fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဝိတ်ကျစေမယ့် ရွှေဖရုံသီးရဲ့ လျှို့ဝှက်ချက်

The secret of pumpkin to lose weight
186
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/09/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

တစ်နေ့တာအတွက် အစာအာဟာရကို ပြည့်စုံလုံလောက်အောင် စားသုံးဖို့ အတွက် သစ်သီးဝလံနှင့် သစ်ဥသစ်ဖုတို့ကိုပါ လိုအပ်သလောက် စားသုံးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့သော ဗီတာမင်ဓာတ်တွေဟာ သစ်သီးဝလံ၊သစ်ဥသစ်ဖုနဲ့ ဟင်းသီးဟင်းရွက်တွေကို စားမှရနိုင်တဲ့အတွက်ကြောင့်ပါပဲ။

ခန္ဓာကိုယ်တွင်းကို ရောဂါပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ ပြန်လည်တိုက်ထုတ်ဖို့အတွက် ကိုယ်ရဲ့ ခုခံအားစနစ်က အကောင်းဆုံး ဖြစ်နေဖို့လိုပါတယ်။ ခုခံအားစနစ်ကို ပံ့ပိုးဖို့ လိုအပ်တဲ့ဓာတ်တစ်ချို့ကို အစိမ်းရောင်၊အဝါရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။

အဝါရောင်ရှိတဲ့ သစ်သီးသစ်ဥတွေထဲမှာ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ရွှေဖရုံသီးတွေ ပါဝင်ပါတယ်။ ဒီနေ့တော့ ဒီလို သစ်သီးသစ်ဥတွေထဲက ရွှေဖရုံသီးရဲ့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အာနိသင်တစ်ချို့ကို ပြောပြပေးသွားချင်ပါတယ်။

 

၁) မျက်လုံးအားကောင်းဖို့ အထောက်အကူပြုပေးတယ်

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို မျက်လုံးကျန်းမာရေးအတွက် စားသင့်တယ်လို့ ပြောတတ်ကြပါတယ်။ ထိုနည်းတူစွာပဲ အဝါရောင်ရှိတဲ့ သစ်သီးသစ်ဥတွေဟာလည်း မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ရွှေဖရုံသီးမှာမျက်လုံး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Beta-carotene တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီ Beta-carotene တွေဟာ ကိုယ်ထဲမှာ မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင်အေကို ပြောင်းသွားပါတယ်။ဗီတာမင် အေဟာ အမြင်အာရုံကောင်းဖို့ကို အားပေးပါတယ်။

ညဘက် ရုတ်တရက်မှောင်သွားတဲ့အခါ ချက်ချင်းမမြင်ရပေမယ့် ခဏတာကြာတဲ့အခါ ပတ်ဝန်းကျင်ကို ပြန်မြင်သလို ဖြစ်တာမျိုးကို ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုအမှောင်ထဲမှာ ပြန်မြင်လာတဲ့ အမြင်အာရုံအခြေအနေကို ကိုယ်တွင်းမှာဖန်တီးနိုင်ဖို့အတွက် ဗီတာမင် အေကိုလိုအပ်ပါတယ်။

ဗီတာမင်အေချို့တဲ့ခဲ့ရင် အမှောင်များပြီး အလင်းရောင်နည်းတဲ့ အခါမျိုးမှာ မမြင်ရတာမျိုးတွေကို ကြုံရပါလိမ့်မယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ကိုယ်မှာရှိတဲ့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နဲ့ တစ်ခြားသောအင်္ဂါတွေ ကျန်းမာဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ရွှေဖရုံသီးကို ဟင်းတစ်ခွက်စာ စားသုံးပေးမယ်ဆိုရင်တော့ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်အေကို လုံလုံလောက်လောက်ရနိုင်မှာပဲ ဖြစ်ပါတယ်။

 

၂) ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်တယ်

ရွှေဖရုံသီးမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေ ပါဝင်ပါတယ်။ ရွှေဖရုံသီးစားခြင်းဖြင့် အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ဖြစ်နိုင်ချေကို အသင့်အတင့်လျော့ချပေးတဲ့ သဘာဝဗီတာမင်အေကို ရနိုင်ပါတယ်။

 

၃) ကိုယ်ခံအားစနစ် ကို အထောက်အကူပြုတယ်

ရွှေဖရုံသီးမှာ ဗီတာမင်အေအပြင် အခြားသောဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်စီ၊ အီး၊ သံဓာတ်နဲ့ folic acid တွေလည်း ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ ကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ကိုယ်တွင်းကို ပိုးမွှားတွေ ဝင်ရောက်တဲ့အခါ ဒါမှမဟုတ် ဒဏ်ရာ အနာတစ်ရဖြစ်တဲ့အခါ မြန်မြန်ပြန်ကောင်းဖို့အတွက် ဒီဓာတ်တွေဟာ ကူညီပေးမှာပဲဖြစ်ပါတယ်။

 

၄) ကိုယ်အလေးချိန် လျှော့ဖို့အတွက် ကူညီပေးနိုင်ပါတယ်

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလိုပဲ ရွှေဖရုံသီးဟာလည်း အမျှင်ဓာတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လိုရီ ပါဝင်မှုနည်းတဲ့အတွက် ခန္ဓာကိုယ်အလေးချိန်တက်တာကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဗိုက်လည်းပြည့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အတွက် စားဖို့သင့်တော်တဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။

တစ်ခုသတိထားရမှာကတော့ ရွှေဖရုံသီးစားတာ ကောင်းတယ်ဆိုပေမယ့် ဒါကို ဆီတွေ အများကြီးသုံးပြီး ချက်မစားမိဖို့တော့ လိုပါလိမ့်မယ်။ Hot pot စားသလို ပြုတ်ပြီးစားမယ်ဆိုရင်တော့ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာ ပိုအကျိုးရှိပါလိမ့်မယ်။

ရွှေဖရုံသီးကို စားခြင်းဖြင့် အပေါ်က ဖော်ပြသွားခဲ့တဲ့ ကျန်းမာရေးအကျိုးအာနိသင်တွေအပြင် တစ်ခြားအကျိုးများစွာလည်း ရနိုင်ပါတယ်။ ဒါကြောင့် ရွှေဖရုံသီး ဟင်းတစ်မည်ကို တစ်နေ့တာ စားသုံးသင့်သလောက် စားပေးမယ်ဆိုရင်တော့ ကျန်းမာရေးကို အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

 

Author: Dr.မွှေး

Previous Post

အိပ်ယာနာ (Bed Sores) ဆိုတာ

Next Post

အကြောပြတ်ရာတွေ အမြန်ဆုံးပျောက်အောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
457
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
382
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Stretch marks disappear as soon as possible

အကြောပြတ်ရာတွေ အမြန်ဆုံးပျောက်အောင်

Factors that will help you know that you need collagen

ကော်လဂျင်ဓာတ် လိုအပ်နေကြောင်း သိနိုင်မယ့် အချက်များ

Good to know about Glutathione

Glutathione အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.