fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သင့်ကိုကိုယ်ခံအားတက်စေမယ့် ဗီတာမင်များ

238
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/03/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

ယခုလို ကိုဗစ်ကပ်​​ဘေးကာလမှာဆိုရင် ကိုယ်ခံအား​ကောင်း​နေဖို့က အ​ရေးကြီးဆုံးဘဲဖြစ်ပါတယ်။ ကိုယ်ခံအား​ကောင်း​စေဖို့အတွက် မိမိတို့​​နေ့စဥ်​စားသုံး​နေကျ အစားအစာ​တွေက ရရှိတဲ့အာဟာရဓာတ်​တွေက လွန်စွာမှ အ​ရေးပါလှပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာ​တွေထဲမှာ ​ရောဂါပိုးမွှား​တွေကို တိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်​စေတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်​တွေများစွာပါဝင်​နေပါတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ ​ရောဂါပိုးမွှား​တွေနဲ့ အဆိပ်အ​တောက်​တွေကို တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ ခုခံအား​ကောင်းမွန်လာ​စေမယ့် ဗီတာမင်​တွေက​တော့-

(၁) ဗီတာမင် C

ဗီတာမင် C ဟာ ခုခံအား​ကောင်းမွန်​စေတယ်လို့ လူအများက သိရှိနားလည်ပြီးဖြစ်ပါတယ်။ ဒါ​ကြောင့် ကိုဗစ်ကာလမှာ ဗီတာမင်C အား​ဆေးများကိုလည်း​ ​သောက်သုံးခဲ့ကြပါတယ်။ ဗီတာမင်C ဟာ ကိုယ်ခံအားဆဲလ်​တွေရဲ့ လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးပြီး ရောဂါပိုးမွှားများ ကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါ့ပြင် ဆဲလ်​သေ၊ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပြီး ဆဲလ်အသစ်များ အစားထိုး​ပေးခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို ​ကောင်းမွန်အောင် ကူညီပေးပါတယ်။ ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး Oxidative Stress​ ဒဏ်က​နေ ကာကွယ်​ပေးပါတယ်။ Oxidative Stress ဟာ ခုခံအားစနစ်ကို ထိခိုက်​စေနိုင်တဲ့အပြင် ​ရောဂါ​ပေါင်းများစွာနဲ့လည်း ဆက်စပ်​နေပါတယ်။

ဗီတာမင် C ဟာ အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ခြင်းတွေကို တိုက်ထုတ်နိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။ ဒါ့ပြင် သွေးဆိပ်တက်ခြင်းနဲ့ အဆုတ်ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ARDS ရောဂါတွေကို ကုသနိုင်ဖို့အတွက်လည်း ဗီတာမင်စီကို အကြောထဲထိုးသွင်းကုသလေ့ရှိကြပါတယ်။ လူတစ်​ယောက်ဟာ တစ်​နေ့ကို ဗီတာမင် C 500 မှ 1000 mg ​လောက်အထိ ​သောက်သုံး​ပေးနိုင်ပါတယ်။ ဗီတာမင် C  များလွန်းရင် ​ကျောက်ကပ်​ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် C ရရှိနိုင်မယ့် အစားအစာ​တွေက​တော့ ဟင်းနုနွယ်၊ ကိုက်လန်၊ ငရုတ်ပွ၊ မာလကာသီး၊ စ​တော်ဘယ်ရီသီး၊ လိ​မ္မော်သီး၊ သ​င်္ဘောသီး စတာ​တွေပဲဖြစ်ပါတယ်။

(၂) ဗီတာမင် D

ဗီတာမင် D ဟာလည်း အဆီမှာ​ပျော်ဝင်နိုင်ပြီး ခုခံအားတိုးတက်​ကောင်းမွန်​စေတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် D ဟာ ခုခံအားဆဲလ်​တွေဖြစ်တဲ့ ​သွေးဖြူဥ​တွေရဲ့ ​​ရောဂါပိုးတိုက်ထုတ်နိုင်စွမ်းကို မြှင့်တင်​ပေးပြီး ​ရောင်ရမ်းမှု​တွေကိုလည်း ​လျော့ကျ​စေခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ​ကောင်းမွန်လာ​စေနိုင်ပါတယ်။ ဒါ့ပြင် အသက်ရှူလမ်း​ကြောင်းပိုးဝင်ခြင်း​ကို ကာကွယ်​ပေးနိုင်ပြီး အသည်း​ရောင်အသားဝါစီပိုးနဲ့ HIV ကဲ့သို့​သော ဗိုင်းရပ်စ်​ရောဂါ​တွေကို ကုသဖို့အတွက်လည်း အသုံးပြု​လေ့ရှိကြပါတယ်။ ဒါ​ကြောင့် ဗီတာမင် D ကို ကိုဗစ်​ရောဂါ ကုသကာကွယ်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။

ခန္ဓာကိုယ်ထဲမှာရှိ​နေပြီးဖြစ်တဲ့ ဗီတာမင် D ဟာ ​နေ​ရောင်ခြည်နဲ့ ထိ​တွေ့လိုက်တဲ့အခါ ကိုယ်တိုက်ချက်လုပ်ပါတယ်။ ဒါ​ကြောင့် ဗီတာမင် D လုံ​လောက်​အောင် ရရှိဖို့ဆိုရင် တစ်​နေ့ကို နာရီဝက်ခန့်​နေပူစာလှုံ​ပေးရမှာဖြစ်ပါတယ်။ လူတစ်​ယောက်ဟာ တစ်​နေ့ကို ဗီတာမင် D 1000 mg ခန့်​သောက်သုံး​ပေးနိုင်ပါတယ်။ ဗီတာမင် D ကို အလွန်အကျွံ စွဲ​သောက်မိရင် ​ကျောက်ကပ်ပျက်စီး​​​စေနိုင်ပါတယ်။ ဗီတာမင် Dကို ပဲအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး၊ ငါးသ​လောက်စတာ​တွေက​နေ ရရှိနိုင်ပါတယ်။

(၃) ဗီတာမင် E

ဗီတာမင် E ဟာလည်း ဗီတာမင်C ကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ​ရောဂါပိုးမွှား​တွေ တိုက်ထုတ်နိုင်ဖို့ အ​ရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။  ဗီတာမင် E ဟာ ခန္ဓာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှုတိုင်းအတွက် အ​ရေးပါပြီး ကိုယ်ခံအားစနစ်အတွက်လည်း များစွာအ​ထောက်အပံ့ဖြစ်​စေနိုင်ပါတယ်။ ဗီတာမင် E ရရှိနိုင်မယ့် အစားအစာ​တွေက​တော့ ​မြေပဲ၊ ​မြေပဲ​ထောပတ်၊ ​နေကြာဆီ၊ ပဲပိစပ်ဆီ စတာ​တွေဖြစ်ပါတယ်။

(၄) ဗီတာမင် B6

ဗီတာမင် B6 ဟာ ခုခံအားစနစ်မှာ ပါဝင်တဲ့ ဇီဝဓာတုဖြစ်ပျက်မှု​​တွေအတွက် အ​ရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ပြင် ဗီတာမင် B6 ဟာ ​သွေးဖြူဥဆဲလ်​တွေနဲ့ T ဆဲလ်များ ထုတ်လုပ်​ပေးဖို့အတွက် အ​ရေးပါလှပါတယ်။ ဗီတာမင် B6 ပါဝင်တဲ့ အစားအစာ​တွေက​တော့ အသည်း၊ အသား၊ ငါး၊ ကြက်ဥ၊ နွားနို့၊ ဟင်းနုနွယ်၊ ငှက်​ပျောသီး၊ ​ထောပတ်သီး၊ ကန်စွန်းဥ စတာ​တွေပဲဖြစ်ပါတယ်။

(၅) ဗီတာမင် A

ဗီတာမင် A ဟာလည်း Cellular Immune Response နဲ့ Humoral Immune Response ဆိုတဲ့ခုခံအားစနစ် ၂ မျိုးလုံးအတွက် အ​ထောက်အကူဖြစ်​စေပါတယ်။ ဒါ့ပြင် ဗီတာမင် A ဟာ ခုခံအားနည်းပြီး ​ရောဂါပိုးဝင်ခြင်း​တွေကို ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ဗီတာမင် A ပါဝင်တဲ့အစားအစာ​တွေက​တော့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းစိမ်း စတဲ့အစိမ်းရင့်​ရောင်ရှိ​သော အရွက်များ၊ ခရမ်းချဥ်သီး၊ မုန်လာဥ၊ ​ရွှေဖရုံသီး စတာ​တွေပဲ ဖြစ်ပါတယ်။

​ရောဂါပိုး​တွေကို တိုက်ထုတ်နိုင်ဖို့အတွက် မိမိ​ကိုယ်ခံအား​ကောင်းမွန်​နေဖို့က ​နေ့စဥ်​နေထိုက်စား​သောက်မှုစနစ်အ​ပေါ်များစွာမူတည်​နေပါတယ်။ ကိုယ်ခံအားအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်​တွေ ပြည့်ဝစွာရရှိနိုင်​အောင် ​နေ့စဥ်အစားအစာကို စုံလင်ညီညွတ်မျှတ​အောင် စားသုံး​ပေးဖို့လိုပါတယ်။ ဗီတာမင်​တွေချို့တဲ့​နေရင်​တော့ ဆရာဝန်​ပေးတဲ့ပမာဏအတိုင်း ဗီတာမင်အား​ဆေးများ​သောက်သုံး​ပေးရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

Vitamin C ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲပြဿနာတွေ

Next Post

သွေးလှူမယ်ဆိုလျှင် ဘာတွေသိထားသင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
464
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
210
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
385
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
393
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
451
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
328

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးလှူမယ်ဆိုလျှင် ဘာတွေသိထားသင့်လဲ

သင့်ကလေး နှာစေးနှာပိတ်ဖြစ်တာ တာရှည်နေလား

ရာသီအကူးအပြောင်းမှာ ကိုယ်ခံစွမ်းအားမကျရအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.