာသီ​သွေးဆင်းတာများလို့ သံဓာတ်ချို့တဲ့ပြီး ​သွေးအားနည်း​​ရောဂါ ခံစား​နေရပြီဆိုပါက ဆရာဝန်နဲ့တိုင်ပင်ပြသပြီး လိုအပ်ပါက ​သွေးဆင်းမှုများ​စေတဲ့ အ​ကြောင်းအရင်း​တွေကို စစ်​ဆေး​ဖော်ထုတ်ရမှာဖြစ်ပါတယ်။

 

Author: Dr. Aye Myat

Previous Post

မျက်နှာပေါ်ကအမည်းစက်တွေကြောင့် စိတ်ညစ်နေရလား ?

Next Post

အသားအရေမညီညာခြင်းကို သက်သာစေမယ့်ထိရောက်တဲ့နည်းလမ်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေမညီညာခြင်းကို သက်သာစေမယ့်ထိရောက်တဲ့နည်းလမ်း

သံဓာတ်စုပ်ယူမှုကိုအတားအဆီးဖြစ်စေတဲ့ အစားအစာများ

အကုတ်လွန်ပြီးလက်သည်းပူလောင်လို့ အနာဖြစ်တဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.