fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

Women and menopause
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/11/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အသက် ၄၅ မှ ၅၅ နှစ်ကြား အမျိုးသမီးတွေဟာ များသောအားဖြင့် အမျိုးသမီးဟော်မုန်းပမာဏ လျော့နည်းလာတာကြောင့် ရာသီသွေး လစဉ်မလာတော့ဘဲ တစ်လပြီးတစ်လကြာတဲ့အခါ အပြီးတိုင် ရပ်တန့်သွားကြပါတယ်။ ဒီလိုအသက်အရွယ်ကြီးလာလို့ လစဉ်ရာသီမလာတော့တာကို သွေးဆုံးကိုင်တယ်လို့ သတ်မှတ်ကြပါတယ်။

ဒီလိုသွေးဆုံးကိုင်ခြင်းဟာ အထက်ဖော်ပြပါ အသက်အရွယ် ထက်စောပြီး သဘာဝအရ ဖြစ်ပေါ် နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့သော ခွဲစိတ်မှုတွေ (သားအိမ်ထုတ်၊ သားဥအိမ် ထုတ်ထားရခြင်း) ကင်ဆာဆေး သွင်းရတဲ့သူတွေနဲ့ မျိုးရိုးဗီဇတွေအပေါ်လဲ မူတည်နေပါသေးတယ်။ တစ်ခါတစ်ရံတော့ အကြောင်းအရင်း တိတိပပမရှိဘဲနဲ့လဲ စောပြီးသွေးဆုံးကိုင်နိုင်ကြောင်း တွေ့ရှိရပါတယ်။

သွေးဆုံးကိုင်တယ်ဆိုတာ ရာသီလုံးဝမလာတာ အနည်းဆုံးတစ်နှစ်ရှိမှသာ သတ်မှတ်တာပါ။ ဒီလိုမျိုး သွေးဆုံးမကိုင်ခင် သွေးဆုံးခါနီးနဲ့ သွေးဆုံးကိုင်တဲ့အချိန်မှာ မိမိဘာသာတောင် သတိမထားလိုက်မိဘဲ ခံစားရတာတွေ ရှိနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရတာလဲဆိုရင်

  • ရာသီသွေးလာတာ နည်းလိုက်၊ များလိုက်၊ လာတဲ့ရက်ကြာရှည်လိုက်၊ ရက်တိုလိုက် ပုံမမှန်တော့တာ၊
  • အကြောင်းအရင်း တိတိပပမရှိဘဲ စိတ်ညစ်၊ စိတ်ပူနေတတ်တာ၊
  • တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ပူနေတတ်တာ၊
  • ညဖက်အိပ်မပျော်တာ၊
  • ရင်တုန်ပြီး ကိုယ်တွေ လက်တွေ ကိုက်ခဲနေတတ်တာ၊
  • အရေပြားတွေ ခြောက်သွေ့ပြီး ယားတာ၊
  • လိင်ပိုင်းဆိုင်ရာ စိတ်ပါမှုစေ့ဆော်နိုင်မှု အားနည်းလာတာ၊
  • မိန်းမကိုယ် ယားယံတာ၊ ခြောက်သွေ့တာကြောင့် အမျိုးသားနဲ့ အတူနေရင် နာကျင်မှုခံစားရတာ၊ အတူနေချိန် အဆင်မပြေတော့တာ၊
  • ဆီးလမ်းကြောင်း ခဏခဏ ပိုးဝင်တတ်တာ ၊
  • စိတ်ဓာတ် အတက်အကျ အရမ်းမြန်တာ၊
  • ဘယ်အရာကိုမှ ကောင်းကောင်း အာရုံမစိုက်နိုင်ဘဲ အတွေးတွေ ရှုပ်ထွေးနေတတ်တာ၊
  • တစ်ခုခုဆို အရမ်းမေ့လွယ်တာစတဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးပြောင်းလဲမှုတွေကို အတွေ့ရများလာပါတယ်။

 

ဒီလိုမျိုး ခံစားရတာတွေဟာ လချီ၊ နှစ်ချီ ကြာတတ်ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက် ကြာပုံချင်းလဲ မတူညီကြပါဘူး။ အရမ်းဆိုးလာရင် အလုပ်အကိုင်နဲ့ ပေါင်းသင်းဆက်ဆံရေး relationship၊ မိသားစုဘဝ တွေအထိပါ ကြီးမားစွာ သက်ရောက်စေပါတယ်။ ဒီလိုမျိုးအဖက်ဖက်က အရေးကြီးတဲ့အတွက် မပေါ့ဆဘဲ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာရန် ဖော်ပြပေးလိုက်ရပါတယ်။

 

ဆောင်ရန်

ပုံမှန်အိပ်စက်ကာ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပြီး များများအနားယူပေးပါ။ သွေးဆုံးကိုင်ရင် အရိုးပွ၊ အရိုးကျိုးလွယ်တဲ့အတွက် အရိုးအားဖြည့်သန်မာစေတဲ့ ကယ်လ်စီယမ်ပါဝင်သော နွားနို့၊ ဒိန်ချဉ်၊ ကိုက်လန်ကဲ့သို့သော အစားအစာများ စားသုံးပေးပါ။ လေ့ကျင့်ခန်းကို အချိန်ပေးပြီး ပုံမှန်လုပ်ပါ။ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းများနဲ့ အချိန်ပေးပါ။ စိတ်အပန်းပြေစေတဲ့ အရာတွေဖြစ်တဲ့ တရားထိုင်၊ ယောဂကျင့်တာတွေလဲ ပြုလုပ်လို့ရပါတယ်။

ရှောင်ရန်

ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

သွေးဆုံးမကိုင်ခင် သွေးဆုံးခါနီးနဲ့ သွေးဆုံးကိုင်တဲ့အချိန်မှာဖြစ်တဲ့ လက္ခဏာတွေဟာ အီစထရိုဂျင် ပရိုဂျက်စထရုန်း ဟော်မုန်းများ လျော့နည်းသွားပြီး မညီမမျှ ဖြစ်မှုတွေကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

  1. ) မိမိရဲ့ ရောဂါ အခြေအနေပေါ် မူတည်ပြီး ဟော်မုန်းအစားထိုး ဖြည့်ဆည်းပေးသော ကုသမှု
  2. ) လိင်ပိုင်းဆိုင်ရာ စေ့ဆော်မှု အားနည်းလာခြင်းအတွက် testosterone gelနဲ့ ကုသမှုခံယူခြင်း၊
  3. ) မိန်းမကိုယ် ခြောက်သွေ့ပြီး နာကျင်မှုအတွက် မိန်းမကိုယ်ထဲ ထည့်သွင်း၍ရသော oestrogen ပါဝင်တဲ့ ဆေးပြား၊ cream၊ ကွင်း များ အသုံးပြု၍ ကုသခြင်း၊
  4. ) ညဖက် ချွေးစီးပြန်၍ အိပ်မပျော်ခြင်းများနဲ့ တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ပူနေခြင်းများအတွက် ကုသမှုများ၊
  5. ) စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေး ပြောင်းလဲမှုတွေ အတွက် စိတ်ဓာတ်ကျခြင်းကို သက်သာစေတဲ့ ဆေးများနဲ့ သေချာစွာနှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်းများ ပြုလုပ်နိုင်ပါတယ်။

အမျိုးသမီးမှန်သမျှ အနည်းနဲ့အများ သွေးဆုံးကိုင်ဝေဒနာ ခံစားရမှာဖြစ်လို့ ရှောင်လွှဲ၍ မရပါ။ ဒါ့ကြောင့် မိမိစိတ်ကို သေချာပြင်ဆင်ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာကာ သွေးဆုံးကိုင် ဝေဒနာဆိုးရွားစွာ ခံစားလာရပါက ဆေးမြီးတိုများနောက်မလိုက်ဘဲ ကျွမ်းကျင်သူဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုအမြန်ခံယူသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

 

Author: Dr.Yee Mon

Previous Post

စအိုဖြင့် လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Next Post

40 ကျော် အရွယ်တွေ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

3 months ago
500
To go through menopause normally

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

4 months ago
657

အပျိုအအို ခွဲခြားလို့ရလား?

4 months ago
3.5k
About the mistakes of not having children yet

ကလေးမရနိုင်သေးခြင်းရဲ့ အမှားများအကြောင်း

6 months ago
1.4k
Women and osteoporosis

အမျိုးသမီးနှင့် အရိုးပွဝေဒနာ

6 months ago
543
Uterus and cysts

သားအိမ်နှင့် အလုံးအကျိတ်

6 months ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
How do people over 40 stay healthy?

40 ကျော် အရွယ်တွေ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ?

Hormonal changes and acne problems

ဟော်မုန်းအပြောင်းအလဲနှင့် ဝက်ခြံပြဿနာ

Do you go to bed late at night and have a lot of sleepless nights?

ညဖက်တွေမှာ အိပ်ယာဝင်နောက်ကျပြီး အိပ်ရေးပျက်တဲ့ရက်တွေ များနေပြီလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.