fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

က​လေး​မီးဖွားပြီး​ သွေးအားနည်းခြင်း

anemia after childbirth
376
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/05/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A
ကလေးမွေးဖွားပြီးနောက်မှာ မိခင်​တွေကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်မျိုးကတော့ သွေးအားနည်းခြင်းပဲဖြစ်ပါတယ်။ သွေးအားနည်းခြင်းဆိုတာဟာ ဟေမိုဂလိုဘင်ပမာဏ ရှိသင့်တာထက်​​လျော့နည်းနေခြင်းကို ဆိုလိုပါတယ်။ ဟေမိုဂလိုဘင်ဟာ သွေးနီဥဆဲတွေအတွင်းမှာတည်ရှိပြီး အောက်ဆီဂျင်ကိုသယ်ယူပို့ဆောင်ပေးပါတယ်။ ဟေမိုလိုဘင်ဖွဲ့စည်းမှုမှာ သံဓာတ်မရှိမဖြစ်လိုအပ်ပြီး သံဓာတ်ချို့တဲ့တဲ့အခါ သွေးအားနည်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
ဘာကြောင့်ကလေးမွေးဖွားပြီးချိန်မှာ သွေးအားနည်းရောဂါဖြစ်တတ်သလဲ?
ကလေးမီးဖွားနေစဉ်အတွင်းမှာ မိခင်တွေဟာ သွေးအမြောက်အမြားဆုံးရှုံးရတာကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အခြားအ​ကြောင်းအရင်း​တွေဖြစ်တဲ့- ကိုယ်ဝန်​ဆောင်ကာလမှာ သံဓါတ်ပါဝင်တဲ့ အစားအစာ​တွေကို လုံလုံ​လောက်​လောက်မစားသုံးခြင်း၊ အစာအိမ်နဲ့အူလမ်း​ကြောင်း​ရောဂါအခံများရှိခြင်း​ကြောင့် ခန္ဓာကိုယ်မှ သံဓါတ်ကို​ကောင်း​ကောင်းမစုပ်ယူနိုင်ခြင်း စတာတွေကြောင့် ကလေးမွေးဖွားပြီးတဲ့အချိန်မှာ သွေးအားနည်းရောဂါဖြစ်ပေါ်လာစေနိုင်ပါတယ်။
ကလေးမွေးဖွားပြီးသွေးအားနည်းရင် ဘယ်လိုလက္ခဏာတွေခံစားရတတ်လဲ?
အလွန်အမင်းမောပန်းခြင်း၊ အသားအရောင်ဖြူ​ဖျော့ခြင်း၊ အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ မကြာခဏခေါင်းကိုက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ လိင်ဆန္ဒ​လျော့နည်းခြင်းနဲ့ နို့မထွက်ခြင်း စတဲ့လက္ခဏာ​တွေကို ခံစားရနိုင်ပါတယ်။
ဘယ်လိုမိခင်တွေက ကလေးမီးဖွားပြီးနောက်မှာ သွေးအားနည်းခြင်းကိုခံစားရနိုင်​ခြေရှိလဲ?
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သံဓါတ်ချို့တဲ့နေရင်၊ က​လေးအများကြီး​မွေးဖူးရင်၊ ခွဲ​မွေးရင်၊ လမ​စေ့ခင်မွေးရင်၊ အချင်း​ရှေ့​ရောက်​နေရင်၊ မိခင်မှာ​သွေးတိုး​ရောဂါရှိရင် စတဲ့အ​ခြေအ​နေ​တွေရှိခဲ့ရင် ကလေးမွေးဖွားပြီးနောက်မှာ သွေးအားနည်းခြင်းကို ခံစားရနိုင်ခြေပိုမိုများပြားပါတယ်။
သွေးအားနည်း​နေတဲ့အခါ က​လေးနို့တိုက်လို့ရနိုင်လား?
​သွေးအားနည်းတဲ့အခါ နို့​ကြောင်းပိတ်ခြင်း၊ နို့​ရောင်ခြင်း၊ နို့ထွက်နည်းခြင်း စတာ​တွေဖြစ်လာနိုင်တာ​ကြောင့် က​လေးဟာလိုအပ်တဲ့ အာဟာရ​တွေ​ကောင်း​ကောင်းမရရှိဘဲ ကိုယ်အ​လေးချိန်နည်း​နေတတ်ပါတယ်။
ဘယ်လိုကုသရမလဲ?
ကလေးမွေးဖွားပြီးသွေးအားနည်းခြင်းကို နေ့စဉ်အစားအ​သောက်၊ အနေအထိုင် ဂရုတစိုက်ပြောင်းလဲခြင်းဖြင့် ကုသလို့ရနိုင်ပါတယ်။ ဥပမာ-
– သံဓာတ်အားဆေးများသောက်သုံးခြင်း၊
– သံဓာတ်ပါဝင်သောအစားအစာတွေဖြစ်တဲ့ အမဲသား၊ ကြက်သား၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အသီးအရွက်များ စတာတွေကိုများများစားသုံးခြင်း၊
– လက်ဖက်ရည်သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း၊
– ဗီတာမင်စီပါဝင်တဲ့အသီးအနှံတွေကိုများများစားသုံးခြင်း၊
– ရေများများသောက်ခြင်း၊
– အိပ်ရေးဝဝအိပ်ခြင်း စတဲ့နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် လိုအပ်နေတဲ့သံဓါတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။
အကယ်၍မိမိက က​လေး​မွေးဖွားပြီး​နောက်မှာ သွေးအားနည်းခြင်းလက္ခဏာရပ်တွေခံစားနေရမယ်ဆိုရင် အစားအ​သောက်ကို ဂရုတစိုက်စားသုံးရမယ့်အပြင် ဆရာဝန်နဲ့တိုင်ပင်ပြသပြီး လိုအပ်တဲ့ဆေးကုသမှုကိုခံယူရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat Mon
Previous Post

အအေးမိတုပ်ကွေးမဖြစ်အောင် ဘာတွေဆင်ခြင်လိုက်နာရမလဲ

Next Post

မင်းဂွတ်သီးနဲ့ သကြား တူတူစားလို့ရသလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
600

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
558
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
can we eat mangosteen with sugar

မင်းဂွတ်သီးနဲ့ သကြား တူတူစားလို့ရသလား?

ways to naturally regulate female hormones

အမျိုးသမီးဟော်မုန်းတွေ သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများ

natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.