fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Side effects of anal sex
5.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/11/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

စအိုပေါက်ဟာ မစင်စွန့်ဖို့အတွက် သဘာဝတရားက ဖန်တီးပေးထားတာပါ။ လိင်ဆက်ဆံဖို့ရာအတွက် မဟုတ်ပါ။

စအိုဖြင့် လိင်ဆက်ဆံတယ်ဆိုတာဟာ မစင်စွန့်တဲ့ စအိုပေါက်ထဲကို လိင်တံထိုးသွင်းဆက်ဆံခြင်းအပြင် လက်ချောင်းထိုးသွင်းဆက်ဆံတာ၊ လျှာနဲ့ဆက်ဆံတာ၊ Sex toys တွေထိုးသွင်းဆက်ဆံတာ စသဖြင့်ပါဝင်ပါတယ်။

စအိုဖြင့် လိင်ဆက်ဆံခြင်းကို အရင်ခေတ်က လိင်တူဆက်ဆံကြတဲ့ မိန်းမလျာအမျိုးသားတွေ အများဆုံးပြုလုပ်လေ့ရှိပါတယ်။ အခုဒီဘက်ခေတ် အင်တာနက် တွင်ကျယ်စွာသုံးနိုင်ချိန် မှာတော့ အင်တာနက်ပေါ်က အပြာဝက်ဆိုဒ်တွေ အပြာကားတွေ အလွယ်တကူကြည့်လို့ရလာတဲ့အတွက် အဲ့ဒါတွေကြည့်ပြီး လိင်မတူဆက်ဆံတဲ့ စုံတွဲတွေ အတော်များများလည်း အတတ်စမ်းကာ ပြုလုပ်ကြပါတယ်။

စအိုနဲ့ လိင်ဆက်ဆံတဲ့အခါမှာ စအိုကြွက်သားတွေရဲ့ ညှစ်အားဟာ မိန်းမကိုယ်မွေးလမ်းကြောင်းကြွက်သားတွေ ညှစ်အားထက် ပိုအားကောင်းတာကြောင့် မိန်းမကိုယ်နဲ့ ဆက်ဆံတာထက် ပိုသာယာမှုကို ခံစားရနိုင်တယ်။

မိန်းမကိုယ်နဲ့ ဆက်ဆံတာ မဟုတ်တဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူးလို့ အတော်များများကထင်မြင်နေကြပါတယ်။

စအိုဖြင့် လိင်ဆက်ဆံခြင်းဟာ ဓမ္မတာအတိုင်း (သဘာဝအတိုင်း) မူမှန် လိင်ဆက်ဆံခြင်းမဟုတ်တဲ့အတွက် မူမှန်သဘာဝအတိုင်း မိန်းမကိုယ်နဲ့ လိင်ဆက်ဆံတာနဲ့ယှဉ်ရင် ရလာနိုင်တဲ့ဆိုးကျိုးတွေကလည်းအများကြီးရှိပါတယ်။

 

ဒါကြောင့် ဒီတပတ်မှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဖြင့် ရလာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ရေးသားတင်ပြချင်ပါတယ်။

စအိုလမ်းကြောင်းဟာ မိန်းမကိုယ်လမ်းကြောင်းလို လိင်ဆက်ဆံတဲ့အခါ ချော့မွေ့ပြီး ပွတ်တိုက်မှုနည်းအောင် သဘာဝချောဆီမထုတ်နိုင်တဲ့အတွက် စအိုနဲ့ လိင်ဆက်ဆံတဲ့အခါ စအိုမှာ စုတ်ပြဲဒဏ်ရာရတာ၊ သွေးထွက်တာတွေဖြစ်လွယ်ပြီး လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်သောရောဂါများဖြစ်တဲ့ ကာလာသားရောဂါ၊ အိတ်အိုင်ဗီပိုး၊ ဘီပိုး၊ စီပိုးရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ ရေယုန်ရောဂါ၊ ဆီးပူညောင်းကျ ရောဂါစတာတွေ ကူးစက်နိုင်ပါတယ်။

စအိုကနေ လိင်ဆက်ဆံခံရတာ အကြိမ်ရေများလာပါက စအိုကြွက်သားတွေအားနည်းပြီး ဝမ်းမထိန်းနိုင်တာ၊ စအိုကျွံတာ၊ လိပ်ခေါင်းရောဂါအခံရှိရင် ရောဂါပိုဆိုးလာတာတွေ ဖြစ်နိုင်ပါတယ်။ စအိုကင်ဆာဖြစ်နိုင်ခြေလည်း ပိုများနိုင်ပါတယ်။ ခြုံပြောရရင်တော့ စအိုနဲ့ လိင်ဆက်ဆံတဲ့အခါ ဆက်ဆံခံရတဲ့သူက ဆက်ဆံတဲ့သူထက် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်နိုင်ခြေပိုများပါတယ်။

ဆက်ဆံတဲ့သူအနေနဲ့ ဘာကျန်းမာရေးဆိုးကျိုးမှမရှိတာတော့ မဟုတ်ပါဘူး။ သုတေသနတွေအရ အိတ်အိုင်ဗီပိုးဟာ သွေးထဲမှာထက် စအိုလမ်းကြောင်းမှာရှိတဲ့ အကျိအချွဲထဲမှာ ပိုများစွာပါတတ်တဲ့အတွက် စအိုကနေ လိင်ဆက်ဆံခြင်းဖြင့် အိတ်အိုင်ဗွီ ပိုး ကူးစက်နိုင်ခြေဟာ ပုံမှန်မိန်းမကိုယ်ကနေ လိင်ဆက်ဆံခြင်းထက် အဆ ၃၀ နီးပါး ပိုများကြောင်းသိရပါတယ်။

စအိုကနေ လိင်ဆက်ဆံတဲ့အတွက် ကိုယ်ဝန်ရဖို့ စိုးရိမ်ဖို့မလိုဘူးလို့ အများထင်နေကြတာကလည်း ၁၀၀ ရာခိုင်နှုန်းမမှန်ပါ။ စအိုပေါက်နဲ့ မိန်းမကိုယ်ပေါက်ဟာ နီးကပ်စွာတည်ရှိတာကြောင့် မတော်တဆ သုတ်ရည်တွေမိန်းမကိုယ်ထဲရောက်သွားတာတွေဖြစ်ပြီး ကိုယ်ဝန်ရနိုင်ပါတယ်။

ဒီလိုပြောတဲ့အခါ တချို့တွေအနေနဲ့ ကွန်ဒုံးသုံးဆက်ဆံရင်၊ ချောဆီသုံးဆက်ဆံရင်ရော ဒီအချက်တွေကို မကျော်လွှားနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ ၁၀၀ ရာခိုင်နှုန်းကျော်လွှားဖို့တော့ မလွယ်ပါ။ ဘာလို့လဲဆိုတော့ စအိုလမ်းကြောင်းဟာ မိန်းမကိုယ်လမ်းကြောင်းမဟုတ်တဲ့အတွက် ချောဆီမထွက်တာရယ်၊ စအိုကြွက်သားတွေက ညှစ်တဲ့ဒဏ်ရယ်၊ လမ်းကြောင်းကျဉ်းတာရယ်တွေ စတာတွေကြောင့် ချောဆီနဲ့ ကွန်ဒုံးသုံးသည့်တိုင်အောင် ကွန်ဒုံးပေါက်တာ၊ပြဲတာ၊ ကျွတ်တာ ဖြစ်နိုင်ခြေတွေရှိတတ်လို့ပါ။

ဒါကြောင့် အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ ဆက်ဆံခံရသူရော ဆက်ဆံတဲ့သူရောမှာဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေများတဲ့အတွက် ရှောင်တာအကောင်ဆုံးပါပဲ။ မရှောင်နိုင်ရင်တော့ ကွန်ဒုံးသုံးပါ။ ချောဆီသုံးပါ။

ချောဆီသုံးတဲ့အခါမှာ သတိထားရမှာက သုံးတဲ့ချောဆီဟာ ရေကိုအခြေခံထုတ်ထားတဲ့ (Water Based Lubricants) အမျိုးအစားဖြစ်ရပါမယ်။ အဲ့လိုမဟုတ်ဘဲ ရေနံကို အခြေခံထုတ်ထားတဲ့ Petroleum jelly, Mineral oil တွေသုံးမယ်ဆိုပါက အဲ့ချောဆီတွေက ရာဘာနဲ့လုပ်ထားတဲ့ ကွန်ဒုံးကိုပျက်စီးစေပြီး ကိုယ်ဝန်ရတာ၊ လိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရတာမျိုးတွေ ပိုဖြစ်နိုင်လို့ပါ။

 

Author: Dr 528

Previous Post

သကြားနှင့် ကင်ဆာ

Next Post

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
806
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Women and menopause

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

How do people over 40 stay healthy?

40 ကျော် အရွယ်တွေ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ?

Hormonal changes and acne problems

ဟော်မုန်းအပြောင်းအလဲနှင့် ဝက်ခြံပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.