fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အရိုးအဆစ်တွေကြီးထွားဖွံ့ဖြိုးဖို့ ကယ်လ်ဆီယမ်ကဘယ်လောက်အရေးပါလဲ?

276
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/07/2023
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကယ်လ်ဆီယမ် Calcium ဟာ ခန္ဓာကိုယ်ထဲမှာ အထူးသဖြင့် အရိုးနဲ့သွားတွေမှာ တွေ့ရအများဆုံး သတ္တုဓာတ်တစ်မျိုးပါ။ အရိုးအဆစ်တွေ ကြီးထွားသန်မာဖို့၊ ကြွက်သားတွေ သန်မာဖို့နဲ့ နှလုံးညှစ်အား ကောင်းနိုင်ဖို့ ကယ်လ်ဆီယမ်က အရေးပါပါတယ်။

ကလေးငယ်တွေ အရိုးအဆစ် ကြီးထွားဖွံ့ဖြိုးပြီး အရပ်ရှည်ချင်ရင် ကယ်လ်ဆီယမ် လုံလောက်ဖို့ လိုအပ်ပါတယ်။ အရပ်အမောင်းကို မျိုးရိုးဗီဇ Genetics က ၈၀% ဆုံးဖြတ်ပေးတယ် ဆိုပေမယ့် ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝမှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ လုံလောက်စွာ ရခဲ့ရင် မိဘတွေထက် အရပ်ရှည်နိုင်ခြေ ရှိပါတယ်။

အရိုးအဆစ်တွေအတွက် ကယ်လ်ဆီယမ်က ဘာလုပ်သလဲ?

အရိုးတစ်ရှူးအသစ်တွေ ပြုလုပ်တဲ့အခါ အရင်ဆုံး ကော်လာဂျင်နဲ့ ပုံစံချပါတယ်။ အဲဒီနောက်မှာ သေးငယ်တဲ့ ကယ်လ်ဆီယမ် အမှုန်လေးတွေကို ချောင်ကြိုချောင်ကြားနဲ့အပေါက်ငယ်လေးတွေပါမကျန် လိုက်ဖြည့်ပြီး ကော်လာဂျင်နဲ့ ကယ်လ်ဆီယမ်ရဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုကြောင့် အရိုးအသစ်တွေ ဖြစ်ပေါ်လာစေပါတယ်။ ကယ်လ်ဆီယမ်ဟာ အသက်ကြီးသူတွေမှာ အရိုးပါး၊ အရိုးပွရောဂါမရအောင်လည်း ကာကွယ်ပေးပါတယ်။

နေ့စဉ်ကျောက်ကပ်နဲ့ အူတွေမှတစ်ဆင့် (ဆီးသွားဝမ်းသွားရာက) ကယ်လ်ဆီယမ် အများစု ဆုံးရှုံးမှု ရှိသလို ချွေးထွက်တာ၊ ဆံပင်ကျွတ်တာနဲ့ ခြေသည်းလက်သည်းညှပ်တာကနေလည်း ပမာဏ အနည်းငယ် ဆုံးရှုံးမှု ရှိပါတယ်။

နေ့စဉ်ကယ်လ်ဆီယမ်လိုအပ်တဲ့ ပမာဏတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

• မွေးစကနေ ၆ လ အထိ… 200 mg/dl
• ၇ လကနေ ၁ နှစ်…260 mg/dl
• ၁ နှစ်ကနေ ၃ နှစ်…500-700 mg/dl
• ၄ နှစ်ကနေ ၈ နှစ်…800-1000 mg/dl
• ၉ နှစ်ကနေ ၁၈နှစ်…1000-1300 mg/dl
• ၁၉ နှစ်ကနေ ၅၀နှစ်…800-1000 mg/dl
• အသက် ၅၀ အထက် အမျိုးသား…800-1000 mg/dl
• အသက် ၅၀ အထက် အမျိုးသမီး…1000-1200 mg/dl
• ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်…1300 mg/dl

တစ်နေ့ကို ကယ်လ်ဆီယမ် ပမာဏ 2000 mg/dl ထက် ပိုမိုခဲ့ရင်တော့ ကျောက်ကပ်အတွက် အန္တရာယ်ရှိသလို ကျောက်လည်းတည်နိုင်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို လုံလောက်အောင် မရခဲ့ရင် အရိုးထဲမှာ သိုလှောင်ထားတဲ့ ကယ်လ်ဆီယမ်တွေကို ဆွဲယူသုံးစွဲရတဲ့အတွက် အရိုးသိပ်သည်းဆ နည်းလာပြီး အရိုးပါး၊ အရိုးပွကာ အရိုးကျိုးလွယ်သလို ကလေးတွေမှာလည်း အရိုးကြီးထွားမှုပါ နည်းလာပြီး အရပ်မရှည်တော့တာ၊ အရိုးနဲ့ သွားတွေ ကြံ့ခိုင်မှုနည်းတာတွေ ဖြစ်လာမှာပါ။

ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့…

• နို့ထွက်ပစ္စည်းတွေ (နို့၊ ဒိန်ချဉ်၊ဒိန်ခဲစသည်)
• အစိမ်းရောင် အရွက်တွေ (ဟင်းနုနွယ်၊ ဘရိုကိုလီ၊ ​ဂေါ်ဖီ၊ ကညွတ်၊ ဆလတ်ရွက်)
• ပဲအမျိုးမျိုး၊ အစေ့အဆန်နဲ့ တို့ဟူးတွေ
• ဆယ်လ်မွန်ငါးနဲ့ ငါးသေတ္တာငါး
• လိမ္မော်သီး၊ ဘလက်ဘယ်ရီသီးနဲ့ ဗာဒံစေ့ စတာတွေကို နေ့စဉ်ပါဝင်အောင် စားဖို့လိုပါတယ်။

အစားအစာတွေကနေ ကယ်လ်ဆီယမ်ကို လုံလောက်အောင် မစားနိုင်ရင် ဖြည့်စွက်စာအနေနဲ့ သောက်သုံးလို့လည်း ရပါတယ်။နိုင်ငံတကာအဆင့်မီ သန်မာထွားကြိုင်းဖို့နဲ့ ကျန်းမာကြံ့ခိုင်စွာ အိုမင်းနိုင်ဖို့ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်တဲ့ ကယ်လ်ဆီယမ်ကို နေ့စဉ်လုံလောက်အောင် ဖြည့်တင်းကြဖို့ အခုကစပြီး အလေးထားကြပါစို့နော်။

Author: Dr.Yee Mon

Previous Post

အမျိုးသားနှင့် ဆီးကျိတ်ကျန်းမာရေး

Next Post

ဓမ္မတာသွေးဆင်းချိန် သတိပြုရမည့်အချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
600

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
557
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဓမ္မတာသွေးဆင်းချိန် သတိပြုရမည့်အချက်များ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

သွေးလည်ပတ်မှုအားကောင်းစေမယ့် Korean Ginseng အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.